စစ်ကိုင်းတိုင်း ပုလဲမြို့နယ် တောင်ရွာသစ်ကျေးရွာကို ဇူလိုင်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး နောက်တနေ့မှာတော့ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေ အပါအဝင် ဒေသခံတွေ အသတ်ခံထားရတဲ့ အလောင်းတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“အမှန်က အဲဒီ ၄၀,၀၀၀ လောက် မပြေးခင်ကတည်းက ကျနော်တို့စာရင်းကောက်ထားတာက ၅ သောင်း - ၆ သောင်းလောက်ရှိတယ်။ စခန်း ၅ ခု မသိမ်းခင်ကတည်းက ကောက်ထားတဲ့စာရင်းက ရက်ပိုင်းလောက်ပဲရှိသေးတယ်။ ကောက်ထားတာ အများစုကတော့ ကျောက်ကြီးမြို့နယ်ထဲမှာပဲ။” (ဖဒိုစောတောနီး-KNU ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာနပြောခွင့်ရ)
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင် ဖလူးဒေသတဝိုက်နဲ့ ဥကရစ်ထ စခန်းတိုက်ပွဲအတွက် စစ်ကူလာတဲ့ စစ်ကောင်စီ တပ်မ ၄၄ ၊ တပ်ရင်း ၁၀၂ က စစ်ကောင်စီတပ်သား ၅ ယောက် ကရင်အမျိုးသားအစည်းအရုံး အဖွဲ့ဘက်ကို ဘက်ပြောင်း ခိုလှုံခဲ့ပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးတဦး ပါဝင်တယ်လို့ ကရင်လက်နက်ကိုင် KNU က ပြောပါတယ်။
“မသင်္ကာစရာအဖြစ်ဆုံး ၃ ယောက်ကိုတော့ ဖမ်းထားတယ်။ ကျန်တဲ့သူတွေကိုလည်း ဆက်စစ်နေပါတယ်။ အဲဒီခြံရဲ့ မျက်နှာချင်းဆုင်အရှေ့မှာရှိတဲ့ခြံက မြန်မာ၂ ယောက်ကလည်း ပျောက်နေတယ်ပြောတယ်။” (ဦးမင်းဦး- ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ က အလုပ်သမားရေးတာဝန်ခံ)
ထိုင်းမြန်မာနယ်စပ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေနဲ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့တပ်ဖွဲတွေကို ဇွန်လ ၃၀ ရက်နေ့က မြန်မာစစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီရဲ့ လေယာဉ်တစီး ထိုင်းလေကြောင်းပိုင်နက်ထဲကို နယ်ကျော်ဝင်ရောက်လာပါတယ်။
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်(ရွှေကျင်) ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေကြားတိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် မုန်းမြိုနယ်နဲ့ကျောက်ကြီးမြိုနယ်ထဲက ကျေးရွာပေါင်း ၆၀လောက်က ကျေးရွာသား ၅သောင်းကျော်ထွက်ပြေးနေရပါတယ်
“စက်ရုံကိုခနလေးနားပြီးပြန်ဖွင့်ပါမယ်ပြောပြီး စောင့်ရင်းနဲ့ အလုပ်သမားတွေက စားဝတ်နေရေးအဆင်မပြေတာနဲ့ အကူညီတောင်းတော့ အစိုးရရုံးမှာ တရားစွဲပေးလိုက်တယ်။ အလုပ်ရှင် အလုပ်သမားကာကွယ်ရေးရုံးက သူတို့ ၄၅ ဦးကို စုစုပေါင်း ၂၆ သိန်း ပေးချေဖို့ အမိန့်ချတယ်။ (ဦးအောင်ကျော်- ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက် ဥက္ကဋ္ဌ)
ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင် အထောက်အထားမဲ့ နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် ရွှေပြောင်းလုပ်သားတွေကို ပန်းရောင်ကဒ်လို့ ခေါ်တဲ့ အလုပ်လုပ်ခွင့် လက်မှတ် လုပ်ပေးမယ့် အကြောင်း ထိုင်အစိုးရအဖွဲ့က ဇူလိုင် ၅ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက်ဗုံးကြဲမူတွေကြောင့် အရပ်သား (၂) ဦး သေဆုံးပြီး (၃) ဦးပြင်းထန်တဲ့ဒဏ်ရာ ရရှိခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်ထဲက စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကိုသိမ်းပိုက်နိုင်ဖို့၊ စစ်ကောင်စီဘက်ကလည်း စခန်းမကျဖို့အတွက် စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်စတဲ့ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဘက်တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်ထဲက စစ်ကောင်စီရဲ့ ဥကရစ်ထ စခန်းအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်နဲ့ လေးရက်ဆက်တိုက် ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။
ထိုင်းနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ပြစ်ဒဏ်ကျခံနေရပြီး လွတ်ရက်စေ့လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၀ကျော်ကို ထိုင်း ရနောင်းပြည်နယ်ကနေ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ဆီ ဇွန်လ၂၉ရက်နေ့ပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံအကျဉ်းထောင်တွေထဲမှာ လွတ်ရက်စေ့လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၀ ကျော်ကို ထိုင်း-မြန်မာနယ်စပ်ရနောင်းကနေ မြန်မာနိုင်ငံ တနင်္သာရီတိုင်း ကော့သောင်းမြို့ဆီ ဇွန်လ ၂၉ ရက်နေ့မှာ လွှဲပြောင်းပေးခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
“ဥကရစ်ထတို့၊ စုကလိဘက်မှာတိုက်ပွဲဖြစ်တော့ စစ်ရှောင်တွေက ထိုင်းဘက်ကမ်းကိုဒီနေ့ပဲရောက်လာတယ်။ စုစုပေါင်းအိမ်ထောင်စုပေါင်း ၁၄၀ ရှိတယ်။ လူဦးရေကတော့ ၈၄၁ ယောက်ရှိတယ်။ ထိုင်းဘက်ကမ်းမှာ နေရာ ၃ စုလောက်ခွဲနေတယ်။ သူတို့တွေကို တနေရာ တစုတည်းမှာမနေခိုင်းဘူး။” (စစ်ဘေးရှောင်တွေကို ကူညီသူ)
ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်တပ်မဟာ (၁) နယ်မြေ၊ သထုံမြို့နယ်မှာ ထုံးဘိုလေး ကျေးရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး ပစ်ခတ်၊ မီးရှို့၊ သတ်ဖြတ်တာတွေရှိနေတဲ့အတွက် ဒေသခံရွာသား ၁ သောင်းကျော် ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။
“ဥကရစ်ထကို ဒီဘက်က KNLA၊ KNDO၊ PDF အဖွဲ့တွေက ညကတည်းက စခန်းနားချဉ်းကပ်တယ်။ မနက်ကျတော့ တိုက်ပွဲတွေဖြစ်တယ်။ အပြန်အလှန်ပစ်ခတ်ကြတယ်။ မနက်ကျတော့ စခန်းကိုသိမ်းပြီး နောက်ကျတော့ စခန်းကိုစွန့်ခွါသွားတဲ့စစ်ကောင်စီတပ်သားတွေကို လိုက်လံရှင်းလင်းနေပါတယ်။”(ကိုစောမွန်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ဆင်ရေးလုပ်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေဟာ တရုတ်ဝမ်ပေါင် ကုမ္ပဏီကြေးနီစီမံကိန်းကို သွယ်တန်းထားတဲ့ အဓိက လျှပ်စစ်ဓာတ်အားပေးလိုင်းကို ဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် ဟတ်ယိုင်မြို့နယ်မှာ ဇွန်လ ၁ ရက်က ထိုင်းနိုင်ငံသားတဦးကိုသတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ထားတဲ့အတွက် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး အဲဒီထဲက ၃ ဦိးကိုတော့ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်