တောင်ကိုရီးယားနိုင်ငံမှာ ကျန်းမာရေးအတွက်သင့်တော်တဲ့ ဖျော်ရည်တမျိုးကို မကြာသေးခင်က စားသောက်ကုန် ဈေးကွက်ထဲမိတ်ဆက်လိုက်ပါတယ်။
ကမ္ဘာ့နာမည်ကျော် ထိပ်တန်းအီတလီဖက်ရှင်တံဆိပ် Gucci အမှတ်တံဆိပ်ကို စတည်ထောင်တဲ့ မိသားစုအကြောင်း House of Gucci ရုပ်ရှင် ရိုက်ကူးထားပါတယ်။ ဟောလိဝုဒ်အကျော်အမော် George Clooney က သူ့ကလေးတွေဓာတ်ပုံကို မီဒီယာတွေမှာ မထည့်ဖို့ ပောပါတယ်။ သက်တံရောင်သတင်းလွှာ အစီအစဉ်မှာ မအေးသန္တာကျော် စုစည်း တင်ပြထားပါတယ်။
မြန်မာပြည်က ပေးစာ VOA သောတရှင်တွေရဲ့ ဝေဖန်အကြံပေးစားတွေ၊ ရင်ဖွင့်စာတွေနဲ့ တေးသီချင်းတောင်းလွှာတွေကို မြန်မာပြည်က ပေးစာများအစီအစဉ်ကနေ အပတ်စဉ် ပြန်ကြားပေးပါတယ်။
စစ်ကောင်စီ ဖမ်းဆီးပြီး ထောင်ဒဏ် ၁၁ နှစ်ချခံရတဲ့ Frontier Myanmar သတင်းဌာနက အယ်ဒီတာ Danny Fenster ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပါတယ်။ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ မြန်မာသတင်းသမားတွေကိုလည်း ပြန်လွှတ်ပေးဖို့ ဝိုင်းတောင်းဆိုနေကြတာပါ။ သတင်းထောက်မှတ်စု အစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
ဂျာမနီနိုင်ငံမှာ ခရစ္စမတ်ရာသီဈေးလေးတွေ ဖွင့်လှစ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ဂျာမနီနိုင်ငံဟာ ကိုဗစ် စတုတ္ထလှိုင်းနဲ့ ရင်ဆိုင်နေရပေမဲ့ ကန့်သတ်မှုတွေကို အပြည့်မလုပ်ဘဲ တချို့ပိတ်၊ တချို့ဖွင့်ပုံစံနဲ့ ကပ်ဘေးကြားကနေ စီးပွားလည်ပတ်မှုလည်း အဆင်ပြေအောင် လုပ်ဆောင်နေတာပါ။ မအေးသန္တာကျော် ဆက်ပြောပြပေးပါမယ်။
Boston Dynamic စက်ရုပ်ကုမ္ပဏီက တီထွင်တဲ့ ခွေးစက်ရုပ်လေး နာမည်ကြီး Rolling Stones သီချင်းတပုဒ်နဲ့ ကပြပြီး ဒူဘိုင်းမြို့မှာ ကျင်းပနေတဲ့ Expo2020 ကုန်စည်ပြပွဲမှာတော့ နာမည်ကြီး Netflix ရုပ်ရှင်စီးရီး Squid Game ထဲက ကစားနည်းတွေ ကစားလို့ရအောင် လုပ်ပေးထားပါတယ်။ မအေးသန္တာကျော်က စုစည်း တင်ဆက်ထားပါတယ်။
၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပခဲ့ပြီး လပိုင်းအတွင်းမှာပဲ အာဏာသိမ်းခံခဲ့ရ၊ အခုထိ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ စစ်ရေးပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရလို့ လူထုအနေနဲ့ နေ့စဉ်ဘဝ ခက်ခက်ခဲခဲ ကျော်ဖြတ်နေရတယ်လို့ မဲဆန္ဒရှင်တွေက ပြောပါတယ်။ သတင်းထောက်မှတ်စု အစီအစဉ်မှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
အီတလီ ဖက်ရှင်တံဆိပ် Gucci ရဲ့ ဖက်ရှင်ရှိုးကို အမေရိကန်ပြည်ထောင်စု Los Angeles မြို့က Hollywood Boulevard လမ်းမကြီးကို ပိတ်ပြီး ကျင်းပသွားပါတယ်။ ကမ္ဘာ့ ဥတုရာသီပြောင်းလဲမှု ကြိုးပမ်းတဲ့ မင်းသား Leonardo DiCaprio ကတော့ COP26 ဆွေးနွေးပွဲဆီ ရောက်လာခဲ့တာပါ။ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၉ လကျော်ကြာ ကာလအတွင်း နိုင်ငံတွင်း စစ်ရေးပဋိပက္ခ ပြင်းထန်နေဆဲဖြစ်နေတဲ့ အချိန်မှာ ပညာရေး၊ ကျန်းမာရေး၊ စားသောက်နေထိုင်ရေး အခြေအနေတွေ ဘယ်လိုရှိနေပါသလဲ။ သတင်းထောက်မှတ်စု အစီအစဉ်မှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
