ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွါထွက်သွားသူတွေ မြန်မာနိုင်ငံဘက် ပြန်လာတဲ့အခါနေထိုင်ဖို့အတွက် အသင့်ဆောက်လုပ်ပြီးသား အိမ်ခြေ ၂၅၀ ကို အိန္ဒိယအစိုးရက ရခိုင်ပြည်နယ် မောင်တောမှာ မြန်မာအစိုးရကို မနေ့က ပေးအပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ကမ္ဘာတလွှားမှာ LGBTQ လိင်တူချင်း စုံမက်သူတွေ အမြဲရင်ဆိုင်ရလေ့ရှိတဲ့ အခက်အခဲတွေ၊ နောက်လူမှုအသိုင်းအဝိုင်းကြားမှာ LGBTQ တွေနဲ့ ပတ်သတ်ပြီး ဘယ်လိုသဘောထားတွေ ရှိကြတယ်။
ဒီမိုကရက် သမ္မတလောင်းကိုယ်စားလှယ်တွေရဲ့ စကားစစ်ထိုးပွဲကို ပြီးခဲ့တဲ့ အပတ်က ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့မှာ ၂ ကြိမ်ကျင်းပခဲ့ပါတယ်။ Katherine Gypson ရဲ့ သတင်းလွှာကို ကိုအောင်အောင် က တင်ပြပါလိမ့်မယ်။
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန အရှုးံပေါ်နေတာကြောင့်နဲ့ ဓါတ်အားမရသေးတဲ့ဒေသတွေမျာ ဓါတ်အားပေးဖို့ မီတာခ မြှင့်
နယူးယောက်မြို့ ဘရွတ်ကလင်းအရပ်မှာ ရှိတဲ့ Coney Island Ave ကို တောင်းဆိုသူတွေရဲ့ ဆန္ဒအရ ခေတ်သစ် ပါကစ္စတန်နိုင်ငံကို တည်ထောင်ခဲ့တဲ့ Muhammad Ali Jinnah အမည်နဲ့ ပူးတွဲ သတ်မှတ်ပေးခဲ့ပါတယ်။ VOA သတင်းထောက် Aunshuman Apte ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
Maxlimer ဆိုတဲ့ ရေယာဉ်ငယ်နဲ့ အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်ဖို့ ရက်အတိအကျ မသတ်မှတ်ရသေးပေမယ့်လည်း နောက်ဆုံးအဆင့်ပြင်ဆင်နေပါတယ်။ ထူးခြားတာကတော့ ဒီရေယာဉ်ငယ်ပေါ်မှာ လူလိုက်ပါမှာမဟုတ်ပဲ အဝေးကသော ထိန်းချုပ် မောင်းနှင်မှာပါ။ Kevin Enochs ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ရာဇဝတ်မှုကျူးလွန်သူတွေလို့ သံသယရှိခံရသူတွေကို ရုံးတင်စစ်ဆေးဖို့ တရုတ်ပြည်မကြီးကို ပို့ဆောင်ရမယ်ဆိုတဲ့ အငြင်းပွါးစရာ ဥပဒေကြမ်းနဲ့ ပတ်သတ်ပြီး သောင်းနဲ့ချီတဲ့လူထုဟာ တနင်္ဂနွေနေ့ညဘက်ထိ ဆက်လက်ဆန္ဒပြနေကြပါတယ်။ VOA သတင်းထောက် Zlatica Hoke ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
Trump ရဲ့ ဗြိတိန်ခရီးစဉ်ဗုဒ္ဓဟူးနေ့မှာတော့ အဆုံးသတ်လိုက်ပါပြီ။ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သတ်ပြီး တွေ့ဆုံမေးမြန်းခန်းအတွက် ဖြေကြားပြီးတဲ့နောက်မှာ သမိုင်းဝင် D day နှစ်ပတ်လည် အောက်မေ့ဖွယ်နေ့ကို တက်ရောက်ခဲ့ပါတယ်။ Jeff Custer ပေးပို့ထားတဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အစွန်းရောက် အမျိုးသားရေးဝါဒီဆိုပြီး လူသိများတဲ့ ဦးဝီရသူကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားတဲ့အပေါ် သက်ဆိုင်ရာ တိုင်းသံဃနာယကအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ဖမ်းဆီးအရေးယူသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့နဲ့ အနောက်ကို ဆက်သွယ်ထားတဲ့ မီးရထားလမ်း ဖေါက်လုပ်ခဲ့တာ အနှစ် ၁၅၀ ပြည့်သွားပါပြီ။ ဒီရထားလမ်းက အမေရိကန်ကို အကျိုးပြုပုံကို အမေရိကန်သမိုင်းပြတိုက်ကနေ ကမကထလုပ် အထိမ်းအမှတ် အခမ်းအနားကျင်းပခဲ့ပါတယ်။ Maxim Moskalkov ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင် တင်ပြပါမယ်။
အမေရိကန်ဟာ အကြွေးစနစ်နဲ့ လည်ပတ်နေပြီး အိမ်အကြွေး၊ ကျောင်းစရိတ်အကြွေး၊ ဈေးဝယ်ကတ်အကြွေး၊ ကားအကြွေး စသဖြင့် လစဉ် ပြန်ပေးဆပ်နေကြပါတယ်။ ကုသိုလ်ကံကောင်းစွာ ၂၀၁၉ မှာ ဘွဲရတဲ့ ကျောင်းသားကျောင်းသူတွေထဲက ၄၀၀ လောက်လည်း သူတို့ကျောင်းကြွေးတွေ ပြန်ပေးဖို့ မလိုတော့ပါဘူး။အပြည့်အစုံကို ကိုအောင်အောင် တင်ပြထားပါတယ်။
