ကမ္ဘာပေါ်မှာ တတိယတန်ဖိုးအကြီးဆုံးဖြစ်တဲ့ Alphabet Inc နည်းပညာကုမ္ပဏီကြီးဟာ AI တုပဉာဏ်ရည်နည်းပညာကို သုံးပြီး သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းမှုကို လုပ်ဆောင်ဖို့ ကြိုးစားနေတယ်လို့ အောက်တိုဘာလဆန်းကပဲ ကြေညာသွားပါတယ်။ Reuters သတင်းဆောင်းပါးကို မအေးသန္တာကျော် ပြောပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စု အလတ်စကာပြည်နယ်တောင်ပိုင်း၊ ကတ်မေ အမျိုးသားဥယျာဉ်မှာ နှစ်စဉ်ကျင်းပနေကြ ဝက်ဝံအဝပြိုင်သီတင်းပတ်အတွင်း ဝက်ဝံညိုကြီး အိုးတစ်(စ်)ပဲ ဗိုလ်စွဲသွားပါတယ်။
အောက်တိုဘာ ၈ ရက်နေ့မှာ ကြေညာမယ့် နိုဘဲလ်ငြိမ်းချမ်းရေးဆု ရနိုင်သူတွေထဲမှာ အာရှဒေသကလည်း ပါဝင်ပါတယ်။ ဟောင်ကောင်က ဒီမိုကရေးစီအရေးလှုပ်ရှားသူတဦး၊ အွန်လိုင်းသတင်းဌာန တခုနဲ့ တရုတ်နိုင်ငံက လူနည်းစု မွတ်ဆလင်အရေး လှုပ်ရှားသူတို့ ဖြစ်ပါတယ်။ ရိုက်တာသတင်းတွေကို စုစည်းပြီး မအေးသန္တာကျော်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ် တူဆန်မြို့မှာ ရထားရပ်နားစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်အထူးတပ်ဖွဲ့ DEA အရာရှိတဦး သေဆုံးသွားပါတယ်။
မြန်မာပြည်က ပေးစာ VOA သောတရှင်တွေရဲ့ ဝေဖန်အကြံပေးစားတွေ၊ ရင်ဖွင့်စာတွေနဲ့ တေးသီချင်းတောင်းလွှာတွေကို မြန်မာပြည်က ပေးစာများအစီအစဉ်ကနေ အပတ်စဉ် ပြန်ကြားပေးပါတယ်။
အသစ်ရိုက်နှိပ်တဲ့ ငွေစက္ကူတွေပေါ်မှာ သုံးည ၆လုံးပါမလာတဲ့အတွက် ဗင်နီဇွဲလားနိုင်ငံသားတွေ မျက်စိလည်ကုန်ပါတယ်။
ထိုင်းနိုင်ငံမှာ မိုးများ ရေကြီးပြီး ရေကာတာ ကျိုးပေါက်တာတွေ မြစ်ရေလျှံတာတွေကြောင့် အိမ်ခြေပေါင်း ၂ သိန်းလောက်ရေဘေးသင့်နေရပါတယ်။ ရှေးဟောင်းဘုရား ပုထိုးတွေရှိတဲ့ အယုဒ္ဓယနဲ့ ဘန်ကောက်မြို့တော်မှာလည်း ရေကြီးနိုင်ချေ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ AP သတင်းတွေကို စုစည်းပြီး မအေးသန္တာကျော် တင်ပြထားပါတယ်။
ထိုင်းနိုင်ငံ မြေနိမ့်ပိုင်း မြောက်ဘက်နဲ့ အနောက်မြောက် ပြည်နယ် ၃၀ မှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲက ရေကြီးနေလို့ လူ ၇ ဦးမက သေဆုံးပြီး အိုးအိမ် ၂ သိန်းလောက် ရေဘေးသင့်နေပါတယ်။
ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်ဒဏ်ကို တိုကျိုက စားသောက်ဆိုင်အချို့ဘယ်လိုတုန့်ပြန်ကြပါသလဲ။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဆုခေါ်ထိုင်းခရိုင်မှာ မိုးများရေကြီးလို့ အိမ်မှာ ပိတ်မိနေသူတွေကို လေထီးပျံနဲ့ စားသောက်ကုန်တွေ လိုက်ချပေးနေပါတယ်။ Originally published at burmese.voanews.com
စက်တင်ဘာလ ၂၅ ရက်နေ့ ကမ္ဘာ့မြို့ကြီးတချို့မှာ Global Citizen Live Show ဖျော်ဖြေပွဲ ကျင်းပပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့ နှိုးဆော်မှုတွေ လုပ်ခဲ့ကြပါတယ်။ ဟောလီးဝုဒ်ရဲ့ ဝါရင့် ရုပ်ရှင်မင်းသမီးကြီး ရှယ်ရွန်စတုံး ကိုတော့ Swiss ရုပ်ရှင်ပွဲတော်က Golden Icon တသက်တာ အနုပညာဂုဏ်ပြုဆု ပေးလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ပထမဆုံး ယူနီဗာဆယ်ကစားကွင်းကြီးကို ဘေဂျင်းမြို့တော်မှာ ဖွင့်လှစ်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ကောင်စီကဖမ်းထားတဲ့ မင်းသမီး အိန္ဒြာကျော်ဇင် ဂျာမနီက ရုပ်ရှင်ပွဲတော်တခုမှာ ဆုရရှိပါတယ်။ သက်တံရောင်းသတင်းလွှာမှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
#voaburmesenews #voaburmese #thailand #thailandtaxi #thailandtaxiservice #thailandcovid19
ဟောလီးဝုဒ်က ရိုက်တဲ့ အာရှလူစွမ်းကောင်း Shang-Chi and the Legend of the Ten Rings ရုပ်ရှင်ကားက ဝင်ငွေအကောင်းဆုံးဖြစ်နေပါတယ်။ London မြို့တော်မှာတော့ လူကိုယ်တိုင်တက်ရောက်ခွင့်ပြုတဲ့ London Fashion သီတင်းပတ် ကျင်းပနေတာပါ။ သက်တံရောင်သတင်းလွှာမှာ မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ကနီ ယင်းမာပင်နဲ့ ပုလဲဒေသတွေမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ခဲ့တဲ့နောက် အခြေအနေတင်းမာနေဆဲဖြစ်ပြီး ဒေသတွင်းမှာလည်း ဖုန်းအင်တာနက်တွေ ဖြတ်တောက်ခံထားရပါတယ်။
ကမ္ဘာကျော် K - pop အဖွဲ့ Black Pink အဖွဲ့ထဲက Lisa ရဲ့ သီချင်းဗီဒီယိုကြောင့် ထိုင်းရိုးရာ အဆင်တန်ဆာတွေ အရောင်းတက်ကုန်ပါတယ်။ တရုတ်နိုင်ငံမှာတော့ PPE ဝတ်စုံတွေ ဖက်ရှင်လျှောက်လမ်းပေါ်ထိပါ ရောက်လာတာပါ။ သက်တံရောင်သတင်းလွှာမှာ မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
ရုရှားမှာ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပတဲ့နေရာမှာ အတိုက်အခံတွေကို ဖိနှိပ်ထားပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှု မပေးဘူးလို့ အစိုးရကို ဝေဖန်သူတွေက ပြစ်တင်ပြောဆိုပါတယ်။ သတင်းမီဒီယာအပါအဝင် အစိုးရကို ဝေဖန်သူမှန်သမျှကို ဖိနှိပ်နေတယ်လို့လည်း ပြောပါတယ်။ ရိုက်တာသတင်းကို မအေးသန္တာကျော် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်