Berlinale နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဇာတ်ကားဆု ဝင်ရောက်ယှဉ်ပြိုင်တဲ့ Past Lives ဆိုတဲ့ ကိုရီးယားရုပ်ရှင်ကားက နိုင်ငံခြားရွှေ့ပြောင်းအခြေချလို့ ချစ်တဲ့သူတွေနဲ့ ဝေးကွာကြရတာကို ဇာတ်အိမ်တည်ထားပြီး ရုပ်ရှင်ဝေဖန်ပေးသမားတွေ ချီးကျူးနေကြပါတယ်။ သက်တံရောင်သတင်းလွှာမှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
တူရကီမှာ ငလျင်ကြီးတွေလှုပ်သွားတာ နာရီပေါင်း ၂၀၀ ကျော်ချိန်အထိ အပြိုအပျက်ပုံတွေအောက်က လူတွေ အသက်ရှင်ရက် ကယ်တင်နိုင်ခဲ့ပါတယ်။ မက္ကဆီကို နိုင်ငံက ကမ္ဘာ့အသက်အကြီးဆုံး ခွေးကြီး အသက် ၃၀ ပြည့်သွားခဲ့ပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
သြစတြေးလျနိုင်ငံ New South Wales (နယူး ဆောက် ဝေးလ်) ပြည်နယ်မှာ ဆရာဝန်မလုံလောက်တဲ့ ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအေးသန္တာကျော်က တင်ဆက်ထားပါတယ်။
ကိုဗစ်ကပ်ရောဂါကာလ အိမ်ပြင်မထွက်ရ အမိန့်တွေ၊ ခရီးသွားလာမှု ကန့်သတ်ချက်တွေကြောင့် သြစတြေးလျနိုင်ငံသားတွေက ပြည်တွင်းက Keppel (ကပ်ပယ်) ကျွန်းကို အလာများခဲ့ပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအေးသန္တာကျော်က တင်ဆက်ထားပါတယ်။
လူအသေအဆုံးများပြားတဲ့ ငလျင်ဒဏ်သင့်ခဲ့ပေမဲ့ အမိဝမ်းထဲက မရ၊ ရအောင် ထွက်လာတဲ့ ကလေးလေးနဲ့ လူတချို့ကတော့ ကြံဖန်ပြီး အသက်ပြင်း၊ အိန္ဒိယနိုင်ငံမှာ နေရောင်ခြည်စွမ်းအင်သုံး မော်တော်ကားကို မိတ်ဆက်၊ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
ရုရှားအစိုးရကို ဆန့်ကျင်တဲ့ ပူစီရိုင်းရော့အဖွဲ့ ပူတင်၏မီးခိုးပြာများ ပြခန်း ကျင်းပ၊ ဒါရိုက်တာဂျိမ်းစ်ကမ်မရွန်ရဲ့ အက်ဗာတာ (၂) ရုပ်ရှင် အမေရိကားမှာ သီတင်း ၇ ပတ် ဆက်တိုက် ရုံတင်ဝင်ငွေအများဆုံးဖြစ်၊ ဒီလို ထင်ပေါ်ကျော်ကြားသူတွေရဲ့ သတင်းတွေကို မအေးသန္တာကျော် သက်တံရောင်သတင်းလွှာမှာ တင်ဆက်ပေးထားပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းမှာ ကျူးကျော်စစ်ထိုးနေတာဟာ ယူကရိန်းကို တိုက်နေတာမဟုတ်ပဲ နေတိုးမဟာမိတ်တဖွဲ့လုံးကတဘက်၊ ရုရှားတနိုင်ငံတည်းက တဘက်ဖြစ်နေတဲ့ စစ်ပွဲပါလို့ ရုရှားသမ္မတ ထိပ်တန်းအကြံပေးက ပြောပါတယ်။ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာမ အေးသန္တာကျော်က တင်ဆက်ထားပါတယ်။
