မြန်မာနဲ့ကပ်လျက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မယ်ပရပ်ကွက်က မြန်မာတရားရိပ်သာတခုကို ထိုင်းရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းပြီး ဘုန်းကြီးမယ်သီလအပါအဝင် အထောက်အထားမဲ့မြန်မာ ၄၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး ထိုင်းနာမည်ကြီးသတင်းစာတစောင်ကတော့ မြန်မာအစိုးရရဲ့ ထောက်လှမ်းရေးတွေအဖြစ် ရေးသားဖော်ပြနေပါတယ်။
မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အကျအဆုံးများခဲ့သလို တပ်ထဲက စစ်သားတွေထဲ တိုက်ခိုက်ချင်စိတ်တွေ ကျဆင်းနေတယ်လို့ KNU ကရင်အမျိုးသား အစည်းအရုံးကို လက်နက်ချလာတဲ့ မြန်မာစစ်သား ၂ ဦးက ပြောပါတယ်။ မအေးအေးမာ တွေ့ဆုံမေးမြန်းထားပါတယ်။
“သူတို့က မိသားစုနဲ့ဖက်ပြီးတော့ နေတာ။ ကျနော်တို့က ဒီမှာ အငတ်ငတ် အပြတ်ပြတ်နဲ့၊ ပေတိပေစုတ်နဲ့ တောထဲမှာ ကျနော်တို့နေခဲ့ရတာ။ သူ့ကိုလည်း မုန်းတာလည်းမဟုတ်ဘူး၊ ကိုယ့်ကိုလည်း မုန်းတာလည်းမဟုတ်ဘဲနဲ့ လူလူချင်း စစ်တိုက်နေရတာ။ ကျနော်က အဲဒါကို လက်မခံဘူး။”(ဒုတပ်ကြပ်ဟောင်း ထင်ကျော်)
ထိုင်းနိုင်ငံ၊ စံခရဘူရီ ပြည်နယ်ထဲက အဝေးပြေးလမ်းမကြီးမှာ အထောက်အထားမဲ့ မြန်မာတွေကို သယ်ဆောင်လာတဲ့ ကားတစီး သြဂုတ်လ၂၈ ရက်၊ ဒီနေ့မနက် အစောပိုင်းမှာ ကားတိမ်းမှောက်ခဲ့တာကြောင့် တရားမဝင်မြန်မာအလုပ်သမား (၄) ဦး၊ သေဆုံးပြီး (၉) ဦး ပြင်းထန်တဲ့ဒဏ်ရာ ရခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ အခြေခံ လုပ်ခလစာ ၅.၀၂ ရာခိုင်နှုန်း တိုးမြှင့်ပေးဖို့အတွက် ထိုင်းအစိုးရ လုပ်ခ၊လစာ ကော်မတီ က သောကြာနေ့က သဘောတူခဲ့ပါတယ် ။ ဒီအတွက် တနိုင်ငံလုံး အနေအထားအရ စီးပွားဖွံဖြိုးတိုးတက်တဲ့ နယ်မြေတွေအပေါ် မူတည်ပြီး တိုးမြှင့်ပေးသွားမှာဖြစ်ပါတယ် ။
ထိုင်းနိုင်ငံမှာ တရားဝင် အထောက်အထားတွေနဲ့ အလုပ်လုပ်ကိုင်ဖို့ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ လာကြတဲ့ မြန်မာလုပ်သား ၃၀၀ နီးပါဟာထိုင်း မြန်မာနယ်စပ် မဲဆောက် မြဝတီ ချစ်ကြည်ရေးတံတား(၂)ကနေ သြဂုတ်လ (၂၆)ရက်နေ့မှာ ထပ်မံဝင်ရောက်လာပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ တပ်တွေကြား တိုက်ပွဲဖြစ်နေတဲ့အတွက် မြဝတီမြို့တောင်ဘက် ဆုံဆည်းမြိုင်-ဥကရစ်ထ-ဝေါလေ ဥကရစ်ထ လမ်းဆုံကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့တပ်စွဲထားပြီး ဖြတ်သန်းသွားလာခွင့် မရှိကြောင်း ဒေသခံတွေကဆိုပါတယ်။ ကုန်သည်တွေ အခက်ကြုံနေရပါတယ်။
“အဲဒီနေရာက ကနစိုးပင်ရွာ ကေအန်ယူ တပ်ရင်း (၈) နယ်မြေပေါ့၊ အဲဒီရွာမှာလေယာဉ်နဲ့လာပြီး ဗုံကြဲသွားတာပေါ့။ အဲဒီရွာနဲ့ကပ်နေတဲ့ရွာတွေ တောင်ခြေမှာရှိတဲ့ရွာတွေက အကုန်ထွက်ပြေးရတယ်။ ရွာသားတထောင်ကျော်လောက်ရှိတယ်။ အဲဒီနားက ကနစိုးပင်ရွာအောက်က ရွာတွေကတော့ ကရင်ရွာတွေပဲ။” (ဒေသခံ)
“၁၀ နာရီလောက်က တပြိုင်တည်း ၂ စီးလာချတယ်။ နောက်ကတစီး၊ တစီး ၃ ခေါက်။ နောက်က တစီးတစီးနဲ့ ၃ ခေါက်လာတယ်။ ဒီနေ့ ဒီနေ့ပဲ။ လေးကေ့ကော်ဘက်ကိုလည်းအလုံးကြီး (လက်နက်ကြီး) တွေနဲ့လှမ်းထုနေတယ်။ မဲထော်သလေးကျေးရွာဘက်ကနေ ၁၀ ကြိမ်လောက်ထုတယ်။” (ဒေသခံ)
