သထုံမြို့နယ်ဝင်းစိန်ကျေးရွာမှာ တက်ကြွလှုပ်ရှားသူတဦးကိုလာရောက်ဖမ်းဆီးတဲ့ သထုံအမှတ်(၉)လေ့ကျင့်ရေးတပ်က ဗိုလ်မူးတဦးအပါအဝင်၄ဦးနဲ့ ဒေသခံသထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား နိုဝင်ဘာလ(၁၀)ရက်နေ့က ပစ်ခတ်မူ တွေဖြစ်ခဲ့ပြီး သေဆုံးမူတွေရှိကြောင်း သထုံပြည်သူကာကွယ်ရေးတပ်ဖွဲ့ဘက်ကပြောပါတယ်။
အာရှ အဝေးပြေးလမ်းမကြီးရဲ့ ကရင်ပြည်နယ် ကော့ကရိတ် - မြဝတီ အပိုင်းထဲမှာ ကားတိမ်းမှောက်မှုကြောင့် ကားပေါ်ပါသူ ၈ ဦးလုံး သေဆုံးသွားပါတယ်။
ဘားအံမြို့မှာ (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကျင်းပဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေချိန်မှာပဲ အကြိုပွဲကျင်းပတဲ့ တနင်္ဂနွေနေ့က ပေါက်ကွဲမှုတချို့ ဖြစ်ပွားခဲ့ပါတယ်။
ထိုင်း၊ လာအိုနဲ့မြန်မာနိုင်ငံတွေကိုနယ်စပ်ဖြတ်ကျော်ပြီး လက်နက်ပို့ဆောင်ရောင်းချနေတဲ့မှောင်ခိုဂိုဏ်းတွေကို နှိမ်နှင်းနေတဲ့ ရဲတပ်ဖွဲ့ကထိုင်းနိုင်ငံသားတဦးနဲ့ လက်နက်တွေကို မဲဆောက်မြို့မှာ ဖမ်းမိခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ငွေကြေးခဝါချမှု၊ မူးယစ်မှောင်ခိုမှုတို့နဲ့ တရားစွဲခံထားရတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်နဲ့ ပတ်သက်နေတဲ့ပိုင်ဆိုင်မှု ထိုင်းဘတ်ငွေ ၂ ဘီလျံနီးပါးကို ထိုင်းရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာနတို့က သိမ်းဆည်းလိုက်ပါတယ်။
Methamphetamine စိတ်ကြွဆေးထုတ်လုပ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းတွေ မြန်မာနိုင်ငံဖက် တင်ပို့မှုတွေ ထိန်းချုပ်ဖို့ ထိုင်းအာဏာပိုင်တွေ ပြင်ဆင်နေပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ ပြောပြပေးမှာဖြစ်ပါတယ်။
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်မှာ ခရီးသည်တင်ကားတစီးနဲ့ ကုန်စိမ်းကားတစီး တိုက်မိပြီး၊ ကားတိမ်းမှောက်တာကြောင့် လူ (၇) ဦး သေဆုံးကာ ၁၄ ဦး ပြင်းထန်တဲ့ ဒဏ်ရာတွေရလို့ မြဝတီဆေးရုံကြီးကိုပို့ပြီး ကုသမှု့ခံနေရပါတယ်။
ကရင်ပြည်နယ်ကော့ကရိတ်မြိုနယ်ထဲက ကျိုက်ဒုံရဲစခန်းကို KNLA ပူးပေါင်းတပ်တွေက အောက်တိုဘာလ၂၈ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်းစစ်ကောင်စီတပ်တွေနဲ့ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်
ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အမှတ် (၇၇၇)တပ်ရင်းမှူး စောဝင်းကျော် ရဲ့နေအိမ်ကို အမည်မသိတဲ့ လက်နက်ကိုင်တွေက အောက်တိုဘာလ ၂၇ ရက်နေ့ညက သူ့ရဲ့ မိသားစုဝင်တွေကို ပစ်ခတ်ပြီး အိမ်ကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။
ထိုင်းနိုင်ငံနဲ့နယ်စပ် မလေးရှားနိုင်ငံမှာ လူမှောင်ခိုသူတချို့နဲ့အတူ မြန်မာနိုင်ငံသားတွေ အပါအဝင် လူ ၅၀ နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း မလေးရှား အာဏာပိုင်တွေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ လူမှောင်ခိုသူတွေကို နှိမ်နင်းတဲ့စစ်ဆင်ရေးအတွင်း ဖမ်းဆီးခံရသူတွေထဲ လိင်ဖျော်ဖြေရေးလုပ်ငန်းဆီပို့မယ့် အမျိုးသမီး ၁၇ ဦး ပါဝင်တယ်
