ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်နေပြီး ဒီအတွက် အနီးအနား က ကျေးရွာပေါင်း ၇ ရွာထက်မနည်းက ဒေသခံ ထောင်နဲ့ချီပြီး တောတောင်တွေထဲ ထွက်ပြေးနေရတယ်လို့ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။
၃၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ထိုင်းမြန်မာနယ်စပ်နဲ့ ထိုင်းနိုင်ငံတောင်ပိုင်းတွေမှာလည်း ရွှေ့ပြောင်းအလုပ်သမားတွေ ကျင်းပကြပါတယ်။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် မုန်းဒေသ ရှိ ကလေးတွေ အအပါအဝင် ရွာသား၃၃ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကုန်စည်စီးဆင်းလည်ပတ်နေတဲ့ ဆင်ခွန်နယ်စပ်ဂိတ်ကို တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများဖြစ်နေတာကြောင့် ၄ လကျော်ကြာပိတ်ထားရာကနေ ထိုင်းမြန်မာအာဏာပိုင်တွေ ဆွေးနွေးကြပြီး သြဂုတ်လ ၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
ထိုင်း မြန်မာ နယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ပါဝင်တဲ့ ကော့ဘရာ စစ်ကြောင်းဟာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး မနေ့ကတော့ စစ်ကောင်စီတပ်တွေက လေကြောင်းနေ တိုက်ခိုက်မူတွေလုပ်ခဲ့တာပါ။
ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူထိန်းချုပ်ရာ တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာတွေပေါ်ကို စစ်ကောင်စီတပ်တွေက ဇူလိုင်လ ၂၉ ရက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်နေတဲ့ ရွာသား ၄ ဦးထိခိုက်ဒဏ်ရာ ရသွားခဲ့ပါတယ်။ ကွီးဒိုကယ်ခို၊ ခလယ်ကွီးကယ်ခို ရွာ ၃ ရွာကိုလာပြီး ဗုံးကြဲသွားတယ်။
မူး မန္တလေး မြောက်ရွာဒေသခံ ၁၀၀ လောက် အဖမ်းခံထားရသလို ဖမ်းဆီးခံရသူတွေထဲက အမျိုးသားတချို့ သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါ့အပြင် ရွာထဲက အိမ်တွေကိုလည်း မီးရှို့ ဖျက်ဆီးမူတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းက ဥကရစ်ထ စခန်းတိုက်ပွဲကြောင့် ထိုင်းမြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်ဖွတ်ဖရမြို့နယ်ထဲမှာခိုလှုံနေတဲ့ မြန်မာစစ်ဘေးရှောင်တွေထဲက လူ၁၀၀ကျော် ဇူလိုင်လ၂၆ရက်နေ့မှာ မြန်မာနိုင်ငံဘက်ကို နေရပ်ပြန်ခဲ့ကြပါတယ်။
“ လေကြောင်းကနေ မုံရွာ၊ အရာတော်ဘက်အစပ်ကနေ ဟတ်စကီး၂ စီးနဲ့၊ တစင်းက မီးကျောင်းကန်ရွာနဲ့ မူးမန္တလေးကြားက ကျောက်ကုန်းတွေရှိတဲ့နေရာတွေ၊ PDF စခန်းရှိမယ့်နေရာတွေကို လိုက်ပြီးပစ်နေတယ်။” (ဒေသခံ)
“ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြတာလည်းပါသလို မနေ့က ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့အပါအဝင် ၄ ဦး၊ အဲဒီထက်လည်းပိုတယ်လို့လည်း သိရတယ်။ အဲဒီလို သေဒဏ်ပေးတာမျိုး နိုင်ငံရေးလှုပ်ရှားသူတွေကိုသတ်ဖြတ်တာမျိုးကို မကျေနပ်တဲ့အတွက်ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။” (ကိုရဲမင်း- AAC)
