ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွါးနေတဲ့ စစ်ပွဲတွေ အပြစ်မဲ့ အရပ်သားပြည်သူတွေ သေကြဒဏ်ရာရစေတဲ့ အခြေအနေတွေကို ရပ်စဲပစ်ဖို့ အမေရိကန်ပြည်ထောင်စုရောက် ရခိုင်တိုင်းရင်းသားတွေက တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
မျက်မမြင်ဂီတပညာရှင်တွေအတွက်သံစုံတီးဝိုင်းဂီတမှုးရဲ့အချက်ပေးမှုအတိုင်းလိုက်လံတီးခတ်နိုင်အောင်အချက်ပြပေးတဲ့ ကိရိယာတခုကို ဖန်တီးလိုက်တာကြောင့် မျက်မမြင် ဂီတပညာရှင်တွေအတွက် Orchestra သံစုံတီးဝိုင်းကြီးမှာပါဝင်တီးခတ်နိုင်ဖို့ အခွင့်အရေးလည်းရနိုင်ပါတယ်။ Faith Lapidusရဲ့သတင်းလွှာကို ကိုအောင်အောင် တင်ပြပါမယ်။
အမေရိကန်နိုင်ငံခြားရေးဌာနက ချီးမြှင့်တဲ့ 2019 နိုင်ငံတကာအမျိုးသမီးရဲစွမ်းသတ္တိရှင်များဆုကို မြန်မာနိုင်ငံက ကရင်အမျိုးသမီး နော်ကညောဖောလည်းရရှိပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာမတ်လ ၇ရက်က ကျင်းပတဲ့ဆုပေးပွဲကိုနိုင်ငံခြားရေးဝန်ကြီး Mike Pompeo တက်ရောက်ချီးမြှင့်ပါတယ်။ကိုအောင်အောင်ကပြောပြမှာပါ။
အမေရိကန်နိုင်ငံခြားရေးဌာနက ချီးမြှင့်တဲ့ နိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိရှင်များဆုကို မြန်မာနိုင်ငံက ကရင်အမျိုးသမီး နော်ကညောဖော လည်း ရရှိပါတယ်။
မတ်လ ၇ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စု Alabama ပြည်နယ် Selma မြို့က အာဖရိကန်နွယ်ဖွားအမေရိကန် လူမည်းတွေရဲ့ ဆန္ဒပြပွဲ၊ အကြမ်းဖက် ဖြိုခွင်းခံရတဲ့ ၅၄ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ဒီအခမ်းအနားအကြောင်း အေပီသတင်းလွှာကို အခြေခံပြီး ကိုအောင်အောင်က ပြောပြပေးပါလိမ့်မယ်။
သေနတ်ပစ်ခတ်မှုတွေကြောင့်လူအများအပြားသေဆုံးခဲ့ပြီးနောက် အမေရိကန်သေနတ်ကိုင်ဆောင်ခွင့်နဲ့ ပတ်သတ်ပြီး ပိုတင်းကြပ်တဲ့ဥပဒေပြဌာန်ပေးဖို့ ပြင်းပြင်းထန်ထန်ဆွေးနွေးလာကြပါတယ်။ ဒါပေမယ့် သေနတ်ရောင်းချမှုနှုန်းက ဆက်မြင့်တက်နေဆဲပါ။ သေနတ်ပြပွဲအကြောင်း Nilofar Mughal သတင်းပေးပို့ထားတာကို ကိုအောင်အောင်တင်ပြပေးပါမယ်။
တက္ကဆက်ပြည်နယ် အော်စတင်မြို့မှာ ဌာနခွဲသစ်တခုဖွင့်လှစ်မယ့်အကြောင်း apple ကုမ္ပဏီက ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကြေညာပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဖြစ်လာဖို့ လေ့ကျင့်သင်ကြားပေးနေတဲ့ Dallas မြို့က တက္ကသိုလ်တွေကို သွားရောက်လေ့လာခဲ့သူ Mariia Prus ရဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးပါမယ်။
