ယူကရိန်းကို ကျူးကျော်စစ်ထိုးတဲ့ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံထဲမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းရှိမရှိ စစ်ဆေးဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်နေချိန်မှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရပ်စ် ကီးယက်ဗ်မြို့တော် အပြင်ဘက်ပိုင်းက မြို့လေးတွေကိုသွားကြည့်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ နေရာဒေသတော်တော်များများမှာ အချိန်မတိုင်ခင် စောစောစီးစီး အပူချိန်အထူးမြင့်မားနေပါတယ်။ ရှေ့လျှောက်လည်း ဒီလိုပဲ ဖြစ်သွားနိုင်ပြီး တောင်အာရှဒေသမှာ အပူမြင့်တက်တာက ပုံမှန်ဖြစ်သွားမယ်လို့ မိုးဇလကျွမ်းကျင်သူတွေက ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းချစ်ကြည်ရေး ဆိုဗီယက်ခေတ်မှာ စိုက်ထူခဲ့တဲ့ ကြေးရုပ်တုကြီးကို ကီးယက်ဗ်မြို့လည်ကနေ ဖြိုချလိုက်ပါတယ်။ သူနဲ့အတူ တခြားအထိမ်းအမှတ်နေရာ ၆၀ ကိုလည်း ဖျက်ချသွားမှာ ဖြစ်တယ်လို့ မြို့တော်ကောင်စီက ကြေညာပါတယ်။
မြောက်ကိုရီးယား စစ်တပ်ထူထောင်မှု နှစ် ၉၀ ပြည့်မြောက်တဲ့နေ့မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တပ်မှူးကြီးတွေကို ဧည့်ခံပွဲနဲ့ တည်ခင်းဂုဏ်ပြုခဲ့ပါတယ်။ စစ်ရေးပြအခမ်းအနားလည်း ကျင်းပခဲ့ပြီး နိုင်ငံရဲ့ စစ်အင်အားကိုလည်း ထုတ်ပြခဲ့တာပါ။
ရုရှားနိုင်ငံဝင်ရောက် ကျူးကျော်တိုက်ခိုက်နေတဲ့ ယူကရိန်းမှာ ရုရှားတွေကို ပြည်ပတိုင်းပြည်တွေက ထောက်ပံ့တဲ့ စစ်လက်နက်တွေနဲ့ ရုရှားကို ပြန်ခုခံနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရုရှားက လက်နက်ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့ ရထားလမ်းတွေကို ပစ်မှတ်ထား ဖျက်ဆီးနေပါတယ်။
ကမ္ဘာမှာအကျော်ကြားဆုံးဖြစ်နေတဲ့ ကိုရီးယားကေပေါ့ပ် BTS အဖွဲ့ အမေရိကန်ပြည်ထောင်စု လာ့စ်ဗေးဂတ်စ်မှာ လာဖျော်ဖြေရင်း သူတို့တေးဓာတ်ပြားသစ်ကို ကြေငြာသွားပါတယ်။ သက်တံရောင်သတင်းလွှာ အဖြစ် မအေးသန္တာကျော် တင်ပြထားပါတယ်
အိန္ဒိယနိုင်ငံမှာ ရာစုနှစ်ပေါင်းများစွာထဲက ရှိခဲ့တဲ့ ဒူဂါနတ်သမီးပွဲတော်ကို ဧပြီလနှောင်းပိုင်းမှာ ကျင်းပခဲ့ပါတယ်။ မကောင်းဆိုးရွားတွေကို ခြောက်ထုတ်တဲ့အနေနဲ့ မီးစတွေနဲ့ ပစ်ပေါက်ပြီး ဆင်နွှဲတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က အဆောက်အဦးကြပ်တဲ့ လမ်းမှာ ဆောက်လက်စ တိုက်ပြိုကျလို့ ကယ်ဆယ်ရေးသမားတွေ ပိတ်မိသူတွေကို ကယ်တင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ အစပိုင်းသတင်းတွေအရ သေဆုံးသူ ၂ ဦး ရှိသွားပါပြီ။
တရုတ်နိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုက သောကြာနောက်ပိုင်းက စရေရင် ၅၀ နီးပါးဖြစ်လာပြီး အဲ့ထဲမှာ ဘေကျင်းမြို့တော် ချောင်ယန်ခရိုင်က တဝတ်ကျော် ပါပါတယ်။ အဲဒါ့ကြောင့် ရှန်ဟိုင်းမှာ ပိတ်လိုက်သလို သူတို့ကို အိမ်ပြင်မထွက်ရပိတ်ပင်မှာ စိုးရိမ်ပြီး ဈေးတွေ ဝယ်စုနေကြပါတယ်။
ယူကရိန်းနိုင်ငံမြောက်ပိုင်း ကီးယက်ဒေသက ဘူချာမြို့မှာတော့ ရုရှားသံချပ်ကာကားသချိုင်းကို တွေ့ရပါတယ်။ အရင်က ဒီကားပျက်တွေ တမြို့လုံး အနှံ့ဖြစ်နေပေမယ့် မြို့တာဝန်ရှိသူတွေ ရှင်းလင်းရေးလုပ်တော့ ဒီကားပျက်တွေကို တနေရာတည်းလာစုထားတာဖြစ်ပါတယ်။
