အမေရိကန်ပြည်ထောင်စု အတွင်း ရောဂါကူးစက်မှု အများဆုံးနေရာတခုဖြစ်တဲ့ နယူးယောက်ပြည်နယ်မှာ COVID-19 ရောဂါဝေဒနာသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့အခြေအနေ နယူးယောက်မြို့က မြန်မာလူမှုအသိုင်းအဝိုင်းအရေး ပါဝင်ဆောင်ရွက်နေသူတဦးဖြစ်တဲ့ ကိုမိုးချမ်းကို ကိုအောင်အောင် Skype ကတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုဗစ် ၁၉ ကပ်ရောဂါဒဏ်ခံရတဲ့သူတွေထဲ မြန်မာတွေလည်း ပါဝင်ပြီး စက်ရုံအလုပ်ရုံတွေမှာကူးစက်ကြတာပါ။ မကြာသေးခင်ကမှ ကိုဗစ် 19 ကြောင့် ဆုံးပါးသွားသူတဦးရဲ့ သားလည်းဖြစ်ကိုယ်တိုင်လည်း အမဲသား ထုတ်တဲ့ စက်ရုံမှာ လုပ်ကိုင်တဲ့ တက်က္ကဆပ်ပြည်နယ်အမာရီလိုမြို့ကကိုမင်းကိုလတ်ကို ကိုအာင်အောင် ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။
အာဖရိကန်-အမေရိကန် လူမည်းတဦးကို ဖမ်းဆီးရာကနေ သေဆုံးသွားတဲ့ အဖြစ်အပျက်ကြောင့် အမေရိကန်ပြည်ထောင်စုက မြို့ကြီးတွေမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားနေပါတယ်။
အာဖရိကနွယ်ဖွား အမေရိကန်တဦးဖြစ်တဲ့ George Floyd လူဖြူရဲအရာရှိတဦးရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ပြီးနောက် Minnesota ပြည်နယ် Minneapolis မြို့အပါဝင် အမေရိကန်တဝှမ်းမှာ အကြမ်းဖက်ဆန္ဒပြမှုတွေ ပေါ်ပေါက်နေပါတယ်။ Minneapolis မြို့ အခြေအနေအပါအဝင် လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေအကြောင်းကိုအောင်အောင်က မေးမြန်းထားပါတယ်။
အမေရိကန်နိုင်ငံသားတွေ အလုပ်လက်မဲ့ ဖြစ်တဲ့အချိန်မှာ အစိုးရက အလုပ်လက်မဲ့ခံစားခွင့်အနေနဲ့ အပတ်စဉ်ငွေ ထောက်ပံ့ပေးပါတယ်။ အလုပ်လက်မဲ့ ခံစားခွင့်နဲ့ပတ်သက်လို့ အင်ဒီယာနားပြည်နယ် ဖော့ဝိန်းမြို့က မအေးအေးမိုးကို ကျနော်အော်ငအောင်က ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။
အမေရိကန် နိုင်ငံ နယူးယောက်မြို့မှာ Covid-19 ကြောင့် ကွယ်လွန်သူ မြန်မာတချို့နဲ့ နာမကျန်းဖြစ်သူတွေကို အကူအညီပေးနေတာကတော့ NHFMM မြန်မာအမျိုးသား လူမှုရေးရန်ပုံငွေအဖွဲ့ပါ ။ အဖွဲ့ဝင်တဦးလည်းဖြစ် ကုလသမဂ္ဂ UNICEF အငြိမ်းစားဝန်ထမ်းလည်းတဦးလည်းဖြစ်တဲ့ ဒေါ်မေသီခ ကို ကိုအောင်အောင် ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
အမေရိကန်လွှတ်တော်က စီးပွားရေးလုပ်ငန်းရှင်တေအတွက် ဒေါ်လာ ၄၈၄ ဘီလျံ ရန်ပုံငွေချေးဖို့ ဥပေဒ ပြဌာန်းပြီး ဒီဥပဒေအရ အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အစိုးရဆီက ငွေ ဘယ်လို ချေးယူနိုင်မလဲ ဆိုတာကို H & J စာရင်းအင်းနဲ့ အခွန်ဝန်ဆောင်မှုဌာနက မနှင်းနှင်းလွင်ကို ကိုအောင်အောင် ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ Rotary အသင်းကြီးကို ၂၀၁၄ ခုနှစ်ကစလို့ ပြန်လည်ဖွဲ့စည်းပြီး အခုအခါမှာ ကျန်းမာရေးကိစ္စတွေမှာ ထိထိရောက် ရောက် အကူအညီပေးနေပါတယ်။ Rotary Club of Central Yangon ရဲ့ ဥက္ကဋ္ဌ ကို ထက်ညီကို ဆက်သွယ်ပြီး ကိုဗစ် ကပ်ရောဂါကာလအတွင်း လှုဒါန်းမှုတွေအကြောင်း ဆက်သွယ်မေးမြန်းထားပါတယ။်
အမေရိကန်ပြည်ထောင်စုမှာ COVID-19 ရောဂါကူးစက်မှာကို စိုးရိမ်ပြီး လုပ်ငန်းတွေ ပိတ်ထားရတဲ့အချိန် အခက်ခဲဖြစ်နေသူတွေကို အစိုးရက ပေးတဲ့ အရေးပေါ် ထောက်ပံ့ရေး အကူအညီနဲ့ ပတ်သက်ပြီး H & J စာရင်းအင်းးနဲ့ အခွန်ဝန်ဆောင်မှု လုပ်ငန်းက မနှင်းနှင်းလွင်ကို ကိုအောင်အောင် Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို စခံရတဲ့ အနောက်မြောက်ပြည်နယ် ဝါရှင်တန် က အခေအြနေတွေကို ဝါရှင်တန်ပြည်နယ် Seattle မြို့က Harborview Medical Center မှာ ခွဲစိတ်ခန်း စီမံခန့်ခွဲရေးမှုး မမိုးမိုးထွန်းကို ကို အောင်အောင် က ဆက်သွယ်မေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်း ဆန်ဒီယေးဂိုးမြို့က COVID-19 ရောဂါ တိုက်ဖျက်ရေး အခြေအနေနဲ့ ကာကွယ်မှုတွေအကြောင်း မြန်မာနွယ်ဖွား သူနာပြုဆရာမတဦးဖြစ်တဲ့ ဒေါ်စီစီအေးကို ကိုအောင်အောင်က Skype က တဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။
