ဒီလပိုင်းတွေအတွင်း စစ်တပ်ဘက်က ထိုးစစ်ဆင်တာတွေ ပိုပြီး ကြံ့ကြ့ခံ ရင်ဆိုင်နေရသလို၊ အိမ်နီးချင်း တရုတ်နိုင်ငံဘက်က မြန်မာစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲဖို့ စေ့စပ်ဆွေးနွေးဖို့ ဖိအားပေးတာတွေလည်း တိုးပြီး ရင်ဆိုင်နေရတယ်လို့ TNLA တအာင်းပလောင်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ မအေးသန္တာကျော်က တင်ပြပါလိမ့်မယ်။
ကမ္ဘာကျော် ကေပေါ့အဖွဲ့ဖြစ်တဲ့ BTS အမှတ်တရပစ္စည်းတွေရောင်းချတဲ့ pop-up ဆိုင်တဆိုင် နယူးယောက်မြို့မှာ ဖွင့်ထားပါတယ်။ ဟောင်ကောင်က ရုပ်ရှင်ဆုချီးမြှင့်ပွဲကိုတော့ အကယ်ဒမီဆုရှင် မီရှဲလ်ယိုးလည်း တက်ရောက်ခဲ့တာပါ။ ဒီလိုကမ္ဘာတလွှားက သတင်းတွေကို မအေးသန္တာကျော်သက်တံရောင်သတင်းလွှာအစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
ရပ်ကွက်ထဲ ရေပိုက်ပြင်လို့ ချိုင့်ဖြစ်နေတာ ကြည့်မရသူ မင်းသားအာနိုး ကိုယ်တိုင် လမ်းအပေါက်ဖာ၊ ကမ္ဘောဒီယား နွားလှည်းပြိုင်ပွဲ၊ AK-47 M-16 သေနတ်တွေက ကျည်ဆန်တွေနဲ့ လက်ဝတ်လက်စား ဖန်တီးရောင်းချ၊ ဒီလို ဆိုရှယ်မီဒီယာ လူကြည့်များတဲ့ တမိနစ်သတင်းတိုတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
အင်ဒီယာနာဂျုံးစ်ရုပ်ရှင်ကားတွဲ အသစ်နဲ့ နောက်ဆုံးကားဖြစ်မယ့် ဇာတ်ကား ဇွန်လမှာ ကမ္ဘာတဝန်းရုံတင်၊ တချိန်က နာမည်ကျော်မော်ဒယ်ဘရွတ်ရှီးလ်စ် ဘဝဇာတ်ကြောင်း မှတ်တမ်းရုပ်ရှင် Hulu အွန်လိုင်း ရုပ်သံလိုင်းမှာပြ၊ ဒီလို အနုပညာလောကသတင်းတွေကို သက်တံရောင် သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေး နိုင်ငံတကာက ဝိုင်းဝန်းကြိုးပမ်းနေမှု မအောင်မြင်ရတာက အမေရိကန်ကြောင့်လို့ တရုတ်နိုင်ငံက ပြောပါတယ်။ ဒါဟုတ်မှန်ပါသလား။ အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
ဟောလီးဝုဒ်မင်းသား အော်လန်ဒိုဘလွန်း ယူကရိန်းကို သွားရောက်ပြီးသမ္မတ ဇလန်းစကီးနဲ့ တွေ့ဆုံ၊ ဗြိတိသျှရော့ခ်ဂီတအဖွဲ့ Coldplay ဘရာဇီးလ်နိုင်ငံ ဖျော်ဖြေရေးခရီးမှာ သမ္မတဒါဆေးလ်ဗားနဲ့ ဥတုရာသီကိစ္စရပ်တွေ ဆွေးနွေး၊ ထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာလောက သတင်းတွေကို သက်တံရောင်သတင်းလွှာမှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
ရုရှားသမ္မတကို ဖမ်းဝရမ်းထုတ်ပေမဲ့ ယူကရိန်းအမျိုးသားရေးဝါဒီတွေရဲ့ ကျူးလွန်မှုတွေကို အရေးမယူတဲ့ ICC နိုင်ငံတကာရာဇဝတ်မှု တရားရုံးက စံ ၂ မျိုးကျင့်သုံးနေတယ်လို့ ရုရှားက ပြောပါတယ်။ ဒါဟုတ်ပါသလား။ အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
