ထိုင်းနိုင်ငံမှာ မူးယစ်ဆေးမှုနဲ့ အလုပ်ဖြုတ်ခံခဲ့ရတဲ့ ရဲအရာရှိဟောင်းလက်ချက်နဲ့ ကလေးအများစု အပါအဝင် လူ ၃၇ ယောက် သေဆုံးခဲ့ပြီးနောက် မူးယစ်ဆေးဝါး နှိမ်နင်းရေးကို ထိုင်းအစိုးရက တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။
ထိုင်း၊ မြန်မာနယ်စပ် မဲဆောက် ၊ မြဝတီ ချစ်ကြည်ရေး တံတားထိပ်မှာ အောက်တိုဘာလ ၁၅ရက်ညက ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမူ ဖြစ်ပွားခဲ့ပါတယ် ။ ပေါက်ကွဲမူကြောင့် ကား၂စီးထက်မနည်း မီးလာင်ပျက်စီးသွားပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။
ထိုင်းနိုင်ငံ အချုပ်တွေကနေ လွက်ရက်စေ့သွားတဲ့ မြန်မာရွှေပြောင်း အလုပ်သမား ၃၉၀ လောက်ကို ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးပြီး၊ အောက်တိုဘာလ (၁၂) ရက်နေ့မှာ မဲဆောက်မြို့ ကနေ မြဝတီမြို့ဘက်ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံမှာ မူးယစ်ဆေးမှုနဲ့ အလုပ်ဖြုတ်ခံရတဲ့ ရဲအရာရှိဟောင်းတဦးလက်ချက်နဲ့ ကလေးအများစုအပါအဝင် လူ ၃၇ ယောက် သေဆုံးခဲ့ပြီးနောက် ထိုင်းအစိုးရက မူးယစ်ဆေးဝါး နှိမ်နင်းမှုတိုးမြှင့်လာပါတယ်။
ထိုင်း မြန်မာ နယ်စပ် ရနောင်းပြည်နယ် မဲဆိုင်၊ တာခ့် ပြည်နယ်တွေကနေ ၃ ရက်အတွင်း မြန်မာ ၁၀၀ ကျော် ဖမ်းမိခဲ့ပြီး အများစုကတော့ မလေးရှားကိုသွားဖို့ အတွက် လူကုန်ကူးသူတွေနဲ့ လာရင်းနဲ့ လမ်းမှာ ဖမ်းမိကြသူတွေ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံနဲ့ နယ်စပ် မြန်မာနိုင်ငံ ၊ ကရင်ပြည်နယ်၊ မြဝတီမြို့က စတိုးဆိုင်တဆိုင်မှာ အင်္ဂါနေ့ ညနေပိုင်းက တိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုတွေ ရှိခဲ့ကြောင်း မြို့ခံတယောက်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ လောင်စာဆီဈေး မြင့်တက်မှုကြောင့် ငါးဖမ်းလုပ်ငန်းတွေကို ထိခိုက်လာနေရာက မြန်မာအလုပ်သမားတွေ အလုပ်အကိုင် ဆုံးရှုံးနေကြရတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးမှုနဲ့ ဆက်နွယ်နေတဲ့ ရဲအရာရှိဟောင်းတဦး လက်ချက်နဲ့ မူကြိုကျောင်းမှာ ကလေး ၂၄ ယောက် အပါအဝင် လူအများအပြား သေဆုံးခဲ့ပြီးနောက် အစိုးရက မူးယစ်ဆေးဝါးနှိမ်နင်းမှုတွေ တိုးမြှင့်လာပါတယ်။ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းမှာ အလုပ်သမား (၁၁၀)ဦးကို အလုပ်ထုတ် နစ်နာကြေးအဖြစ် ဘတ်ငွေ ၁၂သိနးကျော်ရအောင် အမျိုးသားညီညွတ်ရေးအစိုးရ က ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။
မဲကဆာကရင်ကျေးရွာကိုအောက်တိုဘာလမနက်၂နာရီကျော်အချိန်မှာ မြန်မာစစ်ကောင်စီ ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မူလုပ်တဲ့အတွက် မဲ့ကဆာဘုန်းတော်ကြီးကျောင်းမီးလောင်ပျက်စီးသွားခဲ့ပါတယ်။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နောင်ဘွာလန်ဖူးပြည်နယ် နခလန်းခရိုင်မှာရှိတဲ့ နေ့ကလေးထိန်းကျောင်းထဲကို မူးယစ်ဆေးမှုနဲ့အလုပ်ထုတ်ခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်းတယောက်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၂၀ ကျော်အပါအဝင် လူ ၃၀ ထက်မနည်း သေဆုံးတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
