Trumpတည်ထောင်တဲ့နိုင်ငံခြားရင်းနှီးမြှပ်နှံမှုအေဂျင်စီကဖွံ့ဖြိုးဆဲနိုင်ငံတွေလိုနေတဲ့အခြေခံအဆောက်အအုံတွေဆောက်ဖို့ချေးနိုင်မယ့်ဒေါ်လာ၆၀ဘီလျံကိုစီမံခန့်ခွဲရမှာပါ။အာဖရိက၊အာရှနဲ့လက်တင်အမေရိကမှာတရုတ်ရဲ့တစတစသြဇာလွှမ်းမှုကိုတုန့်ပြန်တာပါ။Patsy Widakuswara ပေးပို့ထားတဲ့သတင်းလွှာကို ကိုအောင်အောင်ကပြောပြပါမယ်။
ကမ္ဘာတဝှမ်းမှာကလေးငယ်၂.၆သန်းလောက် မွေးဖွါးပြီး တလအတွင်းမှာပဲသေဆုံးခဲ့ကြတယ်လို့ WHOကပြောလိုက်ပါတယ်။Rice360 °အင်စတီကျုအဖွဲ့ကကျန်းမာရေးဝန်ဆောင်မှုပိုင်းမှာအားနည်းတဲ့ဖွံ့ဖြိုးဆဲအာဖရိကsub saharaဒေသမှာဆေးရုံသုံးကိရိယာတွေကိုလှူဒါန်းပေးနေပါတယ်။Elizabeth Leeပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်တင်ပြပေးထားပါတယ်။
အိန္ဒိယနိုင်ငံကနေ ပထမဆုံးအကြိမ်အဖြစ် ရိုဟင်ဂျာတချို့ မြန်မာနိုင်ငံကို ပြန်ပို့လိုက်တဲ့ကိစ္စဟာ အိန္ဒိယနိုင်ငံမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ၄ သောင်းလောက်အတွက်တော့ စိုးရိမ်စရာအခြေအနေဖြစ်လာပါတယ်။ Anjana Pasricha ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အိန္ဒိယနိုင်ငံကနေ ပထမဆုံးအကြိမ်အဖြစ် ရိုဟင်ဂျာတချို့ မြန်မာနိုင်ငံကို ပြန်ပို့လိုက်တဲ့ကိစ္စဟာ အိန္ဒိယနိုင်ငံမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ၄ သောင်းလောက်အတွက်တော့ စိုးရိမ်စရာအခြေအနေဖြစ်လာပါတယ်။
ဟာရီကိန်း Michael တိုက်ခတ်သွားပြီးနောက် ဖလော်ရီဒီမှာ နေထိုင်သူတွေဟာ သူတို့နေအိမ်က အပျက်အစီးတွေကို စတင်ရှင်းလင်းနေပါပြီ။ မုန်တိုင်းကြောင့် လူ ၆ ဦး သေဆုံးခဲ့သလို ကြာသပတေးနေ့မှာ လုပ်ငန်းပေါင်း ၇သိန်းလောက် လျှပ်စစ်မီး ပြတ်နေပါတယ်။ Zlatica Hoke ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးပါမယ်။
အမေရိကန်-ကနေဒါ-မက်ဆီကို ကုန်သွယ်ရေး သဘောတူညီချက်သစ်ဟာ NAFTA လို့ ခေါ်တဲ့ မြောက်အမေရိကလွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်ကိုအစားဖို့ ရည်ရွယ်တာပါ။ NAFTA စာချုပ်ဟာ အမေရိကန်အလုပ်သမားတွေထိခိုက်စေတယ်ဆိုပြီး သမ္မတထရမ့်က အပြင်းအထန်ဝေဖန်နေခဲ့တာဖြစ်ပါတယ်။ Bill Gallo ရဲ့သတင်းလွှာကို ကိုအောင်အောင်က ပြောပြမှာပါ။
အမေရိကန်ပြည်ထောင်စု နယူူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆွေးနွေးနေကြတဲ့ ကမ္ဘာ့ရေးရာတွေနဲ့ပတ်သက်လို့ မူဝါဒရေးရာချမှတ်သူတွေကို VOA ပလပ်ဂင် အစီအစဉ်မှူး Greta Van Susteren ကတွ့ဆုံမေးမြန်းထားပါတယ်။ Elizabeth Cherneff ကောက်နုတ် တင်ပြထားတာကို ကိုအောင်အောင်က ပြောပြပေးပါမယ်။
