ကန့်ဘလူမြို့နယ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပိုမိုအလှမ်းဝေးသွားတဲ့ မြန်မာ့ပဋိပက္ခ ပြေလည်ရေးကို နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အင်ဒိုနီးရှားဦးဆောင်တဲ့ အာဆီယံက ကိုင်တွယ်နိုင်ပါအုံးမလား။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဉ်မှာ မမြဇင်အောင်က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။
အခုဆက်လက်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ ဘယ်လိုများသုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအာဘော်မပျက် ပြောပြမှာဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်လာတာနဲ့အမျှ နက်ရှိုင်းတဲ့ အတိဒုက္ခ ကြုံနေလာရချိန်မှာ ပြည်သူတချို့က နိုင်ငံတကာ အကူအညီကို တောင့်တလာကြသလို တချို့ကလဲ အားမလိုအားမရ ဖြစ်နေကြပါတယ်။ မြန်မာ့ပဋိပက္ခ ပြေလည်ရေးအတွက် နိုင်ငံတကာက ဘာလုပ်ပေးနိုင်မလဲ။ ဦးကျော်ဇံသာ,ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
အမေရိကန်ပြည်ထောင်စု နဲ့ ဗြိတိန်နိုင်ငံတို့က Australia ကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ရောင်းချရေး အစီအစဉ်အပေါ် မြန်မာအပါအဝင်အာဆီယံ နဲ့အင်ဒိုပစိဖိတ် ဒေသတွင်းနိုင်ငံတွေက ဘယ်လိုသဘောထားကြပါသလဲ။
ယူကရိန်းပဋိပက္ခ ပြေလည်ရေးအတွက် လောလောဆယ်မှာ ထိရောက်မှု မတွေ့ရသေးတဲ့ တရုတ်သမ္မတရဲ့ အကြံပြုချက်တွေဟာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းအပေါ် ရိုက်ခတ်မှု တစုံတရာ ရှိနိုင်ပါသလား။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
ဒီဖမ်းဝရမ်း လက်တွေ့ အလုပ်ဖြစ်လာနိုင်တဲ့ အလားအလာ ဘယ်လောက်ရှိပါသလဲ။ အခုတပတ် "အယ်ဒီတာရဲ့ သုံးသပ်ချက်" အစီအစဉ်မှာ ဦးကျော်ဇံသာ ကိုမမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
လူထုရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းလို့ ဖြစ်လာခဲ့တဲ့ မြန်မာအကျပ်အတည်းအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစူးစိုက်မှု သိပ်မရှိလှပါဘူး။ ယူကရိန်းကိုသာ ပိုမိုဦးစားပေးနေကြတယ်လို့ ယူဆသူတချို့လည်း ရှိနေပါတယ်။
မြန်မာ့ပြဿနာ ပြေလည်ရေးအတွက် ဘာမှမတတ်နိုင်ဖြစ်နေတဲ့ အာဆီယံဟာဥက္ကဋ္ဌသစ် အင်ဒိုနီးရှားရဲ့ ဦးဆောင်မှုအောက်မှာ ပိုမိုအစွမ်းထက်လာနိုင်သလား ဆိုတာ ကြည့်ကြရအောင်ပါ။ ။ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
ဝါရှင်တန်မြို့တော်မှာ NUG ရုံးဖွင့်လှစ်ပြီး အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် တက်ရောက်ချီးမြှင့်တဲ့အထိ NUG ရဲ့ တိုးတက်အောင်မြင်မှုအပေါ် တရုတ်နိုင်ငံက ဘဝင်ကျပါရဲ့လား။ ယခင် NCGUB အဝေးရောက်အစိုးရအဖွဲ့ဝင်လည်းဖြစ်တဲ့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေနဲ့ ဦးကျော်ဇံသာ ဆွေးနွးသုံးသပ်ထားပါတယ်။
ကုလသမဂ္ဂနဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ခံအားပေးမှုတွေ ဘယ်လောက်ထိ မှိခိုအားထားလောက်ပါသလဲ။ မြန်မာ့အရေးကို မျက်ခြေမပြတ် အနီးကပ်စောင့်ကြည့် သုံးသပ်နေတဲ့ David Mathiason နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
၂ နှစ်အကြာ စစ်တပ်ရဲ့ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှုအတိုင်းအတာနဲ့ တိုင်းပြည်ရဲ့ ရှေ့အလားအလာတွေကို မြန်မာ့အရေး အနီးကပ်သုံးသပ်သူတွေဖြစ်ကြတဲ့ ဦးရဲထွန်း၊ ဦးဖေသန်း၊ ဦးအောင်သူငြိမ်းတို့နဲ့ စစ်အာဏာသိမ်း အထူးအစီအစဉ်အဖြစ် ဦးကျော်ဇံသာ ဆွေးနွေးထားတဲ့ အပိုင်း (၂) ကို ရှုစား နားဆင်နိုင်ကြပါပြီ။
နိုင်ငံတကာအကူအညီဆိုတဲ့ မက်လုံးတွေ ပုံအောပြီး၊ ယုံကြည်အားကိုးသင့်ပါသလား။ ဆင်ခြင်သင့် ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်တာတွေ ဘာတွေရှိပါသလဲ၊ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းဆောင်းပါးတချို့ကို ဦီးကျော်ဇံသာ မူရင်းအာဘော်မပျက် စုစည်းတင်ပြထားတာကို ကြည့်ရှု့နိုင်ပါတယ်။
၂၀၂၃ မှာကော စစ်ကောင်စီကို တွန်းလှန်ဖယ်ရှားရေးအတွက် နိုင်ငံတကာအနေနဲ့ လက်နက်ပစ္စည်းအကူအညီတွေ ပေးလာနိုင်တဲ့ အခြေအနေ ရှိပါသလား။ ပါမောက္ခမီမီဝင်းဘတ်(ထ်) နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုအတွက် တကယ်လိုအပ်တဲ့ အမျိုးသားရေးဝါဒက ဘယ်လို ဖြစ်သင့်ပါသလဲ။ ဖြစ်နိုင်ခြေ ဘယ်လောက် ရှိပါသလဲ။ နိုင်ငံရေးသုံးသပ်သူ ဆောင်းပါးရှင် စိုင်းဝမ်ဆိုင်း နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်