ရုရှားရဲ့ ရန်သူတွေ တွေဝေသွားစေမယ့် ဒုံးကျည်လို့ ရုရှားသမ္မတ ပူတင်ပြောတဲ့ တိုက်ချင်းပစ်ဒုံးကျည်တစင်း ရုရှားက စမ်းသပ်ပစ်လွှတ်လိုက်ပါတယ်။ ဒီဒုံးကျည် နည်းပညာကို တခြားသူတွေ လိုက်မမီဘူးလို့လည်း ရုရှားက ပြောနေတာပါ။
ဖေဖော်ဝါရီမှာစခဲ့တဲ့ ရုရှားကျူးကျော်စစ်ကြီးကြောင့် ကွဲသွားရတဲ့ ယူကရိန်းမိသားစုတစု ပြန်ဆုံတွေ့ဖို့ စီစဉ်ထားတာပါ။ ဒီမိသားစုဟာ သမီးလေးနဲ့ အတူ ကီယက်မြို့က ထွက်ခဲ့ပြီး လမ်းမှာ တိုက်ခိုက်မှုတွေရှောင်ပြီး ယူကရိန်း၊ ပိုလန် နယ်စပ်နားက ရွာငယ်လေးဆီရောက်နိုင်ခဲ့ပါတယ်။ VOA က မှတ်တမ်းရုပ်သံအဖြစ် တင်ဆက်ထားပါတယ်။
ဟောလီးဝုဒ်အကျော်အမော်တွေဖြစ်တဲ့ Ben Affleck နဲ့ Jennifer Lopez တို့ ၁၈ နှစ်ကြာ ကွဲခဲ့ပြီး အခု ပြန်ပေါင်းဖက်နေကြပါတယ်။ အမေရိကန်က ဟောလီးဝုဒ် အကယ်ဒမီက မင်းသား Will Smith ကို သူတို့အခမ်းအနားတွေ မတက်ရဆိုပြီး ၁၀ နှစ်ပိတ်လိုက်ပါတယ်။ အနုပညာအသိုက်အဝန်းက သတင်းတွေကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
ယူကရိန်း ကီးယက်ဗ်မြို့တော်ကနေ ရုရှားတပ်တွေ ဆုတ်ခွာသွားပြီး နိုင်ငံအရှေ့ခြမ်းကို အာရုံစိုက်တိုက်နေကြတာမှာ ပင်လယ်ဆိပ်ကမ်း မယ်ရီယူးပေါ်မြို့တမြို့လုံး နီးပါး ထိန်းချုပ်ထားနိုင်၊ မြောက်ကိုရီးယားမှာတော့ ကင်ဂျုံအန်အုပ်ချုပ်မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ် ဆင်နွှဲခဲ့ကြတာပါ။ မအေးသန္တာကျော်ပြောပြပေးပါမယ်။
မြောက်ကိုရီးယားမှာ ကင်ဂျုံအန်အုပ်ချုပ်မှု ၁၀ နှစ်ပြည့်အထိမ်းအမှတ်ကို ဧပြီ ၁၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ သူ့ရဲခေါင်းဆောင်မှုအောက်မှာ အနုမြူစွမ်းအင်အစီအစဉ်ကို အောင်မြင်ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။
စပိန်နိုင်ငံအရှေ့ခြမ်း ဗလန်စီယာကမ်းခြေမြို့ မြောက်ဘက်က ဘတ်တရာမြို့လေးရဲ့ မြို့ပြင် ဂိုဒေါင်ကြီး ၂ ခုထဲမှာတော့ ရှားပါးမျိုးနွယ်တွေအပါအဝင် တိရစ္ဆာန်အကောင် ၁,ooo ကျော်ကို ရုပ်လုံးသွင်း ရုပ်တုတွေအဖြစ် တွေ့ရတာပါ။ ဒီရုပ်တုတွေ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပိုင်ရှင်ဖြစ်သူကို စုံစမ်းစစ်ဆေးနေပါတယ်။
ဗြိတိသျှ ရော့ခ်ဂီတအဖွဲ့ ပင့်ဖလွိုက်ဒ်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ဆင်မှုကိုရင်ဆိုင်ရတဲ့ ယူကရိန်းနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးရန်ပုံငွေရှာဖွေဖို့ သီချင်းတပုဒ်ထုတ်လိုက်ပါတယ်။ ရုရှားကို ခုခံတိုက်ခိုက်တဲ့ ယူကရိန်းအဆိုတော်ရဲ့ သီချင်းကို အသားပေးထည့်ထားတာပါ။ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော် စစ် ထိုးတာ သီတင်း ၆ ပတ်ပြည့်လာခဲ့ချိန်မှာ ၂ နိုင်ငံ ပျက်ဆီးဆုံးရှုံးမှု ကြီးမားရုံတင်မက ကမ္ဘာကိုပါ အကြီးအကျယ် ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ဒီစစ်ပွဲကြီး ဘယ်လို အဆုံးသတ်နိုင်ပါလဲ ။ ဗွီအိုအေ ပုံပြရုပ်သံမှာ မအေးသန္တာကျော်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်
ယူကရိန်းနိုင်ငံ ရုရှားကျူးကျော်စစ်နဲ့ ရင်ဆိုင်နေရချိန်မှာပဲ ဒေသထဲက နေတိုးအဖွဲ့ဝင် ဘူလ်ဂေးရီးယားနိုင်ငံကို နယ်သာလန်က တိုက်လေယာဉ်တွေ ပို့လိုက်ပါတယ်။ ဒီတိုက်လေယာဉ်တွေက ဘူလ်ဂေးရီးယားမှာ ဝေဟင်ကင်းလှည့်မှုတွေ လုပ်ဖို့ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်