သမ္မတ Trump ကမြောက်ကိုရီးယားခေါင်းဆောင် Kim နဲ့ ဒုတိယအကြိမ် တွေ့ဆုံဖို့ ရှိတယ်လို့ ပြောလိုက်ပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးတာကြောင့် ရလဒ် အလွန်ကြီးမားမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း ပြောပါတယ်။ Cindy Saine ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးပါမယ်။
အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာချိန်မှာပဲ အမေရိကန်လယ်သမားတွေဟာ ဒီအကျိုးဆက်တွေကို ရင်ဆိုင်နေရပါတယ်။ ကုန်သွယ်ရေးစစ်ပွဲရဲ့ သက်ရောက်မှုအတိုင်းအတာနဲ့ ပတ်သက်လို့ VOA Plugged In အစီအစဉ်မှာ Greta Van Susteren ကစီစဉ်တင်ပြထားပါတယ်။ ကိုအောင်အောင်က အပြည့်စုံ တင်ပြပေးပါမယ်။
လာမယ့် နိုဝင်ဘာမှာကျင်းပမယ့် အမေရိကန် လွှတ်တော် ကြားကာလရွေးကောက်ပွဲမှာ ကွန်ဂရက်လွှတ်တော်ကို ဒီမိုကရက်တွေ ထိန်းချုပ်နိုင်ဖို့ သမ္မတဟောင်း Barack Obama က စည်းရုံးလှုံ့ဆော်နေပါတယ်။ VOA သတင်းထောက် Jim Malone ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စုက မိန်းကလေး ကင်းထောက်လူငယ်အသင်းဝင်တွေအနေနဲ့ ခေတ်နဲ့အညီ နည်းပညာဆိုင်ရာနယ်ပယ်တွေမှာပါ အကျွမ်းတဝင် ရှိလာစေဖို့ တာဝန်ရှိသူတွေကြိုးပမ်းနေပါတယ်။ အသင်းဝင်တွေအနေနဲ့ ရံပုံငွေရရှိအောင်ကွတ်ကီးမုန့် ရောင်းချနေရုံသာမဟုတ်ဘဲ စွမ်းရည်မြင့်မားတိုးတက်အောင်လုပ်နေကြောင်း ကိုအောင်အောင်က တင်ပြထားပါတယ်။
နိုဝင်ဘာလမှာကျင်းပမယ့် လွှတ်တော်ကြားကာလ ရွေးကောက်ပွဲမှာ အထက်နဲ့ အောက်လွှတ်တော် ၂ ရပ်လုံးကို ထိန်းချုပ်ထားတဲ့ ရီပတ်ဘလစ်ကန်တွေရဲ့ အနေအထား ပြောင်းလဲသွားနိုင်ပြီး ရွေးကောက်ပွဲရလဒ်က ထရမ့်ရဲ့ အစီအစဉ်တွေအပေါ် သက်ရောက်လာနိုင်ပါတယ်။ VOA သတင်းထောက် Jim Malone ပေးပို့တဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပါမယ်။
ကနေဒါဝန်ကြီးချုပ် Justin Trudeau က အမေရိကန်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်အသစ်တွေ ရဖို့ ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ပြောလိုက်ပါတယ်။ သဘောတူညီချက်အသစ်မရရင် မော်တော်ကားတင်သွင်းမှုအပေါ် အခွန်တိုးကောက်မယ်လို့ သမ္မတTrump ကခြိမ်းခြောက်ထားတာပါ။ Zlatica Hoke သတင်းပေးပို့ထားတာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
