ဝင်ငွေကောင်းတဲ့အလုပ်လုပ်ရမယ်လို့ပြောပြီး အွန်လိုင်းကနေ ငွေလိမ်လည်ရတဲ့ လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေတာ ခံခဲ့ရတယ်လို့ ကရင်ပြည်နယ် မြဝတီခရိုင်၊ ရွှေကုက္ကိုလ်လောင်းကစားနယ်မြေမှာ ၃ လကြာ ဖိအားပေးခိုင်းစေခံရပြီး ပြန်လည် လွတ်မြောက်လာတဲ့ မြန်မာလူငယ်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခလယ်တံခွန်တိုင် ကျေးရွာအနီးမှာ ရွာသား ၃,ဝဝဝ ကျော် ထွက်ပြေး တိမ်းရှောင်နေရသလို၊၊ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တွေမှာဆိုလည်း စစ်ဘေးရှောင် ၃ သောင်းနီးပါး စားနပ်ရိက္ခာ ဆေးဝါး အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNLA တပ်ရင်း (၂) နဲ့ ပူးပေါင်းတပ်တွေက ဇွန်လ ၂၈ ရက်နေ့ ညပိုင်းမှာ ဖောက်ခွဲဖျက်ဆီးလိုက်လို့ တံတားပေါ်သွားနေတဲ့ကား၂စီး တံတားအောက် ထိုးကျပြီး တိမ်းမှောက်ခဲ့တာကြောင့် လူတဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတချို့ ရှိခဲ့တယ်လို့ KNLA/PDF ပူးပေါင်းတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းနဲ့ မလေးရှား နိုင်ငံနယ်စပ် ဆုန်ခလာခရိုင်၊ ရသဖုန်းနယ်မြေ ရဲစခန်းမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာကလေး ၁၃ ယောက်ဟာ ဇွန်လ ၂၅ ရက်နေ့က ထွက်ပြေးသွားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့ခရိုင်က လောင်းကစားမြို့တော်အဖြစ်နံမည်ကြီးတဲ့ ရွှေကုက္ကိုလ်ဒေသမှာ ဇွန်လ ၂၀ ရက်နေ့ကစပြီး ထိုင်းနိုင်ငံ ဘက်မှရောင်းချထားတဲ့ WIFI အင်တာနက် ဖြတ်တောက်ခဲ့တာကြောင့် ကာစီနိုလောင်းကစားလုပ်ငန်းနဲ့ အွန်လိုင်းဆိုင်ဘာလိမ်လည်တဲ့ လုပ်ငန်းတချို့ရပ်နားထားရပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာရှိတဲ့ ရွှေကုက္ကိုလ်အရပ်မှာ လူကုန်ကူးခံရပြီး ဒုစရိုက်ဂိုဏ်းတွေရဲ့ အဓမ္မ ခိုင်းစေခံနေရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၅၀ နီးပါးကို အင်ဒိုနီးရှား သံရုံးနဲ့အတူ လက်တွဲ ကယ်တင်နိုင်ခဲ့ပြီး နေရပ် ပြန်ပို့တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ထိုင်းရဲချုပ် Surachet Hakpal က ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ် ကော့သောင်းရနောင်းလမ်းကနေ နယ်စပ်ဖြတ်ကျော်တဲ့လက်မှတ်များပြုလုပ်ပြီးတဲ့နောက် ဘန်ကောက်ကို တက်ဖို့ကြိုးစားကြတဲ့မြန်မာ၆ဦးကို ဇွန်လ၂၃ရက်နေ့ကဖမ်းမိပါတယ်။
ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA /PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း နယ်မြေစိုးမိုးဖို့အတွက် တပ်အင်အားတွေ အများအပြား စေလွှတ်နေပါတယ်။
ထိုင်း မြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်မြို့မှာ ရွှေတြိဂံဒေသကနေ လာပြီး မြန်မာနိုင်ငံတွင်းက လောင်းကစားရုံတွေမှာ ဝင်ရောက်အလုပ်လုပ်ကိုင်ကြမယ့် အထောက်မဲ့ ဗီယက်နမ်နိုင်ငံသားတွေကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ မဲဆိုင်-တာချီလိတ် နယ်ခြားကော်မတီ အစည်းအဝေးကို ဇွန်လ ၁၉ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ကျင်းပခဲ့ပြီး ထိုင်းနယ်စပ်နဲ့နီးတဲ့ UWSA စခန်း ၅ခုကို ဖယ်ရှားပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ထိုင်းနိုင်ငံရဲ့အလုပ်သမား ရှားပါးမှုပြဿနာကို ဖြေရှင်းဖို့အတွက် သက်တမ်း ၄ နှစ် ကုန်ဆုံးတဲ့ အလုပ်သမားတွေရဲ့ နိုင်ငံကူးလက်မှတ် စာရွက်စာတမ်းများ တင်သွင်းမဲ့ရက်ကို ဇူလိုင် ၃၁ ရက်အထိ ရက်ထပ်တိုးပေးထားကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
