မြန်မာနိုင်ငံလာရောက်တဲ့ အမေရိကန်သမ္မတ အိုဘားမားဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ နေအိမ်ခြံဝန်းထဲမှာ တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံထဲက ဒေသ ၄၈ ခုမှာ မြေမြှုပ်မိုင်းအန္တရာယ်ရှိနေကြောင်း မြေမြှုပ်မိုင်း တားဆီးရေး နိုင်ငံတကာအဖွဲ့ ICBL က ပြောလိုက်ပါတယ်။
စစ်မှန်တဲ့ ပြည်ထောင်စုတရပ် ပေါ်ထွန်းလာဖို့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ကနေ ပြင်ဆင် သင့်တယ်လို့ ဝန်ကြီး ဦးအောင်မင်းက ပြောဆိုပါတယ်။
နိုင်ငံတော်အဆင့် လူမှုအသိုင်းအဝိုင်း ဖွံဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း၈၀ကို “ကြားဖြတ် မဟာဗျူဟာ အစီအစဉ်” အဖြစ် ကမ္ဘာဘဏ်က မြန်မာနိုင်ငံကို ပေးအပ်လိုက်ပါတယ်။
ရန်ကုန်မြို့ တရားလွှတ်တော်ချုပ် အပါအဝင် ရှေးဟောင်း အဆောက်အဦးတွေ ထိန်းသိမ်းရေးကိစ္စကို သမ္မတရုံး ဝန်ကြီးနဲ့ ရှေ့နေကွန်ယက်တို့ ဆွေးနွေးခဲ့ကြပါတယ်။