တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပျံ့ပွားခဲ့တဲ့ Coronavirus ဟာ အခုအခါမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံကျော်ကို ကူူးစက်သွားပြီဖြစ်ပြီး အစိုးရတွေကလည်း ဒီရောဂါပိုး ပျံ့ပွားမှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေပါတယ်။ VOA သတင်းးထောက် Mariama Diallo ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးပါမယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်တဲ့ Corona ဗိုင်းရပ်စ် ရောဂါပိုးကူးစက်နှုန်းဟာ ပိုအင်အားကောင်းလာပြီး လူတယောက်ကနေ တခြား တယောက်ကို ကူးစိုက်နှုန်းလည်း တိုးလာတယ်လို့ တရုတ်ပညာရှင်တွေက သတိပေးပါတယ်။ VOA သတင်းထောက် Zlatica Hoke ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စု အစိုးရဝန်ထမ်း ၂.၁ သန်းထဲက အများစုဟာ ကလေးမွေးဖွါးချိန်၊ ဒါမှမဟုတ် ကလေးမွေးစားဖို့အတွက် ခွင့်ရက်ရှည် ၁၂ ပတ် ရရှိတော့မှာဖြစ်ပါတယ်။
အမေရိကန်တပ်ဖွဲ့တွေ အခြေစိုက်ထားတဲံ အီရတ်နိုင်ငံက စစ်စခန်းနှစ်ခုကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ အီရန်က ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးကျည် တဒါဇင်ကျော်နဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့ပါတယ်။ VOA သတင်းထောက် Richard Green ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးပါမယ်။
ှQasem Soleimani ကို သုတ်သင်မှုဟာ အရှေ့ပိုင်းအလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒအပေါ် ဘယ်လိုရိုက်ခတ်မှု ရှိလာနိုင်ပါသလဲ ...
အမေရိကန်သမ္မတ Donald Trump ရဲ့ ၂၀၁၉ ခုနှစ်အတွင်း သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကိစ္စတွေမှာတော့ မြောက်ကိုရီးယားနဲ့ အီရန် နျူကလီးယားအရေး၊ ရုရှားနဲ့ ဆီးရီးယား၊ NATO အဖွဲ့ဝင်တွေနဲ့ ဆက်ဆံရေး၊ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲ စတဲ့ ကိစ္စရပ်တွေက ထိပ်ဆုံးက ရှိနေခဲ့ပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ သူ့လက်ထက်မှာ အရင် အမေရိကန်သမ္မတတွေထက် စွမ်းစွမ်းတမံ ဆောင်ရွက်ပြမယ်ဆိုပြီး အာဏာရှင် မြောက်ကိုရီးယားခေါင်းဆောင်ကို မြောက်ကိုရီးယားနိုင်ငံပိုင်နယ်မြေထဲထိ သွားရောက်တွေ့ဆုံခဲ့သလို အမေရိကန်ရဲ့ အကျိုးစီးပွါးကို ထိခိုက်တယ်ဆိုပြီး အီရန်နျူကလီးယားစာချုပ်က နုတ်ထွက်ခဲ့တာပါ။
ခရစ်စမတ်နဲ့ နှစ်သစ်ကူးချိန် နီးကပ်လာချိန် အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီမှာအလည်လာသူတွေနဲ့ စည်ကားတဲ့ ရေခဲဝင်္ကပါအကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်သမ္မတ Donald Trump ကို တရားစွဲဖို့ အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ချိန် နီးကပ်လာချိန်မှာပဲ အမေရိကန်မြို့ကြီး တချို့မှာ သမ္မတကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ ကျင်းပနေကြပါတယ်။ ဒီအကြောင်း VOA သတင်းထောက် Mike O’Sullivan လော့စ်အိန်ဂျဲလိစ်ကနေ ပေးပို့ထားတဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
