မြဝတီမြို့မှာ တိုက်ပွဲဖြစ်လို့ ပိတ်ထားခဲ့တဲ့ မြဝတီ-မဲဆောက် တံတားအမှတ် (၁) ကို ဒီနေ့ ဧပြီ ၂၇ ရက်မှာ မြန်မာဘက်က ပြန်ဖွင့်ပေးလိုက်ပါတယ်။ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို လာရောက်ခိုလှုံခဲ့သူတွေ နေရပ်ပြန်ဖို့ လုပ်နေကြတဲ့အကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီ ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/PDF ပူးပေါင်းတပ်တွေအကြား မနေ့ ဧပြီလ ၂၅ ရက်ညက တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ဘေးရှောင် ပြည်သူတွေဟာ နယ်ခြား သောင်ရင်းမြစ်အနီးကို ထွက်ပြေး လာကြရပါတယ်။
"ဒီနေ့ပြန်တာကတော့ ကျွဲခြံနေရာက ၂,၀၀၀ လောက်ရှိတဲ့ဒုက္ခသည်က။ အရင်နေ့ကလည်း ပြန်ကြတယ်။ လူ ၅၀၀ ကျော်လောက်က ဒီနေ့ နေ့လည် ၁၂ နာရီလောက် အကုန်လုံးပြန်ုပို့လိုက်တယ်။ ကျနော်တို့သိသလောက်ကတော့ ထိုင်းဘက်ခြမ်းမှာတော့ မကျန်တော့ဘူး။"(စစ်ဘေးရှောင်ကူညီသူတဦး)
"သိက္ခာမကျသွားအောင် စစ်တပ်က အဲဒီ (ခလရ ၂၇၅ စခန်းကုန်း) မှာ အလံ တက်ထောင်လို့ရပြီ ဆိုပြီး နှစ်ယောက် သုံးယောက်လောက်က တက်ထောင်လိုက်တာပဲ။ စစ်တပ်က တံတားအောက်ကိုရောက်ပြီးကတည်းက အဲဒီကုန်းမှာ တယောက်မှလည်း မထိုင်ရဲတော့ဘူး။ အဲဒီကုန်းပေါ်မှာအလံထောင်လို့ရပြီဆိုပြီးတော့ အလံပဲသွားထောင်တာပါ။" (ဒေသခံ)
စစ်ကောင်စီတပ်တွေနဲ့ KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဦးဆောင်တဲ့ပူးပေါင်းတပ်တွေ ကြား တိုက်ပွဲလျော့ကျလာတဲ့အတွက် အမှတ်(၂) ချစ်ကြည်ရေးတံတားနားမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဒီကနေ့ ဧပြီလ ၂၂ရက်နေ့မနက်ပိုင်းမှာနေ ရပ် ပြန်သွားကြကြောင်း စစ်ဘေးရှောင်ကူညီနေတဲ့ ဦးဇော်ထွန်းက ဗွီအိုအေကိုပြောပါတယ်။
မြဝတီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး ချစ်ကြည်ရေးတံတား၂ နားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရှင်းလင်းနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ တနေ့လုံးတိုက်ခိုက်နေပြီး စနေညပိုင်းအထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ နယ်စပ်နေပြည်သူတဦးကပြောပြပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ ပြည်သူကာကွယ်ရေး PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား ဧပြီလ ၂၀ ရက်နေ့ညက ညလုံးပေါက် တိုက်ပွဲကြောင့် မြဝတီမြို့ကနေ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည် ထောင်နဲ့ချီ ရှိနေပါတယ်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်-မြဝတီကုန်သွယ်ရေး အဓိကလုပ်တဲ့ ချစ်ကြည်ရေးတံတား (၂) မြဝတီဘက်ခြမ်းမှာ ခိုအောင်းနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KNLA မဟာမိတ်တပ်တွေ စီးနင်းတိုက်ခိုက်ပြီး အပြီးသတ်ရှင်းလင်းနိုင်ပြီလို့ KNLA /PDF ပူးပေါင်းတပ်တွေကပြောပါတယ် ။
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားပြီး ထိုင်းမြန်မာချစ်ကြည်ရေးတံတားအနီးက လက်နက်မချသေတဲ့ ခလရ ၂၇၅က စစ်သားတွေကို ဧပြီလ ၁၉ရက်နေ့ညက ဒရုန်းတွေနဲ့ ဒုတိယအကြိမ်မြောက်ပစ်ခတ်ခဲ့တာပါ။
"ဖမ်းမိခဲ့တဲ့ဘတ်သန်း ၈၀ ဟာ ထိုင်းနိုင်ငံမှာ အခြေစိုက်ထားတဲ့ Hybrid Scam အွန်လိုင်း လိမ်လည်ဂိုဏ်းကငွေတွေဖြစ်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကနေတဆင့် မြန်မာနိုင်ငံအထိ ယူဆောင်သွားစဉ် ရဲထိုင်းတပ်ဖွဲ့က မြန်မာနိုင်ငံအတွင်းမရောက်ခင် ကြားဖြတ် ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်။" (ဒု-ရဲချုပ် Worawat nakornbancha)
