သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွင်းကုန်စည်းကြပ်ရေးအစီအစဉ်တချို့ သမ္မတ Trump ဆိုင်းငံ့


တိုက်ရိုက် လင့်ခ်

ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေက သံမဏိနဲ့ အလူမီနီယံသွင်းကုန်တွေအပေါ် အခွန်တိုး စည်းကြပ်ရေး ဆုံးဖြတ်မယ့် အစီအစဉ်ကို အမေရိကန်သမ္မတ Doanld Trump က ဇွန်လ ၁ ရက်နေ့အထိ ရွှေ့ဆိုင်းခဲ့ပါတယ်။ အခွန်တိုးပြီး စည်းကြပ်ရေးကိစ္စမှာ ကင်းလွတ်ခွင့်ပေးမပေး စေ့စပ်ညှိ့နိုင်းဖို့ အချိန်ပိုပြီးရသွားတာဖြစ်ပါတယ်။ မတ်လ စောစောပိုင်းကတည်းက သွင်းကုန်အတော်များများ အခွန်တွေ တိုးကောက်မယ့် အစီအစဉ်၊ သမ္မတ Trump အစိုးရက ကြေညာခဲ့ပြီး တရုတ်၊ ရုရှား၊ ဂျပန်အပါအဝင် နိုင်ငံအတော်များများအပေါ် သက်ရောက်မှုရှိခဲ့ပေမဲ့ ရင်းနှီးတဲ့ မဟာမိတ်နိုင်ငံတွေအပေါ်မှာတော့ မေလ ၁ ရက်နေ့အထိ ယာယီကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ အခု၊ အာဂျင်တီးနား၊ ဘရာဇီးလ်၊ သြစတေးလျ စတဲ့နိုင်ငံတွေနဲ့ နောက်ဆုံး သဘောတူညီချက်ရဖို့ နီးစပ်နေပြီလို့ ထရမ့်အစိုးရအဖွဲ့က ပြောဆိုတဲ့အကြောင်း Zlatica Hoke ရဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးပါလိမ့်မယ်။

XS
SM
MD
LG