ဗြိတိန်နိုင်ငံက အသက် ၂ နှစ် ကလေး စာဖတ်တတ်ပြီး ၄ နှစ်ရောက်တော့ ကမာ့္ဘ ဉာဏ်အကောင်းဆုံး သူများအဖွဲ့ထဲ အသက်အငယ်ဆုံးနဲ့ရောက်ရှိ၊ လမ်းပေါ်ကားကြပ်တာကို ရှောင်ဖို့ လူစီးဒရုန်းကို အစ္စရေး ရောင်းဖို့လုပ်၊ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
ကေပေါ့ပ် BTS အဖွဲ့ထဲက Jimin ပြင်သစ်ဖက်ရှင်တံဆိပ် Dior ကို ကိုယ်စားပြုတဲ့ သံတမန်ဖြစ်၊ အမေရိကန်နာမည်ကျော် အဆိုတော် Beyonce ၂၀၁၈ နောက်ပိုင်း ပထမဆုံးအကြိမ် ဒူဘိုင်းနိုင်ငံမှာဖျော်ဖြေ၊ ဒီလို ထင်ပေါ်ကျော်ကြားသူတွေရဲ့ သတင်းတွေကို မအေးသန္တာကျော် သက်တံရောင်သတင်းလွှာမှာ တင်ဆက်ပေးထားပါတယ်။
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Heilongjiang ပြည်နယ် Harbin မြို့မှာ ၃၉ ကြိမ်မြောက် နိုင်ငံတကာ ရေခဲနဲ့ နှင်းပွဲတော်ကို ကျင်းပခဲ့ပါတယ်။ အရင်နှစ်နဲ့မတူဘဲ ချားရဟတ်တစီးပါ ပါဝင်တာ ဖြစ်ပြီး ရေခဲနဲ့လုပ်ထားတဲ့ ရဲတိုက်တွေ မီးရောင်စုံ အလှဆင်ထားတာကို ခရီးသွားတွေ လာကြည့်ကြပါတယ်။ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
နီပေါလေယာဉ်ပျက်ကျပုံကို တိုက်တိုက်ဆိုင်ဆိုင် မြေပြင်ကနေရော၊ လေယာဉ်ထဲကနေပါ ဗွီဒီယို ရိုက်ထားလိုက်တာတွေရှိခဲ့၊ ဗီယက်နမ် နှစ်သစ်ကူးကာလ ခြေထောက်တုတ် ကြက်နဂါးတွေကို လူတွေ ဈေးကြီးပေးပြီး ဝယ်ယူကြ၊ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
ဟောလီးဝုဒ်ကျော်မင်းသားကြီး အာနိုး ကိုယ်ထည် အရောင် ၃၂ မျိုးပြောင်း BMW ကား မိတ်ဆက်ပေး၊ အဲဗစ်ပရက်စလေရဲ့ တဦးတည်းသောသမီး လီဆာ ရုတ်တရက်ကွယ်လွန်မှု ဂီတရုပ်ရှင်အသိုက်အဝန်းနဲ့ ပရိတ်သတ်များ အထူးကြေကွဲ၊ အနုပညာနဲ့ထင်ပေါ်ကျော်ကြားသူများ သတင်းတွေကို သက်တံရောင်သတင်းလွှာ အစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
အီရန်နိုင်ငံမှာ အစိုးရဆန့်ကျင်သူ နာမည်ကြီး မင်းသမီးဖမ်းခံရတာကနေ ပြန်လွတ်လာပါတယ်။ နာမည်ကြီး ဗြိတိသျှအဆိုတော်ကို သူ့မိခင်နိုင်ငံက နိုင်ငံသားအဖြစ် ချီးမြှင့်လိုက်ပါတယ်။ ကမ္ဘာတလွှားထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာလောက က သတင်းတွေကို သက်တံရောင်သတင်းလွှာ အစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
ယူကရိန်းနဲ့ ရုရှားစစ်ဖြစ်နေတဲ့ ဥရောပဒေသတဝှိက် မဟာမိတ်နိုင်ငံတွေဆီ အမေရိကန်က စစ်မော်တော်ယာဉ်တွေ ထောင်ချီပို့ဆောင်၊ CES ပြခန်းမှာတော့ ဒေါ်လာတသောင်းတန် အိမ်သာကမုတ်၊ ရေပေါ်လျှပ်ပျံမော်တော်ဘုတ်၊ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
