မြန်မာနိုင်ငံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့အပြင် ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုဖို့ အာဏာသိမ်း စစ်အစိုးရကို အမေရိကန်အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေက တောင်းဆိုထားပါတယ်။ ဒီ ကြေညာချက်တချို့ကို ကိုအောင်အောင် က စုစည်း တင်ပြပေးထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ အောင်အောင်မြင်မြင် စမ်းသပ်နိုင်တယ်ဆိုတဲ့ သတင်းတွေထွက်လာချိန်မှာပဲ လိုအပ်ချက်ကို အကြောင်းပြုပြီး လူတွေကို လိမ်ညာဖို့ အဆင်သင့်စောင့်ဆိုင်းနေသူတွေ ရှိကြောင်း စုံစမ်းစစ်ဆေးသူတွေက သတိပေးပါတယ်။ AP သတင်းကို အခြေခံပြီး ကိုအောင်ငအောင်က တင်ပြပေးထားပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့မှာ မဲပေးနေကြတဲ့အခြေအနေကို သိနိုင်ဖို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်အနီး ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့က မဲရုံမှာ VOA မြန်မာပိုင်းအစီအစဉ်က မခင်ဖြူထွေးကို ကိုအောင်အောင် ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ အကြောင်း VOA မြန်မာပိုင်း အစီအစဉ်က ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ အင်ဒီယားနားပြည်နယ် အင်ဒီယာနာပုလစ် မြို့က အမေရိကန်နိုင်ငံရေး သုံးသပ်သူ ဒေါက်တာ ရိုဒင်း တို့ကို ကိုအောင်အောင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ရွေးကောက်ပွဲမှာ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ဟာ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ဖြစ်ပေမယ့်လည်း ဒီမိုကရေစီထွန်းကားတဲ့ အမေရိကန်ပြည်ထောင်စုမှာ မဲပေးပိုင်ခွင့် မရှိသူတွေ ဆက်ရှိနေဆဲပါ။ ဘာကြောင့် သူတို့အနေနဲ့မဲပေးခွင့် မရတာလည်းဆိုတဲ့အကြောင်း AFP သတင်းဆောင်းပါးကိုအခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ဒီတပါတ်စနေည တင်ဆက်ပေးမယ့် ရွေးကောက်ပွဲအထူးအစီအစဉ် စကားဝိုင်းမှာတော့ ၂၀၂၀ ရွေးကောက်ပွဲနှင့် ကိုဗစ်အလွန် မြန်မာ့စီးပွားရေးမျှော်ချက်အကြောင်းကို ဆွေးနွေးတင်ပြမှာပါ။ Channel FFE မီဒီယာ အဖွဲ့က အယ်ဒီတာ ကိုမှူးသစ်က ဒေါက်တာ သက်သက်ခိုင်၊ ကိုရဲနိင်အောင်၊ ဦးမင်းခင် တို့နဲ့ဆွေးနွေးထားပါတယ်။
ကိုဗစ် ၁၉ ကပ်ရော ကူးစက်မှုတွေ ရှိနေတာကြောင့် စိုးရိမ်နေရတဲ့ကြား ရွေးကောက်ပွဲအတွက် အဆင်ပြေပြေ ကြိုတင် မဲပေးနိုင်ဖို့ ဆန်ဖရန်စစ္စကိုမြို့ အာဏာပိုင်တွေက ဆောင်ရွက်နေပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် ၁ လလောက်လိုကတည်းက မဲပေးနိုင်ဖို့ စီစဉ်ပေးနေတဲ့အကြောင်း အေပီသတင်းကို အခြေခံပြီး ကိုအောင်အောင်ကတင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကျောင်းတွေ စတင်ပြန်ဖွင့်ချိန်မှာပဲ ကလေးတွေကြား ရောဂါကူးစက်မှုကို တားဆီးဖို့ ရည်ရွယ်ပြီး ကျောင်းတချို့မှ စာသင်ခန်းပြင်ပ ကျောင်းဝင်းနဲ့ လမ်းမပေါ်ထွက်သင်ကြားပေးနေကြပါတယ်။ တချို့တက္ကသိုလ်တွေမှာတော့ရောဂါကူးစက်မှုတွေကြောင့် ဖွင့်ပြီး မကြာခင်မှာပဲအွန်လိုင်းကနေ ပြောင်းလဲသင်ကြားစေခဲ့တာပါ။
မြန်မာ့ရိုးရာ နတ်ပွဲတွေမှာ တီးခတ်တဲ့ ဂီတတွေးသွားတွေနဲ့ ပတ်သတ်တဲ့ အွန်လိုင်း ဆွေးနွေးပွဲတရပ်ကို စက်တင်ဘာ ၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ၊ နယူးယောက်နဲ့ မြန်မာနိုင်ငံက ဂီတပညာရှင်တွေပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