မဲဆောက်မြို့ မြူနီစပါယ်ရုံးမှာ ၃လအတွင်း မြန်မာနိုင်ငံသား၇၀၀ကျော် ကို ၁၀ နှစ်ခံကဒ်လို့မြန်မာတွေခေါ်ကြတဲ့ နေထိုင်ခွင့်အထောက်အထားလက်မှတ်ကို အခကြေးငွေယူပြီးပြုလုပ်ပေးတာပါ။
ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ အခြေစိုက်တဲ့ စစ်ကောင်စီ စခန်းတချို့ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ စီးနင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုတချို့ ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ အခြေစိုက်တဲ့ စစ်ကောင်စီ စခန်းတချို့ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ စီးနင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုတချို့ ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်လိုက်ပါတယ်။
ထိုင်းမြန်မာနယ်စပ်၊ ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်းရှိ တောင်လှ၊ ဘီပီ ၁၄၊ မယ်တနွယ် နယ်စပ်စခန်းတွေ နဲ့ မယ်စဲ့မြို့မရဲစခန်းတို့ကို ဇွန်လ ၁၃ ရက် အစောပိုင်းက ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ နေထိုင်သူတွေကို အာဏာပိုင်တွေ စစ်ဆေး ဖမ်းဆီးနေရာမှာ မြန်မာနိုင်ငံသား အများအပြားလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ဇွန်လ ၁၅ရက်နေ့မှ စပြီး မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ်တို့ကို ဆက်သွယ်ထားတဲ့ အမှတ်(၈) ကားလမ်းမကြီး တလျှောက်မှာ သွားလာနေတဲ့ အရပ်သား မော်တော်ယာဉ်တွေအနေနဲ့ စစ်တပ်နဲ့ ပတ်သက်တဲ့ပစ္စည်းတွေ၊ လူတွေ၊ ခဲယမ်းတွေ မတင်ဖို့ KNU က သတိပေးစာ ထုတ်ထားပါတယ်။
ရွှေကုက္ကိုလ်မြို့သစ်က တရုတ်ကာစီနို မြို့သစ်စီမံကိန်းနေရာ နှစ်ခုကို ထိုင်းဖက်က လျှပ်စစ်မီးဖြတ်တောက်လိုက်ပေမယ့်၊ နယ်စပ်တလျှောက် နယ်ခြားစောင့်တပ်နဲ့ ကရင်လက်နက်ကိုင်တွေပိုင်တဲ့ ကာစီနို လောင်းကစားရုံ ၁၀ ခုထက်မနည်းကတော့ မီးရရှိပြီး ပုံမှန်လည်ပတ်နေဆဲလို့ သိရပါတယ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ကနေ ဇွန်လ ၉ ရက်နေ့က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ကမိုင်ကုန်းကျေးရွာသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး တဦးက စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ဆိုပါတယ်။ ဇွန်လ ၇ ရက်နေ့ကနေ ၃ ရက်အတွင်း အရပ်သား ၂ ဦး သေဆုံးပြီး၊ ၈ ဦးလောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ထိုင်းနိုင်ငံထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရတဲ့ ပြည်နယ် ၁၄ ခုက မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၃ ဦးကို ဒီကနေ့ နေလည်ပိုင်းမှာ ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ကြောင်း ကော့သောင်းမြို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (MWRC)တာဝန်ခံ ဦးမိုးဝေက အခုလို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်