သက်တော် ၉ ၅ ရှိပြီဖြစ်တဲ့ ဗြိတိသျှဘုရင်မကြီး အနားယူဖို့လိုအပ်လို့ သတင်း ၂ ပတ် အပြင်မထွက်နိုင်ဘူးလို့ ဆိုပါတယ်။ ကိုဗစ်ကပ်ဘေး အဆိုးရွားဆုံးထိခဲ့တဲ့ မြို့တမြို့ဖြစ်တဲ့ မွန်ဘိုင်းမှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်လိုက်ပါပြီ။ မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
အမေရိကန်နည်းပညာကုမ္ပဏီဖြစ်တဲ့ Boston Dynamics က တီထွင်တဲ့ စက်ရုပ်ခွေးလေးရဲ့ ရိုးလင်းစတုန်းစ် အက ကို လူတွေ သဘောကျနေကြပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ကိုဗစ်ကူးစက်ကပ်ဘေးကြောင့် မနှစ်ကမကျင်းပလိုက်ရတဲ့ ဖက်ရှင်ရှိုးတစ်ခုကို ဒီနှစ်တော့ အောင်အောင်မြင်မြင်ကျင်းပလိုက်နိုင်ပါတယ်။
👻 အောက်တိုဘာလ ၃၁ ရက်နေ့ကျရောက်ခဲ့တဲ့ တစ္ဆေကြီးများနေ့မှာ လူတွေတင်မဟုတ်ဘဲ ခွေးလေးတွေလည်း ဝတ်စုံအဆန်းတွေဝတ်ပြီး ဆင်နွှဲခဲ့ကြပါတယ်။
ထိုင်ဝမ်အုပ်ချုပ်မှုအောက်က Kinmen ကျွန်းဟာ တရုတ်ပြည်မကြီးနဲ့ ၂ မိုင်လောက်ပဲ ဝေးတာပါ။ အရင်ကဆို ဒီကျွန်းကို တရုတ်တပ်တွေ မကြာခဏချည်းကပ်ပြီး ခြောက်လှန့်တဲ့နေရာလည်း ဖြစ်ပါတယ်။ တရုတ်နဲ့ ထိုင်ဝမ် တင်းမာမှုက ဒီကျွန်းပေါ် ဘယ်လို ရိုက်ခတ်မှု ရှိပါလဲ။ ရိုက်တာသတင်းကို မအေးသန္တာကျော် ပြောပြထားပါတယ်။
ဂျပန်ဘုရင်မင်းမြတ်ရဲ့ တူမ၊ တော်ဝန်မင်းသမီး Mako ဟာ ကျောင်းကတည်းက ချစ်ကြိုက်လာတဲ့ သာမန်အရပ်သား Kei Komuro နဲ့ အောက်တိုဘာ ၂၆ ရက်နေ့ကပဲ လက်ထပ်လိုက်ပြီး တော်ဝန်အဆောင်အယောင်တွေအားလုံး စွန့်လွှတ်လိုက်ပါတယ်။
စစ်ကောင်စီ ဖမ်းဆီးထားသူများ လွှတ်ပေးတာ ပြန်လည်ဖမ်းဆီးတဲ့ အခြေအနေ၊ စက်မှုထိပ်သီးနိုင်ငံများ ဆွေးနွေးပွဲ မြန်မာကို မဖိတ်လို့ ပြောကြား၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို မအေးသန္တာကျော်နဲ့ ကိုသားညွန့်ဦး စုစည်းတင်ပြထားပါတယ်။
နည်းပညာတိုးတက်နေတဲ့ ကမ္ဘာကြီးရဲ့ သိပ်မကြာခင်အနာဂတ်မှာ ကလေးတွေအတွက် ကစားဖော်က စက်ရုပ်လေးတွေများ ဖြစ်လာမလား၊ အခု ရုံတင်တဲ့ Ron’s Gone Wrong ရုပ်ရှင်မှာတော့ အနာဂတ်သစ်ကလေးတွေရဲ့ လူနေမှု ပုံစံကို စိတ်ကူးကွန့်မြူးပြထားတာပါ။ သက်တံရောင် သတင်းလွှာမှ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
တောင်ကိုရီးယားမှာ ကိုဗစ်ကြားက ကျင်းပနေတဲ့ ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဘာကားတွေ ပြသနေသလဲ၊ တကမ္ဘာလုံးအနှံ့ Netflix မှာ ကျော်ကြား နေတဲ့ Squid Game ၊ ဒီလို ထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာရပ်ဝန်းက သတင်းတွေကို သက်တံရောင်သတင်းလွှာမှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်