ယူကရိန်းအထပ်မြင့် လူနေတိုက်တန်းတခုကို ရုရှားဒုံးကျည် ၂ စင်းပစ်လွှတ်တိုက်ခိုက်၊ မြောက်နဲ့ နယ်စပ်နား တောင်ကိုရီးယား ကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်၊ ရုရှား ဒုံးတင်လေယာဉ်တွေ ဂျပန်ပင်လယ်ပြင်မှာ ပျံသန်း၊ ဒီလို ဆိုရှယ်မီဒီယာ လူကြည့်များတဲ့ တမိနစ်သတင်းတိုတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
တချိန်က အာရှဂီတရပ်ဝန်းမှာ ထိပ်ဆုံးကရှိခဲ့တဲ့ ကန်တိုပေါ့ဂီတ၊ ဟောင်ကောင်က ကန်တုန်တရုတ်ဘာသာနဲ့ သီဆိုတဲ့ သီချင်းတွေ ပရိသတ်တွေအကြား နေရာပြန်ယူနိုင်ဖို့ ဟောင်ကောင်ကလူငယ်ဂီတအဖွဲ့. Mirror ကြိုးပမ်းနေပြီး မတ် ၁၇ ကပဲ အင်္ဂလိပ်သီချင်းတပုဒ် ထုတ်လိုက်တာပါ။ သက်တံရောင်သတင်းလွှာမှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
လေယာဉ်စွန့်စားမောင်းနှင်သူတဦး မိုးမျှော်ထိပ်ခေါင်မိုး ကွက်လပ်ကျဉ်းကျဉ်းလေးပေါ်မှာ လေယာဉ် အောင်အောင်မြင်မြင် ဆင်းသက်ပြ၊ အနောက်နိုင်ငံထုတ် တင့်ကားနဲ့ စစ်လက်နက် အယောင်ဆောင် ပစ္စည်းတွေတွေ အဝယ်လိုက်၊ ဒီလို ဆိုရှယ်မီဒီယာ လူကြည့်များတဲ့ တမိနစ်သတင်းတိုတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းက စိန်ကန့်လန့်ကျေးရွာမှာ ဒီကနေ့မနက် အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်တချို့ပျက်ဆီးခဲ့သလို ကရင်ပြည်နယ်၊ သာမညတောင်ခြေမှာလည်း အလားတူ မိုးသည်းပြီး လေပြင်း တိုက်ခတ်တာကြောင့် သစ်ပင်တွေကျိုးကျပြီး နေအိမ်တချို့ ပျက်ဆီးခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ နိုင်ငံသားတိုင်းအတွက် ပညာရေးက မရှိမဖြစ်လိုအပ်ချက်လို့ - တာလီဘန်အစိုးရက ထပ်ပြောသွားပါတယ်။ တကယ်တန်းကျတော့ မိန်းခလေးတွေ အလယ်တန်းကျောင်းမတက်ရ၊ တက္ကသိုလ်တွေ ပြန်ဖွင့်တော့လည်း မတက်ရပါဘူး။ အချက်အလက်အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
တူရကီမှာ အားပြင်းငလျင်ထပ်တွေနောက်ပိုင်း အဆောက်အဦးတွေ ထပ်ပြိုကျ၊ ထိန်းချုပ်ဖြိုချ ရတာတွေ ရှိ၊ ဆီးရီးယားမှာ ငလျင်ဘေးက လွတ်လာတဲ့ ကလေးလေး ကမ္ဘာ့ဘော်လုံး အကျော်အမော်နဲ့ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ တွေ့ခွင့်ရ၊ ဒီလို ဆိုရှယ်မီဒီယာ လူကြည့်များတဲ့ တမိနစ်သတင်းတိုတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