ဘယ်ကားအဟောင်းကိုမဆို ၄၅ မိနစ်အတွင်း ရောင်းနိုင်မယ့် စနစ်သစ်ကို ပြင်သစ်ကုမ္ပဏီတခုက ဖန်တီးထားပါတယ်။စက်ထဲကို ကားမောင်းသွားရုံနဲ့ ကားအခြေအနေကို စက္ကန့်ပိုင်းအတွင်းစစ်ဆေးနိုင်တဲ့အပြင် ရောင်းထွက်မယ့် ကားဈေးနှုန်းကိုပါ မိနစ်ပိုင်းအတွင်း ပြောပြနိုင်တာပါ။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအေးသန္တာကျော်က တင်ဆက်ထားပါတယ်
ရုရှားနိုင်ငံက စီးပွားရေးဟာ ကမ္ဘာ့စက်မှုထိပ်သီး နိုင်ငံများ G-20 နိုင်ငံတွေထက် ပိုကောင်းတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ပြောပါတယ်။ သူပြောသလို တကယ်ပဲ စီးပွားရေး ပိုမိုကောင်းမွန် ခိုင်မာတာပါလား။ အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
ဘော်လုံးအကျော်အမော်ကြီးပီလီရဲ့ ရုပ်အလောင်း လူတွေ မိုင်ချီတန်းစီ ဂါရဝပြု၊ ဆော်ဒီရောက် ရော်နယ်ဒိုကို ဝမ်းပမ်းတသာ ကြိုဆို၊ ကယ်လီဖိုးနီးယားမှာ ပေ ၂၅၀ ချောက်တဲ့ကျတဲ့ ကား လူတွေအားလုံးအသက်မသေ လွတ်မြောက်၊ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
ငါးအဆမတန် မျှားမှုကြောင့် အမျိုးသားတွေ အများစုလုပ်ကိုင်တဲ့ တံငါလုပ်ငန်းက ဝင်ငွေနည်းလာတာကြောင့် အိမ်ထောင်စုဝင်ငွေတိုးစေဖို့ အမျိုးသမီးတွေက ရေညှိဆယ်တဲ့ လုပ်ငန်းကို လုပ်ကိုင်လာကြပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအေးသန္တာကျော်က တင်ဆက်ထားပါတယ်။
အမေရိကန် ပေါ့ပ်အဆိုတော် တေလာဆွီစ်ဖ် နောက်ဆုံးထွက်ဓာတ်ပြား စံချိန်ချိုးအောင်မြင်မှုရ၊ ကနေဒါ နာမည်ကျော် အဆိုတော် ဂျပ်စတင်ဘီဘာသီချင်း မူပိုင်ခွင့် ဒေါ်လာသန်း ၂၀၀ နဲ့ ရောင်းချဖို့ ဈေးဆိုင်၊ ထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာသတင်းတွေကို သက်တံရောင်သတင်းလွှာ အစီအစဉ်မှာ မအေးသန္တာကျော်တင်ဆက်ပေးထားပါတယ်။
၂၀၂၂ ခုနှစ်ကတော့ ကမ္ဘာတဝန်း သဘာဝဘေးဆိုးတွေ ပိုတိုးကြုံရသလို ၂၄ နာရီ ချိတ်ဆက် ထားနိုင်တဲ့ ဆိုရှယ်မီဒီယာကွန်ရက်အသုံးပြုမှု ပိုတွင်ကျယ်လာတာကြောင့်လည်း ဒီလို ဖြစ်ရပ်တွေကို တွေ့မြင်ဖို့ အခွင့်အလန်းလည်း ပိုများလာတာပါ။ VOA မြန်မာဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်းတိုတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်