တရုတ်နိုင်ငံမှာ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေ လျှော့ချလိုက်တာကြောင့် ခုအခါ အာရှဒေသတွင်းနိုင်ငံတွေမှာ တရုတ်ခရီးသွားတွေနဲ့ ပြန်လည်စည်ကားလာလိမ့်မယ်လို့မျှော်လင့်နေကြပါတယ်။ တရုတ် အိမ်နီးချင်း ဂျပန်နိုင်ငံကစလို့၊ အင်ဒိုနီးရှားထိ ခရီးသွားတွေအတွက် ကြိုတင်ပြင်ဆင်လာကြတာပါ။ ကိုအောင်အောင် တင်ပြပေးပါမယ်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေရှိနေပြီး နေအိမ်တွေ မီးရှို့ခံနေရပါတယ်။ ခင်ဦးနယ်ထဲက မြင်းဒေါင်းကျေးရွာက ဒေသခံတွေဟာဆိုရင်လည်း စစ်ဘေးရှောင်နေရတာ ၈ လနီးပါး ကြာမြင့်လာတဲ့အတွက် အခက်အခဲတွေ ရှိနေပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ တက္ကဆက် ပြည်နယ် El Paso နယ်စပ်မြို့ကို တနင်္ဂနွေနေ့က သွားရောက်ခဲ့ပါတယ်။ မြောက်အမေရိကတိုက် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ Mexico City ကိုမသွားရောက်ခင် လမ်းခရီးမှာ ခုလို တထောက် ဝင်ရောက်ကြည့်ရှုတာပါ။ ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အမေရိကန်အောက်လွှတ်တော် ဥက္ကဌအဖြစ် Kevin McCarthy ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် ရီပတ်ဘလစ်ကန်တွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို စတင်နိုင်ပါပြီ။ အောက်လွှတ်တော်မှာ လူများစုဖြစ်လာတဲ့ ရီပတ်ဘလစ်ကန်တွေအနေနဲ့ သူတို့လက်ထက်မှာ ဘာတွေ အောင်မြင်အောင် လုပ်မလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ကိုအောင်အောင် တင်ပြထားပါတယ်။
ရှေးရိုးစွဲ အော်သိုဒေါက်စ် ခရစ်ယာန်တွေရဲ့ ခရစ္စမတ်အခါသမယ အထိမ်းအမှတ် သမ္မတပူတင် ယူကရိန်းမှာ ယာယီအပစ်ရပ်ခိုင်းခဲ့၊ တရုတ်ကိုဗစ်ကူးစက်မှု ကုတင်မလောက်တဲ့ ထိဖြစ်၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်နဲ့ ကိုအောင်အောင် တင်ဆက်ထားပါတယ်။
ရီပတ်ဘလစ်ကန်အများစု လွှမ်းမိုးထားတဲ့ အမေရိကန်အောက်လွှတ်တော်မှာ Kevin McCarthy ကို ဥက္ကဌ တင်မြှောက်ဖို့ အကြိမ်ကြိမ် မဲပေးပေမဲ့ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် ၂၀ လောက်က ကန့်ကွက်မဲပေးနေတာကြောင့် ၄ ရက်မြောက်အနေနဲ့ သောကြာနေ့မှာ ထပ်မံ မဲပေးရွေးချယ်ရမှာ ဖြစ်ပါတယ်။ ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှဦ သန္ဓေသားဖျက်ချတဲ့ ဆေးကို တရားဝင် ရောင်းချခွင့်ပြုလိုက်ပါပြီ။ FDA အမေရိကန်၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ဆေးဆိုင်တွေမှာ ရောင်းချခွင့်ပြုလိုက်တာပါ။ ဒါပေမဲ့လည်း ပြည်နယ်တချို့မှာတော့ ဒီဆေး ရောင်းချခွင့် ပိတ်ပင်ဖို့ ကြိုးစားနေတဲ့အကြောင်း ကိုအောင်အောင်က တင်ပြပေးမှာပါ။