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့မှာ စစ်ကောင်စီတပ်ကတဖက် ကရင်အမျိုသားလွတ်မြောက်ရေးတပ်နဲ့ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်နေပြီး အောက်တိုဘာလ၂၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ ကွီလုံးတိုင်စခန်းကို KNLA ပူးပေါင်းတပ်တွေက စီးနင်းခဲ့တာကြောင့် လက်နက်ချ စစ်သုံ့ပန်း ၁၇ ဦးနဲ့ လက်နက် အမြောက်အများ သိမ်းဆည်းရမိပါတယ်
ထိုင်းနိုင်ငံ ကို တရားမဝင် ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသား ၄၅ယောက်ကို အောက်တိုဘာလ၂၃ ရက်နေ့ က ထိုင်းအာဏာပိုင်တွေ ဖမ်းမိခဲ့ပြီး ၃ ရက်အတွင်း ကမ်ချနဘူရီ နဲ့ ချင်းမိုင်နယ်စပ်ကနေ ဝင်လာကြတဲ့ မြန်မာ ၁၀၀ ကျော်ကို ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ် ။
“ကော့နွဲ့ရွာသစ်ဘက်မှာ တိုက်ပွဲဖြစ်တယ်။ တပ်ရင်း (၁၇)၊ တပ်ရင်း(၂၇)၊ PDF ပူးပေါင်းတပ်တွေနဲ့ စကစတို့တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ မြဝတီအတက်ကားလမ်းတွေ အကုန်ပိတ်ကုန်တယ်။ BGF တွေကလည်း လမ်းလုံခြုံရေးယူထားတော့ သူတို့လမ်းတွေ အကုန်ပိတ်ထားတယ်။”(ကိုစောမွန်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA-PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် အောက်တိုဘာလ ၂၃ ရက်၊ ဒီကနေ့မနက်အစောကြီးမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ရွှေကုက္ကိုအရပ်က ကာစီနိုလောင်းကစားရုံတွေမှာ အလုပ်လုပ်ကိုင်ပြီးထိုင်းနိုင်ငံ ဘက်ကိုခိုးဝင်လာတဲ့ ထိုင်း၊ တရုတ်၊ ဗီယက်နမ်နိုင်ငံသားတွေကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက အောက်တို ဘာလ၂၁ ရက်နေ့မှာ ထိုင်းနိုင်ငံ မယ်လမမြို့ အနီးဖမ်းဆီးခဲ့ပါတယ်။
“မြဝတီကိုဝင်စီးမှာစိုးလို့ မြဝတီလုံခြုံရေးကတော့အတော်ကိုတင်းကြပ်နေတယ်။ ကော့ကရိတ်တိုက်ပွဲကြောင့် မြဝတီဘက်ကိုအတော်တင်းကြပ်နေတယ်။ ဒီဘက်ကို ဝင်လာမှာစိုးတာကြောင့်ပါ ဒီဘက်ကိုတက်လာမှာစိုးလို့။” (ဒေသခံ)
“မနေ့ညက အယောက် ၃၀ ဖမ်းမိတယ်။ ရာ့တ်ဘူရီမှာမိတာပေါ့နော်။ ကြံခင်းထဲမှာ ပွဲစားလာခေါ်တာကိုစောင့်နေတုန်းမှာ နယ်မြေခံ ငါးဖမ်းဖို့လာတဲ့ ထိုင်းနိုင်ငံသားတွေက သူတို့ကို တွေ့သွားတာပါ။ တွေ့တော့ အကြောင်းကြားတော့ သူတို့ကို မိသွားပါတယ်။ မလေးရှားကိုသွားမယ့် အုပ်စုတွေပါပဲ။”(ဦးမင်းဦး-အလုပ်သမားရေးတာဝန်ခံ)
ကရင်ပြည်နယ်၊ မြဝတီမြို့ မဲဆောက်-မြဝတီချစ်ကြည်ရေးတံတားနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးတို့အနီး ဒီကေဘီအေခေါင်းဆောင် ဗိုလ်မုတ်သုန်ရဲ့စတိုးဆိုင်ရှေ့မှာ ဓာတ်ငွေ့ရည်အိုးတွေနဲ့ ချိန်ကိုက်မိုင်းထောင်ထားတဲ့ ပိုင်ရှင်မဲ့ကားတစီးကို ဒီကနေ့ အာဏာပိုင်တွေက ရှင်းလင်းဖယ်ရှားခဲ့ပါတယ်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီရက်ပိုင်း စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်ဖွဲ့တွေ အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင် တချို့ကို ဖမ်းဆီးရမိကြောင်းလည်း ပြောဆိုပါတယ်။ မအေးအေးမာက သတင်းပေးပု့ိ့ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်