DJ ကို အပျော်သဘောနဲ့ စခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ တကယ့်ကို အလေးအနက် လိုက်စားဖြစ်ခဲ့တယ်လို့ လက်ထောက်အရာရှိ Acu Rhodes က သူ့အတွေ့အကြုံကို ပြောပြပါတယ်။ လူထုနဲ့ ထိတွေဆက်ဆံရာမှာ DJ ကို ကြားခံပေါင်းကူးအဖြစ်လည်း အသုံးချနိုင်ခဲ့ပါတယ Evgeny Maslv သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
KNU နဲ့ အစိုးရကြား ၂၀၁၅ ကတည်းက အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုထားပေမယ့်လည်း ခုအခါမှာ လွန်ခဲ့တဲ့လက ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ပါဝင်ရာကနေ ရပ်ဆိုင်းခဲ့ပါတယ်။ ကရင့်တော်လှန်ရေး နှစ် ၇၀ ပြည့်နေ့ အခမ်းအနားမှာ Steve Sandford က တွေ့ဆုံမေးမြန်းထားပါတယ်။ ကိုအောင်အောင်တင်ပြပေးပါမယ်။
အင်မတန် သေးငယ်တဲ့ Nano Particle အမှုန်လေးတွေကို သုံးပြီး ကင်ဆာရောဂါတိုက်ဖျက်ဖို့အတွက် သုတေသနပညာရှင်တွေ၊ ဆရာဝန်တွေ ကြိုးပမ်းနေကြပါတယ်။ အဲဒီအမှုန် သန်းထောင်ချီဟာ ကင်ဆာဆဲလ်တွေနဲ့ တွေ့တဲ့အခါ အရောင်တွေထွက်လာပြီး ကင်ဆာဆဲတွေကိုတိုက်ဖျက်တာပါ။ Iryna Matviichuk ရဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးပါမယ်။
၂၀၁၈ ခုနှစ်ဟာ အာကာသစူးစမ်းလေ့လာရေးနဲ့ အာကာသယာဉ်လွှတ်တင်ရေး စီမံကိန်းတွေ အကောင်အထည်ဖေါ်နိုင်ဆုံး နှစ်တနှစ်ပါ။ ၂၀၁၈ ခုနှစ် ကမ္ဘာတဝှမ်းက အာကာသဆိုင်ရာ ထူးခြားတဲ့ဖြစ်ရပ်တွေအကြောင်း Arash Arabasadi ရဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်နဲ့တရုတ်နိုင်ငံအကြားကုန်သွယ်ရေးစစ်ဆင်နွှဲနေတာအရှိန်လျှော့ချဖို့သဘောတူညီခဲ့ပေမယ့်လည်းလာမယ့်ရက်၉၀အတွင်းကမ္ဘာ့စီးပွားအင်အားကြီး၂နိုင်ငံအကြားရေရှည်တည်မြဲမယ့်ကုန်သွယ်ရေးသဘောတူညီချက်တွေရရှိမလားဆိုတာကတော့မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။Patsy Widakuswara ပေးပို့ထားတဲ့သတင်းလွှာကို ကိုအောင်အောင်ကတင်ပြပါမယ်။
ကမ္ဘာတဝှမ်းမှာ စစ်ပွဲတွေ၊ ပဋိပက္ခတွေကြောင့် ဒုက္ခသည်အများအပြားဟာ သူတို့အိုးအိမ်တွေကို စွန့်ခွာလာကြတဲ့အခါ ပိုင်ဆိုင်မှုတွေကို အတူသယ်မလာနိုင်ပေမဲ့၊ သူတို့မှာရှိတဲ့ အရည်အချင်း အတတ်ပညာတွေတော့ ပါလာတတ်ပါတယ်။ ပန်းချီအနုပညာရှင် ဒုက္ခသည်အကြောင်း John Soh ပေးပို့တဲ့သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ်က ကုမ္ပဏီငယ်လေးတခုက အော်ဂင် တန်ဖိုးကြီး