“လေယာဉ်ကတော့ နေ့တိုင်းပစ်တယ်၊ ဒါပေမဲ့ နာရီခြားပေါ့။ ဖြစ်စဉ်ဖြစ်တဲ့နေ့ မနက်ပိုင်းကနေ အဲဒါကတော့ ဆက်တိုက် ပစ်တယ်။ အဲ့ဒီနောက်ပိုင်းမှာ သူက ၂ နာရီခြား၊ ၁ နာရီခြား၊ ၃ နာရီခြား သူက အဲ့လိုမျိုး လာလာပြီးတော့ ပစ်တယ်။ ကျနော်တို့ တောင်စွန်းမှာဆိုတာက အရင်က အရင်အာဏာသိမ်းပြီးကတည်းကတော့ ဖြစ်ဖူးပါတယ်။” (ဒေသခံ)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ခေါင်းဆောင်ကောင်း အရည်အချင်းနဲ့ ပြည့်ဝသူဖြစ်တယ်လို့ ယူဆကြကြောင်း Pew သုတေသနစင်တာရဲ့ လူထုစစ်တမ်းတွေ အရသိရပါတယ်။ စစ်တမ်း ကောက်ယူတဲ့နိုင်ငံအများစုမှာ အဲဒီလိုသဘောထားမျိုးတွေ့ရတာပါ။ Cindy Saine ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ရုရှားနဲ့ ဘဲလာရုစ်ပူးတွဲစစ်ရေးလေ့ကျင့်နေတာကြောင့် ယူကရိန်းမြောက်ဘက်ကနေ ဒုတိယအကြိမ် ထပ်မံ ထိုးစစ်ဆင်လာမလားဆိုပြီး ခန့်မှန်းနေကြပါတယ်။ တချို့ ဘဲလာရုစ်နိုင်ငံသားတွေဟာ ယူကရိန်းတွေနဲ့အတူ ရပ်တည်ကြတယ်ဆိုတာကို ပြသဖို့ ယူကရိန်းတပ်တွေစီ ဝင်ရောက်ပူပေါင်းကြပါတယ်။ ကိုအောင်အောင် တင်ပြပေးထားပါတယ်။
နှစ်ကုန်ချိန် ရုရှားက ယူကရိန်းကို စစ်ထိုးဆဲ၊ မြောက်ကိုရီးယားဒရုန်းလို ကျူးကျော်မှုတွေချေမှုန်းဖို့ တောင်သမ္မ စစ်တပ်ကို အမိန့်ပေး၊ တရုတ်ကနေ အမေရိကန်ကို လာရောက်သူအားလုံး ကိုဗစ်ကင်းရှင်းကြောင်း ပြသဖို့လိုအပ်၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်နဲ့ ကိုအောင်အောင် တင်ဆက်ထားပါတယ်။
တရုတ်နိုင်ငံအတွင်း ကိုဗစ်ကူးစက်သူအတည်ပြုလူနာတွေ သန်းနဲ့ချီရှိလာပေမယ့် မြန်မာနိုင်ငံဘက်မှာ ရောဂါဖြစ်နှုန်းမရှိတာကြောင့် တရုတ်-မြန်မာ နယ်စပ်ဂိတ်အားလုံးကို လာမယ့် ဇန်နဝါရီလထဲမှာ တရုတ်၊ ယူနန်အစိုးရက ပြန်ဖွင့်ပေးနိုင်ခြေရှိကြောင်း နယ်စပ်ကုန်သည်တချို့က ဗွီအိုအေကို ပြောပါတယ်။
နှစ်ကုန်အားလပ်ရက်ရာသီမှာ မီးအလှရောင်စုံထွန်းတာ အမေရိကန်တွေရဲ့အစဉ်အလာတခုပါ။ ဝါရှင်တန်ဒီစီနဲ့ သိပ်မဝေးလှတဲ့ Frederick မြို့မှာ အလှပြ လှေငယ်လေးတွေကို မီးအလှ တန်ဆာဆင်ပြီး ပြသထားပါတယ်။ ကိုအောင်အောင် ရိုက်ကူး တင်ပြထားပါတယ်။