ထိုင်း မြန်မာနယ်စပ် ချင်းမိုင်ပြည်နယ် မဲအိုင့် မြို့နယ် ဘွမ်ဒွိုင်တောင်ကြားမှာ မူးယစ်ဆေး သယ်ဆောင်လာတဲ့ လက်နက်ကိုင် ၃၀ လောက်နဲ့ ထိုင်းနယ်ခြားစောင့်တပ်တွေ ဒီနေ့ အောက်တိုဘာလ ၅ ရက်နေ့ မနက်က မိနစ်အနည်းငယ် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ထိုင်းနိုင်ငံ ကနေတဆင့် မလေးရှားနိုင်ငံ ကို သွားရောက်ကြမဲ့ မြန်မာ ၂၁ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းမိခဲ့သလို အစိုးရယူနီဖောင်းတွေ ဝတ်ဆင်ပြီး ခိုးဝင်လာတဲ့ မြန်မာ ၄ဦးကိုလည်း ထိုင်းနယ်ခြားစောင့်တပ်က ရနောင်းမြို့မှာ ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပါတယ် ။ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။
ထိုင်းနိုင်ငံတောင်းပိုင်းပြည်နယ် ၁၄ ခုအတွင်းမှာ အဖမ်းဆီးခံရပြီး အကျဉ်းထောင်တွေ အချုပ်တွေကနေ လွက်ရက်စေ့သွားတဲ့ မြန်မာရွှေပြောင်းအလုပ်သမား ၁၈၀ လောက်ကို ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးပြီး၊ အောက်တိုဘာလ (၂) ရက်နေ့မှာ ရနောင်းကနေ ကော့သောင်းမြို့ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။
အွန်လိုင်းကနေ လောင်းကစားလုပ်ငန်းနဲ့ ငွေကြေးလိမ်လည်မှုတွေ ကြပ်မတ် နှိမ်နှင်းနေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်က တရားမဝင် ဝင်လာတဲ့ ဝင်လာတဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်း လုပ်ကိုင်တယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံသား ၉ ယောက်ကို မနေ့က ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ပါတယ်။
စမုပရာကန်ပြည်နယ်မှာရှိတဲ့ ငါးသေတ္တာစက်ရုံက အလုပ်သမားတွေဟာ ပန်းရောင်ကဒ် ခေါ် အလုပ်သမားလက်မှတ်တွေနဲ့ အလုပ်လုပ်ကိုင်နေသူတွေများပြီး အထောက်အထားလက်မှတ် ရှိလျှက်နဲ့ အလုပ်သမား ၁၁၀ ကျော် အလုပ်ထုတ်ခံရတာပါ။ အဲဒီထဲက အလုပ်သမား ၃၀ ကျော်ကတော့ နစ်နာကြေးရဖို့ တရားစွဲတာကို NUG အစိုးရက ကူညီလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူနယ်စပ်ဂိတ်စခန်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မြန်မာဘက်ကရော ထိုင်းဘက်ကပါ နယ်စပ်လမ်းတွေကို ယာယီပိတ်လိုက်ပါတယ်။
ထိုင်း ၊ မလေးနယ်စပ် ကနေတဆင့် မလေးရှားနိုင်ငံ ကို သွားရောက်ကြမယ့် တရားမဝင် မြန်မာ ၇၀ကျော်ကို ထိုင်းတောင်ပိုင်း ဆုံခလာပြည်နယ်ထဲမှာ ထိုင်းအာဏာပိုင်တွေက စက်တင်ဘာလ ၂၆ရက်နေ့ကဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။
နောက်ထပ်ကြည့်ရှုရန်