သမိုင်းဝင် အထင်ကရ အမျိုးသမီးတွေရဲ့ ရုပ်တုကို နယူးယောက် Central Park ဥယျာဉ်မှာ ပထမဆုံးအနေနဲ့ စိုက်ထူလိုက်ပါတယ်။ အမျိုးသမီးတွေ တန်းတူညီမျှ အခွင့်အရေးအတွက် ဦးဆောင် တိုက်ပွဲဝင်သူတွေရဲ့ ရုပ်တုအကြောင်း အေပီသတင်းကိုအခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ဆန်ဖရန်စစ်စကို အခြေစိုက် နည်းပညာကုမ္ပဏီသစ်တခုကနေ လေယာဉ်မောင်းသူမပါပဲ လေယာဉ်ကို အလိုအလျောက် ပြေးလမ်းမှာ အတက်အဆင်းလုပ်နိုင်တဲ့ နည်းပညာသစ်ကို မိတ်ဆက်ပြသလိုက်ပါတယ်။ Xwing ကုမ္ပဏီဟာ အလိုအလျောက် မောင်းနှင်တဲ့စနစ်ကို ၄ နှစ်ကြာ စမ်းသပ်ခဲ့တာပါ။ ကိုအောင်အောင် က တင်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ် ပြန်ပိတ်လိုက်ရတာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေကြတဲ့ ကျာင်းသူကျောင်းသာတွေ၊ ကပ်ရောဂါကာလ ကျောင်းပိတ်မပေးတာကြောင့် ဆန္ဒပြကြတဲ့ ဂျော်ဂျီယာပြည်နယ်က ကျောင်းသူကျောင်းသား တွေအကြောင်း အေပီသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်နေသူတွေဟာ အမေရိကန် အစိုးရရဲ့ အပိုဆောင်း ထောက်ပံ့ငွေအပေါ် မှီခိုအားထားနေရပြီး အလုပ်လက်မဲ့ ထောက်ပံ့ငွေနဲ့ မလုံလောက်တာကြောင့် အိမ်လခပေးဖို့လည်း အခက်အခဲဖြစ်နေရတာပါ။ အိမ်ရှင် နှင်ချမှာ စိုးရိမ်နေကြတဲ့ အိမ်ငှား တွေအကြောင်း ကိုအောင်အောင်က တင်ပြထားပါတယ်။
ကပ်ရောဂါကာလဖြစ်တာကြောင့် အခုနှစ် နွေရာသီမှာ အပန်းဖြေခရီးဝေးသွားဖို့ကို အမေရိကန်တွေက ရှောင်ရှားကြပါတယ်။ ဒါပေမယ့်လည်း စိတ်အပန်းဖြေစရာအနေနဲ့ ခရီးဝေးသွားမယ့်အစား မော်တော်ဘုတ်တွေ ဝယ်စီးလာကြတာကြောင့် မကြုံဘူးလောက်အောင် မော်တော်ဘုတ်တွေ အရောင်းသွက်နေပါတယ်။ ဒီအကြောင်း ကိုအောင်အောင်ကတင်ပြပေးထားပါတယ်။
အမေရိကန်မဲဆန္ဒရှင်တွေအကြား သဘောထားကွဲလွဲချက်တွေ ကြီးမားနေ
မစ်ရှီဂန်က ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းနဲ့ ဆန္ဒပြပွဲ
အမေရိကန်ပြည်ထောင်စုကိုငယ်စဉ်ကတည်းက ပြောင်းရွှေ့နေထိုင်ခဲ့ပြိး ဟောလိဝုဒ်ရုပ်ရှင်လောကကိုဝင်ရောက်ဖို့ ကြိုးစားနေသူကတော့ကိုအေဒရီယံဇော်ပါ။ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် zaws studio မာတိုင်မီဒီယာပရိုဒတ်ရှင်းလုပ်ငန်းတည်ထောင်ထားသူအနေနဲ့အမေရိကန်အိပ်မက်တွေကိုဘယ်လိုကြိုးစားအကောင်အထည်ဖေါ်ခဲ့ဆိုတာတင်ပြထားပါတယ်
အမေရိကန်မှာ ကျောင်းတက်နေတဲ့နိုင်ငံတကာကျောင်းသားတွေအနေနဲ့ လာမယ့် ဆောင်းရာသီ စာသင်ကာလအတွင်း သင်ကြားမယ့် အတန်းတွေကိုအွန်လိုင်းကပဲ တက်မယ်ဆိုရင်ဗီဇာနဲ့နေထိုင်ခွင့် ဆုံးရှုံးမယ်ဆိုတဲ့အစိုးရက မူဝါဒ အပြောင်းအလဲနဲ့ ပတ်သက်လို့ ဖလော်ရီဒါ နည်းပညာတက္ကသိုလ်က တွဲဖက်ပါမောက္ခ ကိုဖြိုးထက်ဟိန်းကို မေးမြန်းထားပါတယ်။
ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ Fulbright ပညာတော်သင် ဆုချီးမြှင့်ခံရတဲ့ မြန်မာကျောင်းသား ကို Jordan အောင်ရဲပိုင်ကို သူပညာတော်သင်ဆု ချီးမြှင့်ခံရအောင် ဘယ်လိုကြိုးစားခဲ့သလဲဆိုတာတွေနဲ့ သင်ကြားမယ့် ပညာရပ်တွေနဲ့ ပတ်သက်ပြီး ကိုအောင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုရိုနာဗိုင်းရပ်စပ် ကူးစက်မှုတွေနဲ့ အလုပ်လက်မဲ့တွေ များလာနေတဲ့အခြေအနေ၊ လက်ရှိနိုင်ငံရေးနဲ့ ဈေးကွက်အနေအထား မြန်မာအမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးထွန်းတင်ရဲ့ သုံးသပ်ချက် အမြင်တွေကို ကိုအောင်အောင် Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်