၂၀၁၆ သမ္မတရွေးကောက်ပွဲမှာအနိုင်ရဖို့ Trump မဲဆွယ်အဖွဲ့နဲ့ ရုရှားအကြား ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်ဆိုတဲ့ သူ့ရဲ့ပြောဆိုမှုတွေ အဆုံးသတ်သွားအောင် သမ္မတ Trump ကြိုးပမ်းခဲ့တယ်လို့ CIA ညွှန်ကြားရေးမှူးဟောင်း Brennan က ပြောဆိုလိုက်ပါတယ်။ Patsy Widakuswara ပေးပို့တဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
ဗင်နီဇွဲလားမြို့တော်မှာ စနေနေ့က သမ္မတ Nicolas Maduro မိန့်ခွန်းပြောကြားစဉ် drone အဝေးထိန်းယာဉ်နဲ့ တိုက်ခိုက်ခဲ့တဲ့ကိစ္စမှာ အမေရိကန်အနေနဲ့ ပါဝင်ပတ်သက်မှုမရှိဘူးလို့ သမ္မတ Donald Trump ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးက ငြင်းဆိုပါတယ်။ Zlatica Hoke ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။
အမေရိကန်လွှတ်တော် ကြားကာလရွေးကောက်ပွဲမှာ ပြည်ပကနေ ဝင်ရောက်စွက်ဖက်မှာ စိုးရိမ်ကြောင်းနဲ့ ဒီလိုဖြစ်မလာအောင် ကြိုးပမ်းသွားမယ့်အကြောင်း ထရမ့်အစိုးရအဖွဲ့က ပြောပါတယ်။ ကြာသပတေးနေ့က အိမ်ဖြူတော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း Patsy Widakuswara ပေးပို့တဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
လော့စ်အိန်ဂျဲလိစ် မြို့မှာရှိတဲ့ နာမည်ကျော် ဟောလိဝုဒ် လမ်းမကြီးပေါ်မှာ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလို ဝတ်ဆင်ထားသူတွေက လာရောက် လည်ပတ်ကြသူတွေကို ကြိုဆို နှုတ်ဆက်၊ ဓါတ်ပုံတွဲ အရိုက်ခံတာတွေ ရှိပါတယ်။ ဒီအထဲက နိုင်ဂျီးရီးယားနိုင်ငံသူ တဦးအကြောင်း Arzouma Kompaore သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အီရန်သမ္မတဘက်က တွေ့ဆုံချင်တဲ့ အချိန်မှာ ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေ မထားဘဲ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိတဲ့အကြောင်း အမေရိကန် သမ္မတ Donald Trump ကပြောဆိုပါတယ်။
ကမ္ဘောဒီးယားနိုင်ငံကို ၃၃ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် Hun Sen ဟာ ဒီသီတင်းပတ်ကုန်မှာကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း သူဆက်ပြီး အာဏာချုပ်ကိုင်ထားနိုင်အောင် အဖက်ဖက်က ပြင်ဆင်ထားပါတယ်။ David Boyle ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမျိုးသားတွေလွှမ်းမိုးရာ နည်းပညာဘာသာရပ်နယ်ပယ်တွေမှာ အောင်မြင်မှုရဖို့ စိန်ခေါ်မှုတွေ ပိုရင်ဆိုင်ရနိုင်ပေမယ့်လည်း ကိုယ့်ရည်ရွယ်ချက်တွေ အကောင်အထည်ပေါ်လာအောင် စွမ်းဆောင်နိုင်တဲ့အကြောင်း သက်သေပြခဲ့တဲ့ အာဖဂန်အမျိုးသမီး ၃ ဦးအကြောင်း Zheela Noori ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်