အီရတ်ကူးတို့သင်္ဘောမှောက်မှု ၉၄ ဦးထက်မနည်း သေဆုံး
အီရတ်နိုင်ငံ Mosul မြို့နားက Tigris မြစ်ထဲမှာ ခရီးသည် မတန်တဆတင်ဆောင်လာတဲ့ ကတို့သင်္ဘောတိမ်းမှောက်ခဲ့လို့ ၉၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ Kurd လူမျိုးတို့ရဲ့ နှစ်သစ်ကူးပွဲတော်နဲ့ အမေများနေ့ကို ဆင်နွဲကြသူခရီးသည် ၁၈၀ ကျော် ကတို့သင်္ဘောပေါ်မှာ ပါသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူအများစုက ရေစီးသန်တဲ့ကြားမှာ ရေကူးနိုင်ဖို့အခက်အခဲရှိကြတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။ လောလောဆယ်အထိ သေဆုံးသူ ၉၄ ယောက်မှာ ကလေး ၁၉ ယောက်နဲ့ အမျိုးသမီး ၆၁ ယောက်ဖြစ်ကြပါတယ်။ ၅၅ ယောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတာကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ သတင်းအပြည့်အစုံ - /a/iraq-ferry/4842567.html
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ နိုဝင်ဘာ၊ ၂၀၂၄
ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့
-
၁၆ နိုဝင်ဘာ၊ ၂၀၂၄
စစ်ဘေးကြောင့် ပါလက်စတိုင်း စီးပွားရေး အကြပ်အတည်း
-
၁၅ နိုဝင်ဘာ၊ ၂၀၂၄
အမေရိကန်ထောက်လှမ်းရေးအဖွဲ့အကြီးအကဲသစ်များ ထရမ့်ကြေညာ
-
၁၃ နိုဝင်ဘာ၊ ၂၀၂၄
နှင်းမဲ့နေတဲ့ ဖူဂျီတောင်
-
၁၃ နိုဝင်ဘာ၊ ၂၀၂၄
အမေရိကန်၊ အင်ဒိုနီးရှားနဲ့ တောင်တရုတ်ပင်လယ်အရေး
-
၁၁ နိုဝင်ဘာ၊ ၂၀၂၄
အစ္စရေးနဲ့ ဟားမက်စ် အပစ်ရပ်ရေး စေ့စပ်ညှိနှိုင်းမှု ကာတာယာယီရပ်ဆိုင်း