ဗြိတိန်နိုင်ငံ အင်္ဂလန်နယ်က မြို့လေးတမြို့မှာ မောင်းသူကားပေါ်မပါတဲ့ ကားတွေကို မကြာခင်တွေ့ရတော့မှာပါ။ Milton Keynes မြို့က နည်းပညာစမ်းသပ်မှုတခုကတော့ အဝေးကထိန်းချုပ်မောင်းနှင်ပေးတဲ့ အဌားကား ဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံ အင်္ဂလန်နယ်က မြို့လေးတမြို့မှာ မောင်းသူကားပေါ်မပါတဲ့ ကားတွေကို မကြာခင်တွေ့ရတော့မှာပါ။ Milton Keynes မြို့က နည်းပညာစမ်းသပ်မှုတခုကတော့ အဝေးကထိန်းချုပ်မောင်းနှင်ပေးတဲ့ အဌားကား ဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။ အေပီသတင်းဆောင်းပါးကို မအေးသန္တာကျော် ဆက်ပြောပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စုက ရွှေကမ္ဘာလုံး ဆုချီးမြှင့်ပွဲမှာ ကိုရီးယားမင်းသားကြီး ဆုရသွားပါတယ်။ ဗြိတိန်က နာမည်ကျော် Rolling Stones တေးဂီတအဖွဲ့ကတော့ သူတို့အဖွဲ့ပုံတွေကို တံဆိပ်ခေါင်းထုတ်ပြီး ဂုဏ်ပြုတာ ခံရပါတယ်။ ဒီလို အနုပညာလောက သတင်းတွေကို သက်တံရောင် သတင်းလွှာ အစီအစဉ်မှာ မအေးသန္တာကျော်က တင်ဆက်ထားပါတယ်။
ဗြိတိန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွက် ဘုရင်မကြီး သူကောင်းပြုခံရတဲ့သူတွေထဲမှာ ကိုဗစ်ကပ်ရောဂါဘေးတိုက်ဖျက်ရေး လုပ်ဆောင်ကြသူတွေကအစ အနုပညာရှင်တွေ၊ အားကစားသမားတွေ ပါဝင်ပါတယ်။ ဂျိန်းစ်ဘွန်းမင်းသား ဒန်နီယဲလ်ခရိတ်လည်း သူရဲကောင်းဘွဲ့ ချီးမြှင့်ခံရတာပါ။ သက်တံရောင်သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
ကိုရိုနာဗီဇပြောင်းပိုး အိုမီခရွန် ကမ္ဘာမှာပျံ့နှံ့နေချိန်မှာပဲ ကမ္ဘာမှာ စတ္တုထမြောက်လူဦးရေ အထူထပ်ဆုံး အင်ဒိုနီးရှားနိုင်ငံမှာ အားဖြည့်ကာကွယ်ဆေး စတင်းထိုးပေးနေပါပြီ။ အေပီနဲ့ ရိုက်တာ သတင်းတွေကို အခြေခံပြီး မအေးသန္တာကျော် ပြောပြထားပါတယ်။
ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး၊ အမြန်ဆုံး၊ အကောင်းဆုံးကားတွေကို အမေရိကန်ပြည်ထောင်စု Los Angeles မြို့က Petersen Autimotive ပြတိုက်မှာ ပြပွဲပြုလုပ်ပြီး ပြသနေပါတယ်။ အေပီသတင်းလွှာကို မအေးသန္တာကျော် ဆက်ပြောပြပေးပါမယ်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိတဲ့နေ့မှာ ဗြိတိသျှယူနီယံဂျက်အလံကို မြန်မာအလံနဲ့ ပြောင်းလဲလွှင့်ထူခဲ့ပါတယ်။ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်က မြန်မာသမ္မတ စဝ်ရွှေသိုက်နဲ့ အတူ တပ်ဖွဲ့များကို စစ်ဆေးခဲ့ပြီးနောက် ဘာမင်ဂန် သင်္ဘောကြီးပေါ်ကနေ လက်ပြနှုတ်ဆက်၊ မြန်မာနိုင်ငံက ပြန်လည် ထွက်ခွာသွားပါတယ်။
