“လက်ရှိအခြေအနေကတော့ ကျေးရွာထဲကို သူတို့လက်နက်ကြီးနဲ့ပစ်လိုက်တော့ ဦးချစ်တင် (တုံရွာ) အိမ်က မီးလောင်သွားတယ်။ ဒေသခံတွေက ဝိုင်းပြီး မီးငြိမ်းတဲ့အတွက် မီးကတော့ငြိမ်းသွားပြီ။ နောက်ပြီး ရွာထဲမှာ သေနတ်တွေအတွဲလိုက် လိုက်ပစ်တယ်။ အဲဒါကြောင့်လူ ၅ ယောက်လောက်သေနတ်ဒဏ်ရာရတယ်။”(လက်ပံတောင်းဒေသခံ)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးက မိုးကြိုးပြင်၊ မြောက်ကျေးရွာနဲ့ ဆည်တည်းကျေးရွာအဟောင်းကိုစစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ရွာတွေကိုမီးရှို့တာ ကျေးရွာသားတချို့ကိုသတ်ဖြတ်တာ၊ ကလေးနဲ့အမျိုးသား ၄၀ ထက်မနည်းကိုဖမ်းဆီးထားတာတွေလုပ်ခဲ့ပါတယ်။
]မနေ့ကတော့ဝင်ပြီးတနေ့လုံး မီးရှို့တာတွေလုပ်ပြီးတော့ ဒီနေ့မနက်မှာတော့ ဆည်တည်းရွာဘက်ကိုဝင်လာတာပါ။ အခုလက်ရှိကတော့ လက်ပံတောင်းတောင်ဘက်မှာရှိတယ်။ ဆည်တည်းကျေးရွာဟောင်းကကျေးရွာသားတွေကိုလည်း တန်ဆာခံအဖြစ် ဖမ်းထားတာရှိတယ်။”(ဦးဇင်းတပါး-လက်ပံတောင်းဒေသခံ)
ပယ်လင်စာလုပ်ငန်းနဲ့ တိုင်းပြည်ဝင်ငွေအကြီးအကျယ်ရတဲ့ထိုင်းနိုင်ငံဟာ ရေလုပ်သားရှားပါးမှုပြဿနာကိုဖြေရှင်းဖို့ မြန်မာ၊ လာအိုဝ်၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်လေးနိုင်ငံက အလုပ်သမားတွေကို MoU နဲ့တရားဝင်ခေါ်ယူနေပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာ နှစ်ပေါင်း ၂၀ လောက် ထွက်ပေါက်မရှိဘဲ နေထိုင်နေကြရတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေက သူတို့ ကလေးတွေရဲ့ အနာဂတ်ကင်းမဲ့နေတာတွေ အပါအဝင် တတိယနိုင်ငံတခုခုမှာ ခိုလှုံပေးဖို့တို့အတွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဒီ
ထိုင်းမြန်မာနယ်စပ်က ရွှေပြောင်းအလုပ်သမားတွေအပြင် နိုင်ငံရေးစစ်ရေးအခြေအနေကြောင့်ထွက်ပြေးတိမ်းရှောင်လာတဲ့ဒုက္ခသည်တွေအတွက်ကျန်းမာရေးဆိုင်ရာအထောက်အကူညီရရှိဖို့အတွက် New Myanmar Foundation ကစေတနာဝန်ထမ်းဆရာဝန်တွေကိုသုံးပြီး အွန်လိုင်းကနေ ဆေးကုသပေးတဲ့ Tele Health ဆိုတဲ့အစီစဉ်ကို ဇွန်လက စတင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံထဲက အလုပ်အကိုင်စွမ်းရည်ကိုအခြေခံတဲ့ ကျွမ်းကျင်လုပ်သား ၁၆မျိုးကို လုပ်အားခလစာတိုးမြင့်ပေးကြောင်း ထိုင်းအစိုးရကထုတ်ပြန်ခဲ့ရာမှာ ဒီထဲမှာမြန်မာအလုပ်သမားတွေ အများဆုံးအလုပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေထဲက ၆မျိုးသာပါဝင်ပါတယ်။