Covid-19 ရောဂါ ကူးစက်မှုကြောင့် ကမ္ဘာတလွှား စီးပွားရေ ထိခိုက်နေချိန်မှာ အမေရိကန် လယ်သမားတွေလည်း ဒီရောဂါ ကူးစက်မှုက ရိုက်ခတ်နေပါတယ်။ စိုက်ပျိုးသီးနှံ့ ရောင်းချမယ့် ဈေးကွက်ကို သူတို့က စိုးရိမ်ပူပန်နေတာပါ။ Kane Farabaugh ရဲ့သတင်းလွှာကို ကိုအောင်အောင်က ပြောပြပါလိမ့်မယ်။
ဗိုင်းရပ်စ်ကူးစက်မှာကို စိုးရိမ်ပြီး အမေရိကန်ပြည်ထောင်စုတဝှမ်း ကုန်စုံဆိုင်ကြီးတွေ ပိတ်လိုက်ရတဲ့အတွက် စီးပွားရေးထိခိုက်လာနေတဲ့ အခြေအနေ ကိုအောင်အောင်က တင်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာကျရောက်တဲ့ ၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုပြီး မေရီလန်းပြည်နယ် ကိုလံဘီယာမှာ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က ချင်းအမျိုးသားနေ့ကို ကြိုတင်ကျင်းပခဲ့ပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က ရိုက်ကူးတင်ပြထားပါတယ်။
New Hampshire ပြည်နယ်မှာကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်း Primary ပဏာမရွေးကောက်ပွဲမှာ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders အနိုင်ရလိုက်ပါတယ်။ ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်းရွေးပွဲတွေတွေရဲ့ နောက်ဆုံးအခြေအနေကို Jim Malone သတင်းပေးပို့ထားပါတယ်။ ကိုအောင်အောင်က တင်ပြထားပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းက John နဲ့ Laura Hunter တို့ နှစ်ဦးဟာ အမေရိကန်နဲ့ မက္ကစီကိုနယ်ခြားတလျှောက်က ကန္တာရဒေသမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေ အသက်ရှင်သန်နိုင်ရေး လိုအပ်မယ့် ရိက္ခာ စားသောက်ဖွယ်ရာတွေကို လိုက်လံ ချထားပေးပါတယ်။ Genia Dulot ရဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပါမယ်။
အမေရိကန် အရှေ့မြောက်ပြည်နယ် New Hampshire မှာ ဒီမိုကရက်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း ပဏာမရွေးချယ်ပွဲ အင်္ဂါနေ့မှာ ကျင်းပဖို့ရှိပါတယ်။ New Hampshire ပြည်နယ်က မဲဆန္ဒရှင်တွေရဲ့ သဘောထားနဲ့ ပတ်သတ်လို့ Carolyn Presutti ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ရန်ပုံငွေ ဒေါ်လာ ၆၇၅ သန်း လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကကြေညာပါတယ်။ ဒီဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ လူပေါင်း ၅၀၀ ကျော်သေဆုံးခဲ့ပြီးပါပြီ။ Mariama Diallo ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
တတိယအကြိမ်မြောက် နိုင်ငံတော်အခြေပြမိန့်ခွန်းကို အင်္ဂါနေ့ညက အမေရိကန်သမ္မတ Donald Trump ကွန်ဂရက်စ်လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ သူ့ကိုတရားစွဲထားတဲ့အမှုကို အထက်လွှတ်တော်တရားခွင်မှာ စစ်ဆေးကြားနာနေချိန်ှမှာ အခုလို မိန့်ခွန်းပြောတာပါ။ Katherine Gypson ပေးပို့တဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
Coronavirus ကူးစက်ခံထားရတဲ့ ဟူဘေးပြည်နယ် ဝူဟန်မြို့ခံတဦးဟာ ဖိလစ်ပိုင်ကို ရောက်လာပြီး ရက်ပိုင်းအတွင်းမှာဘဲ မနီလာမြို့ ဆေးရုံးမှာ ကွယ်လွန်သွားပါတယ်။ အမေရိကန်မှာလည်း ထိန်းချုပ်ဟန့်တားမှုတွေကို လုပ်ဆောင်နေတဲ့ အကြောင်း VOA သတင်းထောက် Zlatica Hoke ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်