“ဥပဒေမရှိတဲ့တိုင်းပြည်မှာ ဥပဒေမရှိဘဲ ဖြေရှင်းနေကြတာပဲ။ ကိုဂျင်မီက Dead Body ရချင်လည်းရမယ်၊ မရချင်လည်းမရဘူး။ ကိုဂျင်မီတို့ရဲ့စိတ်ဓါတ်က တတိုင်းပြည်လုံးကို ပျံ့နှံ့သွားပြီ။ တနိုင်ငံလုံး ပျံ့နှံ့သွားပြီ။ လူတယော်ကိုသတ်ချင် သတ်လို့ရမယ်။ စိတ်ဓါတ်ကိုတော့ သတ်မရပါဘူး။”(ရဲဘော်သံခဲ ABSDF ဥက္ကဋ္ဌ)
“ဆားလင်းကြီး မြို့မရဲစခန်းနဲ့ ကိုက်၂၀၀ လောက်အကွာမှာဖြစ်တာ။ သူတို့က ဈေးဝယ်ရင်းနဲ့ လက်ဘက်ရည်သောက်ကြတာ။ တုံ့ပြန်ချိန်မရလိုက်ဘူး။ လေးယောက်လုံး နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်။ ဆားလင်းကြီးမြို့ပေါ်ကော၊ ညောင်ပင်ကြီးရဲစခန်းနားမှာကော ဖြစ်ပြီးတဲ့နောက် မြို့ပေါ်တွေမှာ ပိတ်ပြီးစစ်ဆေးနေတယ်။“ (ဒေသခံသံဃာ)
မြဝတီ - ကော့ကရိပ် အာရှလမ်းမကြီးပေါ်မှာ စနေ့နေ့မနက်မှာ လောင်စာဆီတင်လာတဲ့ ကားတစီး ပစ်ခတ်ခံခဲ့ရတာကြောင့် ကားပေါ်မှာ ပါလာတဲ့ အငွေ့တွေ ယိုစိမ့်ပြီး မီးခိုးငွေ့တွေ ထွက်နေတာ တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူတွေက ပြောဆိုပါတယ်။
KNU ကနေ ခွဲထွက်ပြီး Kaw Thoo Lei Army ကို တည်ထောင်ခဲ့တဲ့ KNDO ကရင်ကာကွယ်ရေးဌာန စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မူးချုပ် နယ်ဒါးမြ ဖွဲစည်းထားတဲ့ အထူးတပ်တချို့နဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ ဟာ ထိတွေ့ပစ်ခတ်တွေ ရှိနေပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးမှာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူမှောင်ခိုမှု အန္တရာယ်တွေရှိနေသလို၊ တိုက်ဖျက်ရေးမှာ အားနည်းချက်တွေ ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက အင်္ဂါ နေ့ကထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းပြည်နယ်မှာ ထိုင်းလွှတ်တော်အမတ် လက်ထောက် ရဲ့ဖခင်ပြန်ပေးဆွဲအသတ်ခံရတာနဲ့ပတ်သက်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်မှုတွေနဲ့ဖမ်းဆီးတရားစွဲထားကြောင်း ထိုင်းရဲတပ်ဖွဲ့က တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံအတွင်းက အကျဉ်းထောင်တွေကနေ လွတ်ရက်စေ့ မြန်မာတွေဟာ ထိုင်းလူဝင်မှုကြီးကြပ်ရေးအချုပ်တွေမှာ စုပုံပြည့်ကြပ်နေသလို အစားအသောက် မလုံလောက်တဲ့ အခက်အခဲတွေဖြစ်နေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေသူတွေက ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။
ထိုင်း၊ မြန်မာနယ်စပ် ရနောင်းပြည်နယ်ကနေ တရားမဝင် မြန်မာ၁၅ဦးကို သယ်ဆောင်လာတဲ့ ကားတစီးဟာ စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းမောင်းနှင်ရင်းကုန်ကားတစီးနဲ့ တိုက်မိတာကြောင့် မြန်မာနိုင်ငံသား၂ဦးအပါအဝင် လူ၃ဦး သေဆုံးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။
ကရင်ပြည်နယ် မြဝတီ သုံးထပ်ကွေနဲ့ သရက်တပင် ရွာကြား၊ မြဝတီ - ဝေါ်လေသွား လမ်းမကြီးပေါ်မှာ KNLA နဲ့ PDF တပ်ဖွဲ့တွေပါဝင်တဲ့ ကော်ဘရာ စစ်ကြောင်း ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ တပ်ဖွဲ့တွေ ဇူလိုင်လ ၁၃ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ကရင် KNLA ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်