“ပြန်ပေးဆွဲပြီး (သေဆုံးသူ) က ပိုက်ဆံတောင်းတယ်။ ဘယ်လောက် အမောင့် (amount) ပေးပါလို့တောင်းတယ်။ ကောင်မလေးနဲ့အတူပါလာတဲ့သူတွေက ပိုက်ဆံပေးတယ်။ ဒါပေမယ့်သူ( သေဆုံးသူ)က ပြန်မလွှတ်ပေးဘူး။ကလေးမလေးကို ပြန်မလွှတ်ပေးတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ခဲနဲ့ထုကြတာပေါ့။” (ဦးဘရီ- ရွှေ့ပြောင်းအလုပ်သမားအရေး ကွန်ယက် တာဝန်ခံ)
“အကြမ်းဖျင်းကတော့ မနက်ပိုင်းမှာ စခန်းကိုသိမ်းကြတယ်။ ဝေါ်လေမှာလေ။ စစ်တပ်ကတော့လက်နက်ကြီးတွေနဲ့ပစ်တယ်။ အခု ရဲစခန်းဘက်ကတော့ ၂ ယောက်ကျတယ်။ အရှင် ၃ ယောက်ဖမ်းမိတယ်။” ( ဖဒိုစောတောနီး- KNU နိုင်ငံခြားရေးဌာနပြောခွင့်ရ)
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင် လမ်းဆုံမှာ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ ၁ နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး မုပ္ပလင် စစ်ကောင်စီဂိတ်ကို ဇွန်လ ၁၂ရက် ညနေပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အပြန်အလှန် တိုက်ခိုက်မှုအတွင်း ဒေသခံကားသမားတဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
“စခန်းထဲကအခြေအနေတွေ၊ ဒုက္ခသည်တွေနေရေထိုင်ရေးကိစ္စတွေ၊ သူတို့လာတာကတော့ ကျန်းမာရေးကိစ္စတွေ - သူတို့လုပ်ပေးနိုင်တာလုပ်ပေးဖို့ပေါ့။ ဒုက္ခသည်တွေကတော့ တတိယနိုင်ငံကိစ္စတွေ လုပ်ပေးဖို့လားဆိုပြီး မေးကြတာပေါ့နော်။ သူတို့လာတဲ့အခါမှာ အဖွဲ့၄ ဖွဲနဲ့ တွေ့သွားတယ်။“ (ဒုက္ခသည်တဦး-မယ်လဒုက္ခသည်စခန်း)
ထိုင်းနိုင်ငံ မှာ ရွှေတြိဂံဒေသ ကလာတဲ့ စိတ်ကြွဆေးပြားတွေ နေ့စဉ်ဖမ်းဆီးနေရာမှာ ဇွန်လ ၅ရက်နေ့ ကနေ ၇ ရက်နေ့အထိ ၃ရက်အတွင်းမှာပဲ ဘတ်ငွေသန်းပေါင်း ၃ထောင်ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွ ဆေးပြာ ၁၆သန်းကျော် လောက်ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်အပါအဝင် အတွင်းဒေသတွေဆီကို ရွှေတြိဂံဒေသကလာတဲ့စိတ်ကြွဆေးပြားတွေ အလုံးအရင်းနဲ့ဝင်ရောက်လာတာကြောင့် ထိုင်းအာဏာပိုင်တွေက နေ့စဉ်ဖမ်းဆီးနေရာမှာ ဇွန်လ ၅ ရက်နေ့ကနေ ၇ ရက်နေ့ အထိ ၃ ရက်အတွင်း ဘတ်ငွေသန်းပေါင်း ၃,၀၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၁၆ သန်းကျော်လောက်ဖမ်းမိခဲ့ပါတယ်။
ထိုင်းအကျဉ်းထောင်တွေက လွတ်ရက်စေ့ မြန်မာအကျဉ်းသား ၁၇၀ နီးပါးကို ရနောင်း-ကော့သောင်းနယ်စပ်ဂိတ်ကနေ ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်နဲ့ နေရပ်ပြန်ပို့လိုက်ပြီး အခုလို အပို့ခံရသူတွေဟာ အနည်းဆုံး ၆ လကနေ ၂ နှစ်အထိ ထိုင်းနိုင်ငံထဲ ပြန်ဝင်ခွင့်မရှိဘူးလို့ သိရပါတယ်။