ကိုဗစ်ကပ်ဘေးကြီးကို ရင်ဆိုင်နေရဆဲဖြစ်တဲ့ ၂၀၂၁ ခုနှစ်ကို ရုပ်ရှင်အနုပညာ လုပ်ငန်းကြီး ဘယ်လို ဖြတ်သန်းခဲ့ရပါလဲ။ နှစ်ကုန်အထူးအစီအစဉ်မှာ မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
ထေရဝါရ ဗုဒ္ဓဘာသာဝင်တွေ အများစုနေထိုင်တဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံလိုပဲ ဘိက္ခူနီသာသနာမထွန်းကားပေမဲ့ အခုနှစ်ပိုင်းတွေအတွင်းမှာတော့ အမျိုးသမီးတွေ ရဟန်းမအဖြစ်ခံယူပြီး သာသနာ့ဝန်ကို ထမ်းလာကြတာတွေ ရှိပါတယ်။ ဒီအကြောင်း AP သတင်းဆောင်းပါးကို မအေးသန္တာကျော် တင်ပြထားပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ မြန်မာနိုင်ငံတဝန်း စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ်သပိတ်မှောက်ခဲ့ပြီး နှောင့်ယှက်ဖိအားပေးမှုတချို့ ရှိပေမဲ့ သပိတ် အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တယ်လို့ စစ်အာဏာသိမ်း ဆန့်ကျင်သူတွေက ပြောပါတယ်။ သတင်းထောက်မှတ်စု အစီအစဉ်မှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
အစ္စရေးနိုင်ငံမှာ ကျင်းပတဲ့ မယ်စကြဝဠာ ရွေးချယ်ပွဲမှာ အိန္ဒိယအလှမယ် သရဖူ ဆွတ်ခူးနိုင်ခဲ့လို့ သမီးဖြစ်သူအတွက် ပြောမပြနိုင်အောင် ပျော်မိတယ်လို့ သူ့မိခင်က ပြောပါတယ်။ အကြိမ် ၇၀ မြောက် မယ်စကြဝဠာပြိုင်ပွဲကို ဒီဇင်ဘာ ၁၃ ရက်နေ့က အစ္စရေးနိုင်ငံမှာ ကျင်းပခဲ့တာပါ။ မအေးသန္တာကျော် တင်ပြထားပါတယ်။
ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုအမှတ်အသားတခုဖြစ်တဲ့ ကင်ချီချဉ်ဖတ်ကို နေ့စဉ်စားအရန်ဟင်းလျာအဖြစ်ကနေ အခု အသစ်အဆန်းအဖြစ် ကင်ချီဖျော်ရည်ဆိုပြီး ထုတ်လုပ်လိုက်ပါတယ်။ ချဉ်ချဉ်စပ်စပ်မုန်ညှင်းချဉ်ဖတ်ကို ဖျော်ရည်အဖြစ် စားသုံးသူတွေ လက်ခံကြပါလား။ ရိုက်တာသတင်းကို မအေးသန္တာကျော် ဆက်ပြောပြပေးပါမယ်။
စစ်တပ်အာဏာသိမ်းပြီး ၁၀ လ အကြာ နိုင်ငံတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာသလို စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေအပေါ်ကိုလည်း စစ်ကောင်စီဘက်က အင်အားသုံးနှိမ်နင်းတာတွေ ပိုတိုးလုပ်ဆောင်လာပါတယ်။ သတင်းထောက်မှတ်စု အစီအစဉ်မှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
