သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံသား အသတ်ခံရမှုနဲ့ ဆက်နွယ်ပြီး မြန်မာ ၁၇ဝ ကျော် စစ်ဆေးခံရ 


Myanmar migrant workers arrested in Thailand. (ယခင်မှတ်တမ်းဓါတ်ပုံ)
Myanmar migrant workers arrested in Thailand. (ယခင်မှတ်တမ်းဓါတ်ပုံ)

ထိုင်းနိုင်ငံသား သတ်ပြီး အလောင်းဖျောက်ခံထားရတဲ့ အမှုနဲ့ပတ်သက်လို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၀ကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရွေပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ကပြောပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ ကပြောပြပေးပါမယ်။

ထိုင်းနိုင်ငံသား အသတ်ခံရမှုနဲ့ ဆက်နွယ်ပြီး မြန်မာ ၁၇ဝ ကျော် စစ်ဆေးခံရ

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် ဟတ်ယိုင်မြို့နယ်မှာ ဇွန်လ၁ ရက်က ထိုင်းနိုင်ငံသား လျှပ်စစ်ဝန်ထမ်းတဦးကို သတ်ပြီး မြေမြှုပ် အလောင်းဖျောက်ခံထားရတဲ့ အမှုနဲ့ပတ်သက်လို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၀ကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရွေပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ကပြောပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ ကပြောပြပေးပါမယ်။

ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် ဟတ်ရိုင်မြိုနယ်ထဲ က ဘန့်ဖလူးနဲ့ ထုံးလုံနယ်စပ် မှာ ထိုင်းနိုင်ငံသားတဦး သတ်ဖြတ်ခံရပြီး အလောင်းကို ဖျောက်ဖျက်ခံထားရတဲ့ ဖြစ်စဉ်ကြောင့် ထိုင်းအာဏာပိုင်တွေက သံသယရှိသူတွေကို လိုက်လံရှာဖွေဖမ်းဆီးရာမှာ တောအုပ်ထဲမှာ မလေးရှားနိုင်ငံကို ခိုးဝင်ဖို့စောင့်နေကြတဲ့ မြန်မာနိုင်ငံသား ၁၀၀ကျော်ကို ဖမ်းမိခဲ့တာပါ။ အခုဆိုရင် လူသတ်မူဖြစ်စဉ်ကြောင့် အနီးတဝိုက်တောအုပ်ထဲမှ ာဖမ်းမိတဲ့ မြန်မာအလုပ်သမား ၁၇၀ကျော်လောက် ကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတယ်လို့လည်း ဆုံခလာပြည်နယ် ဟတ်ရိုင်မြို့ က ရွေပြောင်းအလုပ်သမား အခွင့်ရေးကွန်ယက် တာဝန်ခံ ဦးဘရီ က အခုလိုပြောပါတယ်။

"အသတ်ခံထိတဲ့ ထိုင်းလူမျိုးတယောက်ရဲ့အလောင်းကိုတွေ့ရှိတာ သိတ်မဝေးဘူး ။သစ်တောတလျောက်လုံးမှာ တောအုပ်တွေ အတော်များများမှာ မလေးရှားကိုသွားကြမယ့်သူတွေ ရွေပြောင်း အလုပ်သမားအတော်များများကို ထားထားတာ အဖမ်းဆီးတွေရှိတော့ အဲဒီနေရာမှာထားကြတယ် ။ အဲဒီနေရာမှာ ထိုင်းတွေက အဲဒီမှာသွားပြီး လုယက်တာတွေရှိတယ်။ ပိုက်ဆံပါရင် ပိုက်ဆံလု့တယ်။ ဖုန်းပါရင်ဖုန်းတွေသွားလုတယ်။ ရွှေငွေရတနာပါရင် အဲဒါတွေကိုလုယက်တာတွေရှိတယ်။ အဲဒီလို့ လူယက်မူ့တွေ မုဒိန်းမူတွေဖြစ်ပြီးတော့ အခုလို လူသတ်မူတွေဖြစ်တာလို့ သတင်းရထားတယ်။ ဒါပေမယ့် မည်သူမည်ဝါ သတ်တယ်ဆိုတာတော့ မသိရဘူး ။ အဲဒီတော့မနေ့က ဖမ်းတာကတော့ ၁၇၇ယောက်ကို တောအုပ်ထဲမှာမိတာပေါ့ ။ အဲဒီလိုအနေအထားတွေ အခုတော့ လူသတ်မူနဲ့ သံသယရှိသူတွေ တရားခံတွေ ရွေပြောင်းအလုပ်သမားတွေအားလုံးကိုခြုံပြီးတော့လိုက်ဖမ်းတာပေါ့နော်"

အာဏာပိုင်တွေ ဟာ ဟတ်ရိုင်မြိုနယ်ထဲက ဘန့်ဖလူး ဘန့်ရိုင် ထုံးလုံ စတဲ့ဒေသတွေက တောအုပ်တလျောက်မှာ မြန်မာရွှေပြောင်း အလုပ်သမားတွေကို လိုက်လံဖမ်းဆီးခဲ့ပါတယ် ။ မြန်မာအလုပ်သမားတွေ နေထိုင်နေတဲ့တောအုပ်တွေအနီးမှာ သေဆုံးသူ ထိုင်းနိုင်ငံသား စီးသွားတဲ့ ဆိုင်ကယ်နဲ့ မြေမြှပ်ထားတဲ့အလောင်းကို တွေ့ရှိခဲ့တာဖြစ်လို့ အဲဒီနေရာမှာ ပိုက်စိတ်တိုက်ရှာဖွေဖမ်းဆီးမူတွေလုပ်နေတာလို့လည်း ဦးဘရီကပြောပါတယ်။

" ရွေပြောင်းအလုပ်သမားတွေ တောထဲမှာရှိတာကို သွားဖမ်းရင်းနဲ့ သေတဲ့သူက အလောင်းကပျောက်နေတယ်။ သေတဲ့လူက ပျောက်နေတော့ လူတွေကိုသွားဖမ်းရင်းနဲ့ သေတဲ့သူရဲ့ ဆိုင်ကယ်ကို စတွေ့တာ။ တောထဲမှာပဲအလောင်းကိုမြုပ်ထားတာတွေရတယ်"

ကြိုးတုပ်ပြီး ပါးစပ်ကိုပိတ်ဆို့ထားတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်း ဂေါက်ကွင်းတစ်ခုရဲ့ဘေးမှာ မြှပ်နှံထားတာကိုတွေ ရပြီးတဲ့နောက် မလေးရှားနိုင်ငံကိုသွားဖို့ တောအုပ်တစ်ခုမှာ ပုန်းအောင်းနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၀ကိုစတင်ဖမ်းမိခဲ့တာပါ ။ အသတ်ခံရသူဟာ တိုက်ခိုက်ခံထားရတဲ့လက္ခဏာတွေ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းမှာ ဖော်ပြကြပါတယ်။ ဒီနောက်မှာတော့ ဟတ်ရိုင်မြိုနယ် ဘန့်ဖလူးကျေးရွာထဲ က နေအိမ်တွေမှာ လူကုန်ကူးသူတွေက ကားနဲ့လာခေါ်မှာစောင့်နေကြတဲ့ မြန်မာအလုပ်သမား၁၀၀ကျော်ကိုလည်း အစုလိုက်အပြုံလိုက် ဖမ်းမိခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ ဖမ်းဆီးခံရတဲ့ မြန်မာတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့လည်း ရွှေပြောင်းအလုပ်သမား အခွင့်ရေး ကွန်ယက် က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

........................................


{{Zawgyi/Unicode}}






XS
SM
MD
LG