ကချင်ပြည်နယ်မှာ မနေ့က ညနေပိုင်းက စစ်တပ်ပိုင် ရဟတ်ယာဉ်တစီး စက်အင်ဂျင် ချို့ယွင်းပြီး ပျက်ကျခဲ့သလို့ လေယာဉ်မောင်းနှစ်ဦး သေဆုံးသွားပါတယ်။
ဒုတိယကမ္ဘစစ်အပြီး မြန်မာပြည်မှာ မြှုပ်နှံထားခဲ့တဲ့ ဗြိတိသျှရဲ့ လေလိုမြန်တဲ့တိုက်လေယာဉ် အစင်း ၆၀ ခန့်ကို အခု ပြန်လည်ရှာဖွေ တူးဖော်ရေး စတင်နေပါပြီ။
ကုဋေကြွယ်သူဌေးကြီး George Soros မြန်မာပြည်မှာ ရှိနေချိန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ မီဒီယာကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။
မြန်မာနိုင်ငံက ဝါသနာရှင်အဆင့် ကျောင်းသားလူငယ် ဘတ်စကတ်အားကစားသမား(၁၂)ဦးကို ဇန်နဝါရီလ (၆)ရက်ကနေ (၂၀)ရက်နေ့အထိ အမေရိကန်နိုင်ငံမြို့တော် ဝါရှင်တန်နှင့် မြောက်ကာရိုးလိုင်းယားမှာ ဘတ်စကတ်ဘော အားကစားနည်းတွေနဲ့ ပတ်သတ်ပြီး လေ့လာသင်ကြားခွင့်ရမှာဖြစ်ပါတယ်။
နှစ် ၅၀ လုံးလုံး နုံချာခဲ့ရတဲ့ မြန်မာ့ ပညာရေးကို မြန်မာပြည်သူ ပြည်သားအားလုံးက ဝိုင်းဝန်း လုပ်ဆောင်ပေးဖို့ လိုနေပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
လေယာဉ်ပျံသန်းမှု ခရီးစဉ်မှတ်တမ်း Black Box ကို စင်္ကာပူကို ပို့ပြီး စုံစမ်းမှုတွေ လုပ်ပြီးတဲ့အခါမှသာ လေယာဉ် ဘာကြောင့် ပျက်ကြသလဲ ဆိုတာကို သိနိုင်မယ်လို့ Air Bagan တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
Air Bagan လေကြောင်းလိုင်းက လေယာဉ်တစင်းဟာ ဟဲဟိုးလေယာဉ်ကွင်းနား ကားလမ်းပေါ်မှာ ဆင်းသက်ရပြီးတော့ မီးလောင် ပျက်စီးခဲ့ပါတယ်။
ဖေဖော်ဝါရီလက အတည်ပြု ပြဌာန်းလိုက်တဲ့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေနဲ့အညီ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်မှုတွေမှာ တင်းမာမှုတွေ ရှိနေပါတယ်။
မွန်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက် ဂျပန် နိပွန်ဖောင်ဒေးရှင်းအဖွဲ့က အကူအညီ ပေးအပ်မှု အခမ်းအနားကို မော်လမြိုင်မြို့ ပြည်နယ်ခမ်းမှာ ကျင်းပသွားပါတယ်။
မြန်မာနိုင်ငံက လူကုန်ကူးမှုတွေဟာ အခု ၂၀၁၂ အတွင်းမှာ ပြီးခဲ့တဲ့နှစ်ကထက် ၃၀ ရာခိုင်နှုန်းလျော့ကျသွားတယ်လို့ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး အဖွဲ့က ပြောလိုက်ပါတယ်။
ABSDF ကျောင်းသားတပ်မတော်က ခေါင်းဆောင်ပိုင်းတချို့ မြန်မာပြည်တွင်း နိုင်ငံရေးအခြေအနေကို လေ့လာဖို့ ၂၃ နှစ်အတွင်း ပထမဆုံး ပြန်လည်သွားရောက်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ၊ ရတနာဂီရိမှာရှိနေတဲ့ သီပေါမင်းရဲ့အုတ်ဂူကို နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ပြုပြင်မွမ်းမံပေးမယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။
ထေကြီးဝါကြီးဆရာတော်များရဲ့ဆန္ဒနဲ့ အစိုးရရဲ့ ဝန်ချတောင်းပန်မှုတွေကြောင့် ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့က ဆန္ဒပြမှုတွေကို ခေတ္တရပ်ဆိုင်းထားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရင်းနှီးမြုတ်နှံကြမယ့် ဗြိတိန်လုပ်ငန်းရှင်တွေဟာ တာဝန်သိတဲ့ ရင်းနှီးမြုတ်နှံမှုတွေ လုပ်ဖို့လိုတယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Hugo Swire ကပြောပါတယ်။
နိုင်ငံတော်သမ္မတကိုယ်တိုင် တောင်းပန်ဖို့ သံဃာတော်တွေ တောင်းဆိုမှုဟာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကို ထိခိုက်လာနိုင်တယ်လို့ ဆရာတော်ကြီးတွေက မိန့်ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦး တို့ကြား ဒီကနေ့ ငြိမ်းချမ်းရေး သဘောတူညီချက် တချို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
UN ရဲ့ မြန်မာနိုင်ငံအပေါ် အကူအညီပေးရေးလုပ်ငန်းတွေမှာ အဓိက စိန်ခေါ်လာတဲ့ အချက်တစ်ချက် က ရံပုံငွေကိစ္စ ဖြစ်နေတယ်ဆိုတာကို လူသားချင်းစာနာမှု ဆိုင်ရာ ကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Valerie Amos က ပြောပါတယ်၊
လက်ပံတောင်းတောင် သပိတ်စခန်းတွေကို အင်အားသုံးဖြိုခွင်းရာမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေကို စစ်ဆေးဖို့အတွက် သက်သေတွေ စုဆောင်းမယ်လို့ ကော်မရှင်ဥက္ကဌက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားပြဿနာတွေ ဖြစ်နေရတာဟာ စစ်မှန်တဲ့ ပြည်ထောင်စုစစ်စစ် မရှိတာကြောင့်လို့ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးက ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲမှာ ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်