မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တွေ့ဆုံဆွေးနွေးမယ့် အစည်းအဝေး အစီအစဉ်ကို ဖျက်သိမ်းဖို့ ကြာသပတေးနေ့မှာ အမေရိကန် သမ္မတ Donald Trump က ဆုံးဖြတ်ခဲ့ပေမဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာမယ်ဆိုရင် အနာဂတ်မှာ တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်ဆိုပြီးတော့လည်း ပြောဆိုခဲ့ပါတယ်။
မြန်မာသတင်းမီဒီယာတွေဟာ အစိုးရရဲ့ မျက်ခြေမပြတ်စောင့်ကြည့်မှုကို ခံနေရပြီး သတင်းလွတ်လပ်ခွင့်အခြေအနေဟာ ပိုဆိုးလာနေတယ်လို့ မြန်မာသတင်းထောက်တွေကပြောပါတယ်။ ကြာသာပတေးနေ့က အမေရိကန် အထက်လွှတ်တော် အဆောက်အဦးမှာကျင်းပတဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေဆိုင်ရာ ရှင်းလင်းပွဲအကြောင်း ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ သတင်းထောက်တွေ၊ သတင်းမီဒီယာတွေဟာအစိုးရရဲ့ မျက်ခြေမပြတ်စောင့်ကြည့်မှုကို ခံနေရပြီး သတင်းလွတ်လပ်ခွင့်အခြေအနေဟာလည်း ပိုဆိုးရွားလာနေတယ်လို့ မြန်မာသတင်းထောက်တွေကပြောပါတယ်။ အမေရိကန် အထက်လွှတ်တော် အဆောက်အဦးမှာကျင်းပတဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေဆိုင်ရာ ရှင်းလင်းပွဲအတွင်း အခုလို ပြောလိုက်တာပါ။
မေလလယ်ကနေ ဇွန်လလယ်ထိကာလဟာ မူဆလင်တွေရဲ့ ရာမာဒမ် ဥပုဒ်လဖြစ်ပြီး ဘဝအခြေအနေနိမ့်ပါးကြသူတွေကို ကူညီကြတဲ့ အချိန်လည်းဖြစ်တာကြောင့် အမေရိကန်တဝှမ်းမြို့ကြီးတွေက အကူအညီလိုအပ်နေသူတွေကို အစ္စလာမ်မစ် ကူညီရေးအဖွဲ့ကနေ အစားအစာတွေ ဝေငှပေးပါတယ်။ Deborah Block ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးပါမယ်။
မြောက်ကိုရီးယားဘက်က အမေရိကန်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲကို ဖျက်ပစ်မယ်လို့ ခြိမ်းခြောက်နေတဲ့အတွက် ဆွေးနွေးပွဲကျင်းပဖို့ မသေချာပေမယ့်လည်း ဖြစ်မြောက်အောင်တော့ ဆက်ပြီး ကြိုးစားဆောင်ရွက်နေတဲ့အကြောင်း Trump က ပြောပါတယ်။ Bill Gallo ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးပါမယ်။
အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA အကြီးအကဲ ရာထူးတာဝန်ထမ်းဆောင်ဖို့ Gina Haspel ဟာ တနင်္လာနေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
Kilauea မီးတောင် ပေါက်ကွဲနေတာမှာ နောက်ထပ် အက်ကြောင်းကြီးတွေ ထပ်မံပေါ်ထွက်လာပါတယ်။ အမေရိကန် ဘူမိဗေဒလေ့လာတိုင်းထွာရေး အရာရှိတွေကတော့ မီးတောင်ဟာ ဆင့်ကဲပေါက်ကွဲနေတဲ့ အနေအထားမှာ ရောက်နေပြီလို့ သတိပေးထားပါတယ်။ Zlatica Hoke ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်သံရုံးကို အစ္စရေးနိုင်ငံ Tel Aviv ကနေ Jeruslem ကို ရွှေ့ပြောင်းခဲ့တဲ့အချိန် အစ္စရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့်ပါလက်စတိုင်းဆန္ဒပြသူ ၅၀ ထက်မနည်း သေဆုံးခဲ့သလိုရာနဲ့ချီလည်းဒဏ်ရာရခဲ့ကြပါတယ်။
မြောက်ကိုရီးယားနဲ့ တင်းမာနေတဲ့ဆက်ဆံရေး ပြန်ကောင်းလာအောင်တည်ဆောက်နိုင်ရင် သူ့ရဲ့ လုပ်ငန်းတွေအပေါ် လူထုရဲ့ သဘောထားထင်မြင်ချက် အကောင်းမြင် ပြန်တက်လာလိမ့်မယ်လို့လည်း မျှော်လင့်နေတာပါ။ VOA သတင်းထောက် Jim Malone ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။
အင်္ဂါနေ့မှာ အမေရိကန်က အီရန်သဘောတူညီချက်ကနေ နှုတ်ထွက်လိုက်တာဟာ အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံ ၅ နိုင်ငံနဲ့ အီရန်အကြား ရယူခဲ့တဲ့ နျူးကလီးယားအရေး သဘောတူညီချက်ကို အကြီးအကျယ် ထိခိုက်စေတဲ့ ထိုးနှက်မှုဖြစ်ပါတယ်။ VOA သတင်းထောက် Bill Gallo ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။