ဒီမိုကရက်တစ်ပါတီဝင် အများစု လွှမ်းမိုးထားတဲ့ အောက်လွှတ်တော်က သမ္မတ Donald Trump ကို တရားစွဲဆိုဖို့ အရေး ကြိုးပမ်းမှုတွေက နောက်တဆင့်ပဲ ကျန်ပါတယ်။ VOA သတင်းထောက် Katherine Gypson ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်လာခါစ ဒုက္ခသည်တွေဟာ ဘာသာစကား၊ ယုံကြည်ရာဓလေ့ စတဲ့ မတူခြားနားတဲ့ ယဉ်ကျေးမှုတွေကြား အခက်အခဲတွေ ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီလိုဒုက္ခသည်သစ်တွေအတွက် ကျေးဇူးတော်နေ့အထိမ်းအမှတ် ပြင်ဆင်ကျွေးမွေးတဲ့ ပွဲတခုအကြောင်း Shahnaz Nafees ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ရှေ့မတိုးနိုင်ပဲ ဖြစ်နေရတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှေ့ဆက်နိုင်ရေး ဘယ်လိုကြားခံအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မျိုးတွေက အကူအညီပေးနိုင်မလဲ ဆိုတာတွေကို ကိုအောင်အောင်က တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
အမေရိကန် သမ္မတ Donald Trump အပေါ် တရားစွဲဆိုသင့် မသင့် စုံစမ်းစစ်ဆေးနေတဲ့ အောက်လွှတ်တော် ကြားနာပွဲမှာ ထိပ်တန်းအစိုးရအဖွဲ့ဝင်အရာရှိတွေ၊ အရင်ထိပ်တန်းတာဝန်ယူခဲ့သူတွေ အစစ်ဆေးခံ သက်သေထွက်ဆိုနေချိန်မှာပဲ ထရမ့်နဲ့ ရီပတ်ဘလစ်ကန်တွေကတော့ သမ္မတအပေါ် စွပ်စွဲချက်တွေကို ခုခံချေပနေပါတယ်။
ယူကရိန်းကိုပေးမယ့် စစ်ရေးအကူအညီကို သမ္မတ Trump က နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချပြီး နိုင်ငံရေးပြိုင်ဘက်ကို စုံစမ်းစစ်ဆေးပေးဖို့ ဖိအားပေးခဲ့တယ်လို့ ဥရောပသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Gordon Sondland က လွှတ်တော်ကြားနာပွဲမှာ ထွက်ဆိုသွားပါတယ်။ Katherine Gypson သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
ဒီမိုကရက်တစ်ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်းတွေရဲ့ စကားစစ်ထိုးပွဲကို အိုဟိုင်းယိုးပြည်နယ်မှာ ကျင်းပခဲ့တာမှာ ကိုယ်စားလှယ်လောင်း တဒါဇင်လောက် ပါဝင် စကားစစ်ထိုးခဲ့ကြပါတယ်။ အင်္ဂါနေ့ညကကျင်းပတဲ့ ဒီစကားစစ်ထိုးပွဲအကြောင်း VOA သတင်းထောက် Jim Malone ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနသံတမန်တွေ အောက်လွှတ်တော်ကော်မတီမှာ အစစ်ဆေးမခံဖို့ အစိုးရအဖွဲ့က ကြားဝင်တားဆီးနေတဲ့ကြားမှာပဲ အတိုက်အခံဒီမိုကရက်တွေကတော့ သမ္မတ Trump ကို အရေးယူနိုင်တဲ့အထိ ဆက်လက် စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်နေပါတယ်။ VOA သတင်းထောက် Jim Malone ပေးပို့ထားတဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန် သမ္မတ Donald Trump ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ သူနဲ့ နိုင်ငံရေး ပြိုင်ဖက် ဖြစ်လာမယ့် ဒုသမ္မတဟောင်းလည်းဖြစ်၊ ဒီမိုကရက်သမ္မတ ကိုယ်စားလှယ်လောင်းလည်းဖြစ်တဲ့ Joe Biden အပေါ် ၊အဂတိလိုက်စားမှုရှိမရှိ စုံစမ်းဖို့ပဲ ပြောခဲ့တာလို့ ပြောပါတယ်။ Steve Redisch ရဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပါမယ်။
ဆော်ဒီအာရေးဗီးယားက ရေနံလုပ်ငန်းတွေ တိုက်ခိုက်ခံရတဲ့ ကိစ္စမှာ ဘယ်လို ကိုင်တွယ်မလဲဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo အနေနဲ့ အခက်ကြုံနေပုံရတယ်လို့ လေ့လာသူတွေက ရှု့မြင်ပါတယ်။ VOA သံတမန်ရေးရာသတင်းထောက် Cindy Saine ရဲ့သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဘာသာရေးအလှူအတန်းများ
နောက်ထပ်ကြည့်ရှုရန်