သမ္မတထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒ အောင်မြင်ခဲ့သလား
အမေရိကန်သမ္မတ Donald Trump ဟာ သူ့လက်ထက်မှာ အရင် အမေရိကန်သမ္မတတွေထက် စွမ်းစွမ်းတမံ ဆောင်ရွက်ပြမယ်ဆိုပြီး အာဏာရှင် မြောက်ကိုရီးယားခေါင်းဆောင်ကို မြောက်ကိုရီးယားနိုင်ငံပိုင်နယ်မြေထဲထိ သွားရောက်တွေ့ဆုံခဲ့သလို အမေရိကန်ရဲ့ အကျိုးစီးပွါးကို ထိခိုက်တယ်ဆိုပြီး အီရန်နိုင်ငံနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံ ၆ နိုင်ငံကြား ချုပ်ဆိုခဲ့တဲ့ စာချုပ်ကနေ နှုတ်ထွက်ပြီးတဲ့နောက် အီရန်ကို ဆက်လက်ဖိအားတွေပေးခဲ့တာပါ။ အမေရိကန်အကျိုးစီးပွါးသာ ပထမဆိုပြီး တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲလာတာကလည်း နှစ်နဲ့ချီကြာနေပါပြီ။ ၂၀၁၉ ခုနှစ်အတွင်း သမ္မတ ထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေ ဘယ်လောက် မှန်မှန်ကန်ကန်ချမှတ်နိုင်ခဲ့လည်း ဘယ်လောက်ထိအောင်မြင်ခဲ့လည်း ဆိုတာတွေကို ကိုအောင်အောင်က စုစည်းတင်ပြထားပါတယ်။