မြန်မာ့ရိုးရာ နှစ်သစ်ကူးနေ့အဖြစ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဒီကနေ့ မိန့်ခွန်းပြောကြားရာမှာ ဝန်ထမ်းလစာ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ အပါအဝင်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစိုးရရဲ့ မူဝါဒတွေနဲ့ မျှော်မှန်းချက်တွေကို ထည့်သွင်းပြောကြားသွားပါတယ်။
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ပျော်ပျော်ပါးပါး ဆင်နွှဲပြီး၊ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်အောင် ရေကစားသူတွေ လိုက်နာသင့်တာတွေ၊ တာဝန်ရှိသူတွေဘက်က ဆောင်ရွက်သင့်တာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေး တင်ဆက်ထားပါတယ်။
ဖွံ့ဖြိုးတိုးတက်ဖို့ အားယူနေရဆဲ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဆက်ဆံရေး အဆင်ပြေဖို့ ဘယ်လောက် အရေးကြီးပါသလဲ၊ ဘယ်လိုဆက်ဆံရေးမျိုး တည်ဆောက်သင့်ပါသလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
အရက်သောက်သုံးမှုကြောင့် လူတွေရဲ့ မျိုးဗီဇတွေကို ထိခိုက်ပျက်စီးပြီး၊ ကင်ဆာရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် ပိုတိုးလာနိုင်ကြောင်း သုတေသန လေ့လာချက်သစ်တခုက တွေ့ရှိခဲ့ပါတယ်။ အရက်ဟာ လူတွေမှာ ကင်ဆာရောဂါ ဖြစ်ပွားရတဲ့ အကြောင်းရင်း တခုအဖြစ် ခိုင်လုံတဲ့ အထောက်အထားတွေ တွေ့ရှိထားကြောင်း WHO ကပြောဆိုထားတာပါ။
အစိုးရနဲ့ လွှတ်တော် ထိပ်တန်းနေရာတွေ အပြောင်းအလဲတွေကြောင့် မြန်မာ့နိုင်ငံရေး၊ တိုင်းပြည်နဲ့ လူထုအပေါ် ရိုက်ခတ်မှုတွေရော ဘာတွေ ရှိလာနိုင်ပါသလဲ၊ အပြောင်းအလဲတွေ ဒီထက်မကလုပ်ဖို့ရော လိုနေသေးလား ဆိုတာတွေကို ဗွီအိုအေ မြန်မာပိုင်းရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး ကဆွေးနွေး တင်ဆက်ထားပါတယ်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကို ရုတ်တရက် ရာထူးကဖယ်ရှားလိုက်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် သမ္မတ Trump အစားထိုး ခန့်အပ်မယ့် အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲအပေါ် ကမ္ဘာတဝန်းက အာရုံစိုက်နေကြပါတယ်။ Cindy Saine ရဲ့ သတင်းကို ကိုအောင်လွင်ဦး ကတင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံသားတွေရဲ့ လူမှုဘဝမှာ တနေ့တခြား နေရာယူလာနေတဲ့ Facebook လို လူမှုကွန်ယက်တွေကို အကျိုးရှိအောင် ဘယ်လိုသုံးကြမလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး က ဆွေးနွေးတင်ဆက် ထားပါတယ်။
လွှတ်တော်မှာ ပြင်ဆင်ဖို့ ကြိုးပမ်းနေတဲ့ ငြိမ်းစုစီ ဥပဒေသစ်ကြောင့် အကောင်းအဆိုး ဘယ်လို ရလဒ်တွေ ကြုံရနိုင်ပါသလဲ၊ လက်ရှိ ငြိမ်းစုစီ ဥပဒေကို ပြင်သင့်၊ မသင့် ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး ကဆွေးနွေး တင်ဆက်ထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တုန်းက သမ္မတ Trump အနေနဲ့ သေနတ်ပစ်မှုတွေ၊ နိုင်ငံတကာ ကုန်သွယ်ရေး ကိစ္စတွေ အပါအဝင် အမေရိကန် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာပေါင်းစုံ ကြုံခဲ့ရပါတယ်။ Jim Malone ရဲ့ သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကြမ်းဖက်မှုတွေ မကြာသေးခင်က ကြုံခဲ့ရတာ ဘာကြောင့်များပါလဲ၊ နိုင်ငံရေး အကြမ်းဖက်မှုဘေးက ကင်းဝေးအောင် ဘာတွေလုပ်ဖို့ လိုနေသလဲ ဆိုတာတွေကိုတော့ ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး ကဆွေးနွေးတင်ဆက် ထားပါတယ်။