ကမ္ဘာကျော် K pop အဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ရဲ့ သီချင်းအပြင်အဆင်နဲ့ လယ်ဂိုအရုပ်ဆိုင်က အရုပ်ရောင်းချပေးတာ လူကြိုက်များ၊ J Hope ရဲ့ တယောက်တည်း သီချင်းသစ်ထွက်လာပြီး မကြာခင်လည်း သူစစ်မှုထမ်းဖို့ရှိ၊ ဒီလို ထင်ပေါ်ကျော်ကြားသူတွေရဲ့ သတင်းတွေကို မအေးသန္တာကျော် သက်တံရောင်သတင်းလွှာမှာ တင်ဆက်ပေးထားပါတယ်။
ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ်နဲ့ ချင်းပြည်နယ် စတဲ့ ဒေသအတော်များများမှာ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံတွေ အိမ်ပြန်ခွင့်မရတာ ၂ နှစ်နီးပါး ရှိလာပြီဖြစ်လို့ စားရေးသောက်ရေးတွေလည်း ပိုမိုခက်ခဲလာကြတယ်လို့ စစ်ပြေးဒုက္ခသည်တွေက ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခ ပိုကျယ်ပြန့်လာသလို မြေပြင်ထိုးစစ်တွေနဲ့၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အသက်သေဆုံးမှုတွေ ပိုများလာနေပါတယ်။ ဒေသခံတွေ အိုးအိမ်စွန့်ထွက်ပြေးကြရတာတွေ ပိုများပြီး အကူအညီတွေလည်း ပိုပြီးလိုအပ်နေတာပါ။ ရန်ကုန်က သတင်းထောက်မှတ်စုကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
တရုတ်မင်းသမီး ဖန်ဘင်ဘင်း အနုပညာမြင်ကွင်းက ၅ နှစ်နီးပါး ပျောက်နေပြီးနောက် လူထုပရိသတ်ရှေ့ ပြန်ရောက်လာတော့ သူ့ကို ပရိသတ်တွေ ဝမ်းသာအားရ ကြိုဆိုခဲ့ကြပါတယ်။ အခွန်ရှောင်မှုနဲ့ ၂၀၁၈ မှာ ဒေါ်လာ ၁၂၉ သန်း ဒဏ်ရိုက်ခံရပြီး သူလူမြင်ကွင်းက ပျောက်သွားတာပါ။ သက်တံရောင်သတင်းလွှာ အစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
ယူကရိန်းကို ရုရှားကျော်ခဲ့တဲ့ စစ်ပွဲ တနှစ်ကြာလာတဲ့အချိန် စွန့်ပစ် စစ်မြေပြင်သုံးပစ္စည်းတွေကို ယူကရိန်းနိုင်ငံမှာ ပရိဘောဂအဖြစ် ပြောင်းလဲဖန်တီးထားပါတယ်။ ဒီပစ္စည်းတွေရောင်းရငွေကို ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့အတွက် ရန်ပုံငွေအဖြစ် ထောက်ပံ့မှာ ဖြစ်ပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်
တူရကီမှာ အားပြင်းငလျင်ထပ်လှုပ်တော့ အားလုံးအထိန့်တလန့် ရှိခဲ့ပြီး ငလျင်လှုပ်နေတာကို ကားလုံခြုံရေးကင်မရာမှာ တွေ့ရ၊ ကယ်လီဖိုးနီးယားက မီးတောက်ရေတံခွန်ကို လာကြည့်သူတွေနဲ့ စည်ကား၊ ဒီလို ဆိုရှယ်မီဒီယာ လူကြည့်များတဲ့ တမိနစ်သတင်းတိုတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ထိုးတဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ အခု တနှစ်ပြည့်လာချိန်မှာ ဒီစစ်ပွဲကြီးရဲ့ လားရာ ဘယ်လိုရှိနေပါလဲ။ ငြိမ်းချမ်းရေးအရိပ်အယောင် တွေ့နေရပါလား။ VOA ပုံပြရုပ်သံကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်