ဇန္နဝါရီလ ၆ ရက်၊လွှတ်တော်စီးနင်းခံရမှုကို စုံစမ်းစစ်ဆေးနေတဲ့ကော်မတီက အပြီးသတ်အစီရင်ခံစာ ပြီးခဲ့တဲ့ကြာသာပတေးနေ့က ထုတ်ပြန်ပါတယ်။၂၀၂၀ သမ္မတရွေးကောက်ပွဲရလဒ်တွေကို ပြောင်းလဲပစ်ဖို့ ကြိုးစားတဲ့လုပ်ရပ်တွေမှာ သမ္မတဟောင်း Donald Trump ဟာ အဓိကပါဝင်တယ်ဆိုပြီး ကော်မတီကစွပ်စွဲထားပါတယ်။ကိုအောင်အောင် က တင်ပြပါလိမ့်မယ်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်မှာ စစ်ရေးတင်းမာနေပေမဲ့ ဒီရက်ပိုင်းမှာ တိုက်ပွဲတွေငြိမ်သက်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လှမ်းပြီးပစ်ခတ်နေတ်နေသံတွေကိုတော့ မကြာမကြာ ကြားနေရကြောင်း ဒေသခံတွေက ပြောကြပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ရိုက်ကူးခဲ့တဲ့ ရေမြေခြားမှ ရုပ်ပုံလွှာ အစီအစဉ်တွေထဲက တချို့ကို ကိုအောင်အောင်က ပြန်လည် စုစည်းတင်ဆက်ပေးထားပါတယ်။
အမေရိကန်တရားရုံးချုပ်က ကိုဗစ်ကပ်ရောဂါကာလက ထုတ်ပြန်ထားတဲ့ နယ်စပ်ဖြတ်ကျော်ခွင့် တင်းကြပ်ထားတဲ့ ဉပဒေကို ဆက်လက်ထားရှိဖို့ ဆုံးဖြတ်လိုက်တာကြောင့် အမေရိကမှာ ခိုလှုံခွင့်ရဖို့ ကြိုးစားနေသူတွေ အခက်ကြုံနေပါတယ်။ ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးဟာ ဗုဒ္ဓဟူးနေ့က အမေရိကန်ကွန်ဂရက်စ်လွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့သလို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့တွေ့ဆုံပြီး ရုရှားကျူးကျော်စစ် ခုခံတိုက်ခိုက်ရာမှာ လိုအပ်တဲ့ စစ်ရေး၊ စီးပွားရေးအကူအညီတွေ ဆက်လက်ရရှိဖို့ ဆွေးနွေးခဲ့ပါတယ်။ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အမေရိကန်ဖက်ဒရယ်အစိုးရအသုံးစရိတ် အမြောက်အများကို ဒီသီတင်းပတ်မကုန်ခင် နောက်ဆုံးထားအတည်ပြုပေးဖို့ အမေရိကန် လွှတ်တော် အမတ်တွေ အချိန်လု လုပ်ဆောင်နေကြပါတယ်။ အမေရိကန်စစ်တပ်အတွက်အသုံးစရိတ်ပမာဏနဲ့ ယူကရိန်းကိုအကူအညီပေးဖို့ ကိစ္စတွေကအဓိက ဉီးစားပေးညှိ့နိုင်းနေရတဲ့ အကြောင်း ကိုအောင်အောင်ပြောပြပါ့မယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း မြို့နယ်တချို့မှာ လျှပ်စစ်မီး ပုံမှန်မရတာ လနဲ့ချီပြီဖြစ်လို့ ဒေသခံတွေ နေထိုင်ရပ်တည်ဖို့ အခက်အခဲတွေရှိနေပါတယ်။ ရှမ်းမြောက် ဒေသတချို့မှာ လျှပ်စစ်မီးပုံမှန်မရလို့ အခက်တွေ့နေကြတဲ့ အခြေအနေ သတင်းပေးပို့ချက်ကို ကိုအောင်အောင်က ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်