တချိန်က ဆိုဗီယက်ယူနီယံကို အုပ်ချုပ်ခဲ့တဲ့ Josef Stalin ကွယ်လွန်ခြင်း ဟာသရုပ်ရှင်ကို ရုရှားမှာ ပြသခွင့်ပိတ်လိုက်တဲ့အတွက် ကွယ်လွန်သူ ရုရှားအာဏာရှင်ဟောင်းရဲ့ သမိုင်းအမွေနဲ့ ပတ်သက်လို့ အပြင်းအထန် ငြင်းခုံစရာတွေ တကျော့ပြန် ထွက်ပေါ်လာပါတယ်။ Henry Ridgwell ရဲ့ဆောင်းပါးကို ကိုအောင်လွင်ဦး ကပြောပြပေးပါမယ်။
ဖလော်ရီဒါအထက်တန်းကျောင်းမှာမကြာသေးခင်ကပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက်ကျောင်းတွေမှာ တိုက်ခိုက်ခံရမှုတွေ ဟန့်တားနိုင်ရေး ဆရာတွေကို လက်နက်တပ်ဆင်ဖို့ သမ္မတ Trump က ထပ်တလဲလဲ တိုက်တွန်းနေပါတယ်။ စာသင်ကျောင်းလုံခြုံရေး ကြီးမားတဲ့ မေးခွန်းတွေနဲ့ ရင်ဆိုင်နေရတာပါ။Jim Malone ရဲ့ သတင်းကို ကိုအောင်လွင်ဦး ပြောပြပေးမှာပါ။
လွှတ်တော်မှာ ဖြည့်စွက်ပြင်ဆင်ဖို့ အဆိုပြုထားတဲ့ ငြိမ်းစုစီလို့ လူသိများတဲ့ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်သင့်-မသင့်၊ ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး က ဆွေးနွေးတင်ဆက် ထားပါတယ်။
ခရီးသွားတွေကြား ရေပန်းစားတဲ့ အင်းလေးကန်ဟာ ရေပေါ်စိုက်ခင်းတွေနဲ့ သီးနှံစိုက်ပျိုးရာ အချက်အချာနေရာဖြစ်ပြီး ပိုးသတ်ဆေးတွေ အသုံးများလာကြတဲ့အတွက် အင်းလေးကန်ရဲ့ ဂေဟဗေဒစနစ်ကို ထိခိုက်မှာ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ AP သတင်းဆောင်းပါးကို အခြေခံပြီး ကိုအောင်လွင်ဦး ကတင်ပြပေးမှာပါ။
မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ထိုးတဲ့ အဖွဲ့တွေ ပိုတိုးလာတာဟာ ငြိမ်းချမ်းရေးအတွက် ဘယ်လောက်အထိ အလုပ်ဖြစ်၊ မဖြစ်ဆိုတာကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
မြန်မာနိုင်ငံမှာ လူတဦးနဲ့တဦးကြား ယုံကြည်မှုတွေ ဘာကြောင့် ကျဆင်းနေရပါသလဲ၊ ယုံကြည်မှုတွေ တည်ဆောက်နိုင်ဖို့ ဘာတွေလိုအပ်နေသလဲ ဆိုတာကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
မြွေကိုက်ခံရတဲ့ လူနာကို ကုသရာမှာ ကိုက်တဲ့မြွေ အမျိုးအစားကို သိတယ်ဆိုရင်တော့ ပိုပြီးထိရောက်မှု ရှိပါတယ်။ ဒီအတွက်လည်း မြွေအမျိုးအစား ခွဲခြားရာမှာ အထောက်အကူဖြစ်စေမယ့် နည်းလမ်းသစ်ကို ဒိန်းမတ်နိုင်ငံက သုတေသီတွေ ရှာဖွေခဲ့ကြတဲ့အကြောင်း Reuters သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးမှာပါ။
မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ပြောဆိုခွင့်တွေကို အကန့်အသတ် ဖြစ်နေတဲ့ ဥပဒေတွေ ဘာတွေ ရှိနေသလဲ ဆိုတာတွေကို ဗွီအိုအေမြန်မာပိုင်းရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး က ဆွေးနွေးတင်ဆက် ထားပါတယ်။
NLD ပါတီ ဦးဆောင်တဲ့ အရပ်သားအစိုးရ အဖွဲ့တွင်း မကြာသေးခင်က အပြောင်းအလဲတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဘယ်လောက်အထိ တွန်းအားဖြစ်လာနိုင်သလဲ၊ ဆိုတာကို စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
ဘဏ္ဍာရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ လွှတ်တော်မှာ သဘောတူညီချက်မရနိုင်တဲ့ အတွက် အမေရိကန် အစိုးရရဲ့လုပ်ငန်းတွေ သောကြာနေ့ညကစလို့ ရပ်ဆိုင်းလိုက်ရပါပြီ။
နောက်ထပ်ကြည့်ရှုရန်