အီရန်နျူးကလီးယားအရေး နိုင်ငံတကာနဲ့ သဘောတူညီထားတဲ့ စာချုပ်အတိုင်း ဆက်လက်ရပ်တည်သွားမလား ဆိုတာနဲ့ ပတ်သက်ပြီး ဒီကနေ့ အင်္ဂါနေ့မှာ အမေရိကန်သမ္မတ Donald Trump ကြေညာဖို့ ရှိပါတယ်။
Georgia ပြည်နယ် Clarkston မြို့က ကော်ဖီဆိုင် တဆိုင် ဟာဆိုရင်လည်း မတူတဲ့ယဉ်ကျေးမှုတွေ ပေါင်းဆုံရာ နေရာတခုအဖြစ်သာမက အသစ် ရောက်လာတဲ့ ဒုက္ခသည်တွေ၊ နိုင်ငံသစ်နဲ့ လိုက်လျောညီထွေ နေထိုင်နိုင်အောင် ကြိုးပမ်းဖို့ အကူအညီပေးတဲ့နေရာ ဖြစ်လာပါတယ်။ Saleh Damiger ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးပါမယ်။
လာမယ့် နိုဝင်ဘာမှာကျင်းပမယ့် လွှတ်တော်ကြားကာလ ရွေးကောက်ပွဲမှာ အမေရိကန်လူထု မဲသွားပေးတဲ့အခါ လက်ရှိ ရီပါဘလစ်ကန်တွေ အများစု ကြီးစိုးထားတဲ့ အထက်နဲ့ အောက်လွှတ်တော်ရဲ့ အနေအထား ပြောင်းလဲသွားနိုင်ပါတယ်။ VOA သတင်းထောက် Jim Malone ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်တွေရဲ့ သံတမန်ရေး အခင်းအကျင်းကို အရှိန်တိုးမြှင့်ဖို့နဲ့ နိုင်ငံခြားရေးဌာနရဲ့ အခန်းဂဏ္ဍ ပြန်လည်သက်ဝင်လှုပ်ရှားလာအောင် ဆောင်ရွက်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် Mike Pompeo က ကတိပေး ပြောလိုက်ပါတယ်။ VOA သတင်းထောက် Cindy Saine ရဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးထားပါတယ်။
ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေက သံမဏိနဲ့ အလူမီနီယံသွင်းကုန်တွေအပေါ် အခွန်တိုး စည်းကြပ်ရေး ဆုံးဖြတ်မယ့် အစီအစဉ်ကို အမေရိကန်သမ္မတ Doanld Trump က ဇွန်လ ၁ ရက်နေ့အထိ ရွှေ့ဆိုင်းခဲ့ပါတယ်။Zlatica Hoke ရဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးပါလိမ့်မယ်။
မြောက်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံ ခေါင်းဆောင်တွေဟာ ဒီကနေ့မှာ သမိုင်းဝင် တွေ့ဆုံပြီး ၂ နိုင်ငံကြားမှာ တရားဝင် စစ်ရပ်ဆဲရေးအတွက် ပြင်ဆင်ဆောင်ရွက်ဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ၂ နိုင်ငံကြား စစ်မဲ့ဇုံက တောင်ကိုရီးယားနိုင်ငံဘက်ခြမ်းမှာ ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်ဖို့ လာရောက်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကို တောင်ကိုရီးယားသမ္မတက နယ်စပ်မျဉ်း တဖက်ကနေ လက်ဆွဲကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။
အမေရိကန် ကွန်ဂရက်စ်စာကြည့်တိုက်ရဲ့ ၂၁၈ နှစ်မြောက် မွေးနေ့ ဒီသီတင်းပတ်ထဲမှာ ကျရောက်ပါတယ်။ ဧပြီ၂၄ ရက် ၁၈၀၀ ခုနှစ်မှာ သမ္မတ John Adams က လွှတ်တော် လိုအပ်မယ့် စာအုပ်တွေကို ဝယ်ယူဖို့ ဒေါ်လာ ၅ ထောင် ခွင့်ပြုပေးခဲ့ပါတယ်။ Ksenia Turkova ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးမှာပါ။
မြောက်ကိုရီးယားနဲ့ ထိပ်သီးဆွေးနွေးပွဲ၊ တရုတ်အပါအဝင် နိုင်ငံတချို့နဲ့ ကုန်သွယ်ရေးစစ်ပွဲစတဲ့ စိန်ခေါ်မှုတွေကို အမေရိကန်အစိုးရ ရင်ဆိုင်နေရပါတယ်။ Plugged Inအစီအစဉ်မှာ Greta Van Susteren က နိုင်ငံရေးကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးထားပါတယ်။ Elizabeth Cherneff ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားအကြား အဆင့်မြင့် ကိုယ်စားလှယ်တွေ စတင်တွှေဆုံဆွေးနွေးနေပြီလို့ Trump က ပြောလိုက်ပါတယ်။ Jesusemen Oni ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ရုရှားနဲ့ ယူကရိန်းနိုင်ငံသားတွေဟာ သူတို့ကလေးတွေ အမေရိကန်နိုင်ငံသား ဖြစ်လာနိုင်ဖို့အတွက် မိုင်ယာမီမှာလာပြီး ကလေးမွေးကြပါတယ်။ VOA သတင်းထောက် Mariia Prus ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်