ကမ္ဘာမှာ အအောင်မြင်ဆုံး ဖက်ရှင်တံဆိပ်တခုဖြစ်တဲ့ လူဝီဗီတွန်ရဲ့ ဖက်ရှင်ဒီဇိုင်နာ အသက်ငယ်ငယ်နဲ့ ကွယ်လွန်သွားရလို့ ဖက်ရှင်လုပ်ငန်းကြီး တခုလုံး အထူး စိတ်ထိခိုက်နေကြပါတယ်။ သူ ကွယ်လွန်သွားတာကို ကြေကွဲမှု အမှတ်တရ သူ့နောက်ဆုံး လက်ရာတွေနဲ့ ဖက်ရှင်ရှိုးလည်း ကျင်းပခဲ့တာပါ။ မအေးသန္တာကျော် တင်ပြထားပါတယ်။
ကမ္ဘာ့ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးစဖြစ်ကာစတုန်းက လူအများစုကိုယ်ခံစွမ်းအားထွက်လာမှု Herd Immunity ရဖို့က ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်နိုင်ရေး ရေရှည်ရည်မှန်းချက်အဖြစ် ပြောကြပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ အမြဲတမ်း ကိုယ်စားလှယ်ခန့်ထားရေး ဆိုင်းငံံံ့၊ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့သတ်ဖြတ်မှုတချို့ဟာ ကြိုတင်ကြံစည်ပြုလုပ်တာဖြစ်တယ်လို့ HRW က ပြောဆို၊ ဒီလိုတပတ်အတွင်း မြန်မာသတင်းတွေကို မအေးသန္တာကျော်နဲ့ ကိုဝင်းခန့်မောင်တို့ စုစည်း တင်ပြထားပါတယ်။
အသက် ၆၉ နှစ်အရွယ် ဂျပန်အမျိုးသားတဦး ပင်လယ်ပြင်ထဲမှာ ၂၂ နာရီလောက် မျောနေခဲ့ပြီးနောက် ဂျပန်ကမ်းလွန်မှာ ကယ်တင်ရမိပါတယ်။ တရက်လုံး ပလပ်စတစ်စကိုပဲ ပတ်ပြီး အအေးဒဏ်ကို ကာကွယ်နေခဲ့ရတာ သူအခုလို အသက်ရှင်တာ ကံကြီးလွန်းလို့ဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်အရာရှိက ပြောပါတယ်။
တောင်ကိုးရီးယားနိုင်ငံက နာမည်ကျော် တေးဂီတအဖွဲ့ BTS ရဲ့ ဖျော်ဖြေပွဲတွေ ပြန်စမယ့် အကြောင်း သက်တံရောင်သတင်းလွှာ အစီအစဉ်မှာ မအေးသန္တာကျော် စုစည်း တင်ပြထားပါတယ်။
ရောဂါပိုးတွေဟာ အချိန်ကြာလာတာနဲ့အမျှ မျိုးရိုးဗီဇပြောင်းတတ်ပါတယ်။ ကိုဗစ် ၁၉ ရောဂါပိုး စတင်ပျံ့နှံချိန်ကတည်းက ဗိုင်းရပ်စ်ပိုးရဲ့ မျိုးရိုးဗီဇပြောင်းလဲလာခဲ့တာ အခုနောက်ဆုံး Omicron မျိုးကွဲသစ်အထိပဲဖြစ်ပါတယ်။ ဒီလိုရောဂါပိုးတွေရဲ့ မျိုးရိုးဗီဇပြောင်းလဲမှုတွေ ဘယ်လိုဖြစ်ပေါ်လာတာပါလဲ။
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားထားတဲ့ စစ်ကောင်စီကို အဖွဲ့ဝင်နိုင်ငံတွေချင်း ပြည်တွင်းရေး ဝင်မစွက်ဖက်တဲ့ အာဆီယံက အတော်လေး ဖိအားပေးလာတာ တွေ့ရပါတယ်။ ဒါ့အပြင် ပြည်တွင်းပြည်ပ စစ်အာဏာရှင်ဆန့်ကျင်သူတွေဘက်ကလည်း စစ်အာဏာရှင်ဖြုတ်ချရေး ဆက်လုပ်နေကြတာပါ။ သတင်းထောက်မှတ်စု အစီအစဉ်မှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်