"၃၃ နှစ်အရွယ် ကိုဇော်ဝင်းမြင့်ကိုတော့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးပြီး သတ်သွားတယ်။ ခလရ ၂၆၄ တပ်ရင်းကပဲ အနားဘောက် ကျေးရွာသား ၄ ဦးကိုလည်းဖမ်းဆီးပြီး သတ်သွားတယ်။ သူတို့ကတော့ ကိုဖိုးစော၊ မောင်ဇော်မင်းသိန်းနဲ့အခြား သူ ၂ ဦး၊ အားလုံး ၅ ဦးကို အကြောင်းမဲ့ သတ်သွားတယ်။”(ဒေသခံ)
"(သူးမွဲထ) သံလွင်-သောင်းရင်းမြစ်ဆုံပေါ့။ အရင်ကတော့ ဒီဘက်က ခဏခဏသွားပစ်တာလည်းရှိတယ်။ ရိက္ခာလည်း ပို့မရတာကြာပြီ။ စခန်းကကြီးတယ်။ အတော်လေးလည်း အချက်အခြာကျတယ်။ ဆုတ်ခွါတယ်ဆိုတာကတော့ သူတို့က ရိက္ခာလည်းမရ။ စစ်ကူလည်းလာလို့မရတဲ့အတွက်လည်းဆုတ်ခွါတဲ့သဘောပါပဲ။" (လေ့လာသူတဦး)
KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်စတဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြ၀တီမြို့မှာ လက်နက်ကိုင်အဖွဲ့တွေအချင်းချင်း အုပ်ချုပ်ရေးဖွဲ့ဖို့ ဘယ်လို ညှိနှိုင်းကိုင်တွယ်နေသလဲဆိုတာ သေချာမသိရသေးပါဘူး။
မြဝတီမြို့က စခန်းကိုစွန့်ခွာ ထွက်ပြေးလာတဲ့ ခလရ ၂၇၅ က တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေတဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား (၂) အနီးမှာ ရှိနေကြတဲ့နေရာကို KNLA/PDF ပူးပေါင်းတပ်တွေက ဒီကနေ့၊ ဧပြီလ ၁၂ရက်နေ့ညနေမှာ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ချစ်ကြည်ရေးတံတား (၂)နားမှာပဲ ပစ်ခတ်မှုတွေဖြစ်ပေါ်နေပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့ ကရင်ပြည်နယ်၊ မြ၀တီမြို့မှာ နောက်ဆုံး ကျန်တော့တဲ့ စစ်ကောင်စီရဲ့ ခလရ ၂၇၅ စခန်း ကျသွားပြီတဲ့နောက် စစ်သားတွေဟာ BGF ထိန်းချုပ်ထားတဲ့နေရာဖြစ်တဲ့ တံတား ၂ ဘက်မှာ လက်နက်တွေနဲ့ ရောက်ရှိနေပြီး ထိုင်းဘက်ကို ဝင်ခွင့်ရဖို့ အကူအညီတောင်းခံနေပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ KNLA /PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်၊ မြ၀တီမြို့မှာ တခုတည်းသာကျန်တော့တဲ့ စစ်ကောင်စီရဲ့ စခန်းဖြစ်တဲ့ ခလရ ၂၇၅ စခန်းကျသွားပြီလို့ပူးပေါင်းတပ်ဖွဲ့တွေကပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA /PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေအကြား ဒီကနေ့လည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ကာကွယ်နေတာကြောင့် မြို့ခံတွေ အများအပြားဟာလည်း အိမ်နီးချင်း ထိုင်းနိုင်ငံထဲ တိမ်းရှောင်နေကြတာပါ။
ကရင်ပြည်နယ် မြ၀တီမှာ ပိတ်မိနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိုင်းနယ်စပ်မြို့ကနေ ပြန်ခေါ်ယူနိုင်ဖို့ စစ်ကောင်စီက လေကြောင်းခရီးစဉ်တွေ ညှိုနှိုင်းစီစဉ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မြ၀တီခရိုင်အတွင်းက သင်္ကန်းညီနောင် စစ်ဗျူဟာ အခြေချစခန်းကုန်းနဲ့ ခလရ ၂၇၅ တပ်စခန်းကို ကရင်တပ်တွေနဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ထောင်းဖာပူးမြို့နယ်အတွင်းက နေအိမ်တလုံးမှာ လူတွေ အစုလိုက်အပြုံလိုက် တည်းခိုနေတာကို ဒေသခံကျေးရွာသားတွေက တွေ့ရှိခဲ့ပြီးနောက် လုံခြု့ရေးအဖွဲ့တွေကို တိုင်ကြားခဲ့တာပါ။ လုံခြုံရေးအဖွဲ့တွေက အိမ်ပျက်တလုံးကို ဝင်ရောက် စစ်ဆေးရာမှာ တရားမဝင် မြန်မာ ၁၂၀ ကျော်ကို တွေ့ရှိခဲ့တာဖြစ်။
နောက်ထပ်ကြည့်ရှုရန်