သုံးမရတော့လောက်အောင် ဆုတ်ပြဲနေတာ ဒါမှမဟုတ် တစစီဖြစ်နေတဲ့ ပိုက်ဆံတွေကို အမေရိကန် ဒေါ်လာငွေကြေး ရိုက်နှိပ်တဲ့ ဌာနမှာ တရားဝင် ပြန်လဲလှယ်လို့ ရပါတယ်။ အဲဒီငွေစက္ကူ တရွက်ရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို စိစစ်နိုင်တယ်ဆိုရင်တော့ ပြန်လဲပေးတာပါ။ Lesia Bakalets ရဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
နိုင်ငံအချင်းချင်းကြား အငြင်းပွါးမှုတွေနဲ့ ပတ်သတ်ပြီး ဖြေရှင်းရတဲ့ နိုင်ငံတကာ သရုပ်ပြတရားခွင်ပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စုမြို့တော် ဝါရှင်တန်ဒီစီမှာ ပြီးခဲ့တဲ့လက ကျင်းပတာမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းလည်း ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်သူတွေထဲ နယ်ပယ်ပေါင်းစုံ လူ့အလွှာမျိုးစုံကပါဝင်ပါတယ်။ အဲဒီထဲမှာ ပန်းချီဆရာ ကိုသန်းဌေးမောင်လည်း တဦး အပါအဝင်ဖြစ်ပြီး သူဟာ ရရာအလုပ်ကိုလုပ်ကိုင်ရင်း အမေရိကန် အိပ်မက်ကို အကောင်အထည်ဖေါ်နေသူလည်း ဖြစ်ပါတယ်။
အမေရိကန်သမ္မတရဲ့ ဧည့်ဂေဟာ Blair House ဟာ အမေရိကန်သံတမန် သမိုင်းမှာ အရေးပါတဲ့ ကဏ္ဍမှာ ရှိခဲ့ပါတယ်။ ၁၈၂၄ ခုနှစ်က အိမ်ဖြူတော်နားမှာ စတင်ဆောက်လုပ်ခဲ့တဲ့ Blair House မှာ ဘယ်သူတွေ တည်းခိုခဲ့သလဲ၊ ဘယ်လို အခမ်းအနားတွေကျင်းပခဲ့သလဲဆိုတဲ့အကြောင်း Milena Gjorgjievska ပေးပို့တဲ့ သတင်းလွှာကို ကိုအောင်အောင် တင်ပြပါမယ်။
နယူးယောက်မြို့က Ellis ကျွန်းမှာ ဟိုးအရင်က ရွှေ့ပြောင်း အခြေချဝင်ရောက်လာသူတွေရဲ့ နာမည်တွေကို သံမဏိပြားတွေမှာ ရေးထိုးထားပါတယ်။ နာမည်ရေးထိုးထားတဲ့ သံမဏိပြားပေါင်း ၇၇၀ လောက်ရှိပြီး ရွှေ့ပြောင်း ဝင်ရောက်သူ ၈ သိန်းလောက်ရဲ့ နာမည်တွေ ရေးထိုးထားတာပါ။ Ramon Taylor ရဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ပြီးခဲ့တဲ့လ နယူးဇီလန်နိုင်ငံက ဗလီမှာ ဝတ်ပြုနေသူတွေကို အစွန်းရောက် အယူသည်းသူတဦးက ပစ်ခတ်သတ်ဖြတ်တာကြောင့် မူဆလင် ၅၀ လောက်သေဆုံးအပြီးမှာ ဒီအခြေအနေဟာ ကမ္ဘာတလွှားက မူစလင်အသိုင်းအဝိုင်းအပေါ်မှာလည်း ရိုက်ခတ်မှုရှိလာပါတယ်။ VOA သတင်းထောက် Ramon Taylor ရဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ရခိုင်မှာ၂၀၁၇က မြန်မာလုံခြုံရေးတပ်တွေရဲ့နယ်မြေရှင်းလင်းမှုကြောင့်ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာအနာဂတ်အရေးဆွေးနွေးပွဲကိုဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center မှာ ဧပြီလ၂ ရက်နေ့ကကျင်းပပြီး မြန်မာ့အရေ ကျွမ်းကျင်သူ Dr. Nehginpao Kipgen ဦးဆောင်ဆွေးနွေးခဲ့တာပါ။ ကိုအောင်အောင်တင်ပြပါမယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၇ က မြန်မာလုံခြုံရေးတပ်တွေ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ တွေရဲ့ အနာဂတ်အရေး ဆွေးနွေးပွဲကို ဝါရှင်တန်ဒီစီမြို့တော်က Woodrow Wilson Center မှာ ဧပြီလ ၂ ရက်နေ့က ကျင်းပပါတယ်။
နိုင်ငံအချင်းချင်းကြား အငြင်းပွါးမှုတွေနဲ့ ပတ်သတ်ပြီး ဖြေရှင်းရတဲ့ နိုင်ငံတကာ သရုပ်ပြတရားခွင်ပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စုမြို့တော် ဝါရှင်တန်ဒီစီမှာ ကျင်းပတာမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းလည်း ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကိုအောင်အောင်က သွားရောက်သတင်းယူပြီး တင်ပြပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်