ထိုင်း-မလေးနယ်စပ် ဆုံခလာပြည်နယ်နဲ့ ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်၊ တာခ့်ပြည်နယ်တွေမှာ ဒီရက်ပိုင်းအတွင်း တရားမဝင် မြန်မာ ၈၀ လောက်နဲ့ လူမှောင်ခိုပွဲစား ၅ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နဲ့ ထိုင်းအထူးထောက်လှမ်းရေးအဖွဲ့တို့ ပူးပေါင်းပြီး စနေနေ့က ဘန်ကောက်မြို့ နေရာ ၁၃ ခုကို စီးနင်းရှာဖွေခဲ့ပြီး ဖမ်းဆီးမှုတွေလုပ်ခဲ့ပါတယ်။အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းမှာစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုဆက်ရှိနေပြီး သြဂုတ်လ ၁၉ ရက်နေ့မှာ မြို့အဝင်လမ်းတွေကိုပိတ်ပြီး လုံခြုံရေးတွေတင်းကြပ်ထားပါတယ်။
ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသာလွတ်မြောက်ရေးတပ် စတဲ့ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဆက်တိုက်ဖြစ်နေသလို မြဝတီမြို့အထွက် နယ်စပ်ကုန်သွယ်ရေးဇုန် ကိုသြဂုတ်လ (၁၈) ရက် နေလည် (၁)နာရီလောက်ကစပြီး ပိတ်ထားလိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ နကွန်စီဌာမရတ်ပြည်နယ်ထဲမှာ သြဂုတ်လ ၁၇ရက်နေ့က တရားမဝင်မြန်မာ ၃၀ကျော်ကိုတင်လာတဲ့ကားတိမ်းမှောက်ခဲ့တာကြောင့် မြန်မာ ၃ဦးပွဲချင်းပြီးသေဆုံးပြီး ၄ဦးက ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ ဒေသတွေကို တိမ်းရှောင်လာတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၃ သိန်းခွဲကျော် ရှိနေပြီလို့ KNU က အင်္ဂါနေ့ က သတင်းထုတ်ပြန်ပါတယ်။ ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ် မြို့ပေါ်က သီးသန့်ရဲစခန်းနဲ့ မြို့မရဲစခန်းကို ကေအန်ယူ တပ်တွေက ဝင်ရောက်ပစ်ခတ်တာကြောင့် ရဲမှူးအပါအဝင် ၁၂ဦးသေဆုံးကြောင်း ကေအန်ယူ KNU က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် မအေးအေးမာ ကသတင်းပေးပို့ထားပါတယ်။
“တံတားပေါ်ကနေ တရားဝင်ပြန်တဲ့သူတွေကလည်း မြဝတီမှာလဲတာ ရှိတယ်။ တချို့က ကားဝန်းကြီးထဲမှာ လဲတာရှိတယ်။ တံတား (၁)ဘက်မှာလည်း လဲတာရှိတယ်။ တံတား (၂) ထိပ်မှာလဲတာလည်း ရှိတယ်။ ကြံခင်းဘက်မှာ လဲတာရှိတယ် ။ လွန်ခဲ့တဲ့နှစ် ၂၀ လောက် ၃၀ လောက်ကတည်းက ဒီလိုပဲ လုပ်စားနေကြတာပဲ။အခုမှပဲ ဖမ်းခံထိတာ။” (နယ်စပ်ငွေလဲလုပ်ငန်းရှင်)
ထိုင်းနိုင်ငံမှာ အလုပ်သမား အခြေခံလစာတွေကို တိုးမြှင့်သတ်မှတ်ဖို့ ထိုင်းအလုပ်သမားဝန်ကြီး ဌာနက စီစဉ်နေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ ပြောပြပေးမှာ ဖြစ်ပါတယ်။
“အခု ဒီကိစ္စမျိုးကို အတော်လုပ်ရကိုင်ရခက်နေပါတယ်။ အလုပ်သမားတွေကလည်း အထောက်အထားမရှိဘူး။ ထိုင်းဥပဒေအရ ရင်ဆိုင်မယ်ဆိုရင်လည်း သူတို့အဖမ်းအဆီးခံရနိုင်တယ်၊ အဲဒီလိုမလုပ်ဘူးဆိုရင်လည်း ပွဲစားတွေလုပ်သမျှ ခေါင်းငုံ့ခံနေရတာတွေဖြစ်နေမယ်။” (ကိုရဲမင်း- AAC အဖွဲ့က အလုပ်သမားရေးကူညီဆောင်ရွက်သူ)
မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ် ကာဂျမ်းမြို့ရှိ တိုက်ခန်းပေါင်း ၁၀၀ ကျော်ကို ဝင်ရောက်စစ်ဆေးပြီး တရားမဝင် နေထိုင်နေတဲ့ နိုင်ငံခြားသား ၁၇၅ယောက်ကို ဖမ်းဆီးရာမှာ ဒီထဲမှာ မြန်မာ ၁၀၀ ကျော်ဖမ်းဆီးခံရပါတယ်။
နောက်ထပ်ကြည့်ရှုရန်