“တနေ့ကို နှစ်ရာ သုံးရာလောက်ရှိတယ်။ လဝက ရုံးတွေမှာ BP စာအုပ်တွေလုပ်တဲ့သူတွေကလည်း တိုးကြိတ်ပြီးလုပ်နေကြတယ်။ နယ်စပ်ဂိတ်ပြန်ဖွင့်တယ်ဆိုတော့ ဈေးဝယ်သွားတဲ့လူတွေကလည်းများတယ်။ ကျနော်တို့မြန်မာဘက်ခြမ်းကပဲ သွားလို့ရသေးတယ်။ လောလောဆယ်သွားလို့ရတာ ၆ ည ၇ ရက်...။” (ကိုပီတာ-ကော့သောင်းရွှေ့ပြောင်းအလုပ်သမားစင်တာ)
“ပြည်သူတွေလိုလားတဲ့အတိုင်းအတာကို အစည်းဝေးခေါ်ပြောမယ်ဆိုတော့ အစည်းဝေးမှာ တက်ပြောမယ်ဆိုပြီးသွားတာပဲ။ ကျမတို့ရွာထဲကိုလူတွေဝင်လို့မရဘူး၊ သူခိုးတွေပဲဝင်လိ့ု့ရတယ်။ အိမ်ထဲမှာလည်းဘာမှမရှိတော့ဘူး။ အဲဒါမေးမလို့။ ဘာမှ မပြောရဘူး။ သူတို့နံမည်နဲ့သူတို့ အုပ်ချုပ်ရေးမှူးတွေကချပေးတဲ့သူတွေပဲခေါ်မေးတာ။“ (ဒုက္ခသည်တဦး)
ထိုင်းနိုင်ငံတောင်ပိုင်း စထွန်း (Satun) ပြည်နယ် ကော့လိုင်ပီကျွန်းအနောက်ဘက် (၈) မိုင်အကွာမှာ ရိုဟင်ဂျာ (၆၀) နီးပါးကို ဇွန်လ (၅) ရက်နေ့က ထိုင်းရေတပ်အမှတ် (၄၉၁) ကဖမ်းမိခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် ဟတ်ယိုင်မြို့နယ်မှာ ထိုင်းနိုင်ငံသား လျှပ်စစ်ဝန်ထမ်းတဦးကို သတ်ပြီး မြေမြှုပ်အလောင်းဖျောက်ခံထားရတဲ့အမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးနေတာ လူ၃ဝဝနီးပါထိ ရှိလာကြောင်း ရွေပြောင်းအလုပ်သမားအခွင့်ရေး ကွန်ယက် က ပြောပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က ပြောပြပေးပါမယ်။
ထိုင်းနိုင်ငံသား သတ်ပြီး အလောင်းဖျောက်ခံထားရတဲ့ အမှုနဲ့ပတ်သက်လို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၀ကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရွေပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ကပြောပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ ကပြောပြပေးပါမယ်။
ထိုင်းနိုင်ငံမှာ တရားဝင် အထောက်အထားတွေနဲ့ အလုပ်လုပ်ကိုင်ဖို့ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ လာကြတဲ့ မြန်မာလုပ်သား ၃၀၀နီးပါဟာ ထိုင်းမြန်မာနယ်စပ် မဲဆောက် မြဝတီ ချစ်ကြည်ရေးတံတား(၂)ကနေ ဇွန်လ(၁)ရက်နေ့မှာ ထပ်မံဝင်ရောက်လာပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပု့ိထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်