ဂီတ တူရိယာပစ္စည်း ဖန်တီးလာတာ နှစ် ၃၀ လောက်ရှိပါပြီ။ အော်ဂင်တခုဖြစ်ဖို့ စိတ်ဝင်စားစရာကောင်းလှတဲ့ ရှုပ်ထွေးတဲ့ အပိုင်းအစတွေ ဘယ်လိုတပ်ဆင်ဖန်တီးလဲဆိုတဲ့အကြောင်း Lesia Bakalets ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Alameda ခရိုင်ဟာ အခုဆိုရင် အာဖဂန်နွယ်ဖွား အမေရိကန်တွေ အများအပြား အခြေစိုက်ရာဒေသတခု ဖြစ်လာနေပါတယ်။ အာဖဂန်တွေစုဝေးရာ ဆန်ဖရန်စစ္စကိုမြို့နားက Little Kabul အကြောင်း Saba Shah Khan ပေးပို့တဲ့ သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန်သမ္မတသက်တမ်းဝက် ရွေးကောက်ပွဲမှာ မူစလင်ဒီမိုကရက် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ခံရတာဟာ ဒီမိုကရက်တွေအတွက် သမိုင်းဝင်အောင်ပွဲပါ။ ရွေးကောက်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်လိမ့်ဖို့မျှော်လင့်နေပါတယ်။ Kane Farabaugh ရဲ့သတင်းလွှာကို ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်သမ္မတ သက်တမ်းဝက်ကာလမှာကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ မွတ်ဆလင် ဒီမိုကရက် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ခံရတာဟာ ဒီမိုကရက်တွေအတွက်တော့ သမိုင်းဝင် အောင်ပွဲခံနိုင်ခဲ့တာပါ။
အာရီဇိုးနားပြည်နယ် Oatman မြို့ကလေးဟာ ရှေးဟောင်း Cowboys မြို့လေး ပုံစံကို ဆက်လက်ထိန်းသိမ်းထားပြီး မြင်းလှည်းတွေ၊ Cow boys သေနတ်ပစ်ခန်း ပြန်သရုပ်ဆောင်ပြတာတွေနဲ့ စည်ကားနေပါတယ်။ ဒီအကြောင်း Genia Dulot သတင်းပေးပို့ထားတာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
လက်တင်အမေရိကနိုင်ငံတွေကနေ အမေရိကန်ပြည်ထောင်စုဆီ ရွှေ့ပြောင်းဝင်ရောက်လာသူ ထောင်နဲ့ချီကို တားဆီးဖို့ အမေရိကန်တပ်ဖွဲ့ဝင် ၅၂၀၀ ကျော်ကိုဒီသီတင်းပတ်ကုန်မှာ အမေရိကန်နဲ့ မက္ကစီကို နယ်စပ်မှာ တပ်ချထားမှာပါ။ဒီအပေါ် နယ်စပ်တဖက်တချက်က ဒေသခံတွေရဲ့အမြင်ကို Elizabeth Lee သတင်းပေးပို့ထားတာကို ကိုအာင်အောင် တင်ပြထားပါတယ်။
ဝါရှင်တန်ပို့စ်သတင်းထောက် Jamal Khashoggi အသတ်ခံရတဲ့အမှုမှာ သံသယရှိသူဆော်ဒီတချို့ကို အမေရိကန်ကသိရှိထားပြီးသူတို့ရဲ့ပြည်ဝင်ခွင့်ဗီဇာတချို့ကိုရုပ်သိမ်းမယ့်အပြင်ထပ်ပြီးအရေးယူနိုင်ဖို့နည်းလမ်းရှာနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောပါတယ်။Cindy Saine ရဲ့သတင်းလွှာကို ကိုအောင်အောင် တင်ပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်