"ကျနော်တို့ အချင်းချင်းကြားမှာ ညှိနှိုင်းပြီး မျက်နှာချင်းဆိုင်တွေ့ပြီး ဆွေးနွေးထားတဲ့ သဘောတူညီချက်၊ gentle agreement ဒါတွေအားလုံးကို ချိုးဖောက်တယ်လို့ ခံစားရတယ်။”
“ပြည်ပနိုင်ငံများမှာ ရောက်ရှိနေကြတဲ့ ကျနော်တို့ နိုင်ငံသားများ၊ အထူးသဖြင့် ပြည်ပမှာ ခက်ခက်ခဲခဲ ရုန်းကန်နေကြတဲ့ မြန်မာများရဲ့ လုံခြုံရေးနဲ့ လိုအပ်တဲ့ ကာကွယ်စောင့် ရှောက်မှုတွေကို ထိရောက်စွာ ပေးနိုင်ဖို့အတွက် ပြည်ပနိုင်ငံများမှာ အခြေစိုက်တဲ့ မြန်မာသံရုံးများရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်တိုးချဲ့ ဆောင်ရွက်သွားရမယ် ဆိုတာကိုလည်း အထူးဂရုပြုမိပါတယ်။”
"ကော်မရှင်ဖွဲ့ရလောက်အောင်လည်း အကြောင်းမရှိပါဘူး။ နိုင်ငံတော်ငွေပေါ့ဗျာ ပြည်သူလူ ထုတွေရဲ့ အခွန်အတုတ်တွေနဲ့ သွားနေတဲ့ခေတ်ကြီးမှာ ကော်မရှင်ဆိုတဲ့ဟာတွေပဲ ကုန်ကျတာပဲလေ"
“ဘုန်းကြီးတို့ ဒီနေ့ ဦးဝီရသူကို ဗုဒ္ဓဘာသာ၏ အကြမ်းဖက် မျက်နှာစာ ဆိုပြီးတော့ ဇွန်လ ၁ ရက်နေ့က တိုင်းမ်မဂ္ဂဇင်းက ထုတ်ဖော်ခြင်းအပေါ် ဘုန်းကြီးတို့က တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ခြင်း ဆန္ဒပြပွဲလုပ်ဖြစ်ပါတယ်။"
"ဗုဒ္ဓဘာသာကို အကြမ်းဖက်ခြင်းနဲ့နှိုင်းယှဉ်ပြီး လုံး၀ လက်မခံနိုင်ပါဘူးဆိုတာ ကျနော်ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားတော်ရဲ့အဆီအနစ်ဟာ လုံး၀ အကြမ်းဖက်မှုနဲ့ကို မအပ်စပ် မဆီလျော်တဲ့ဟာပေါ့။"
ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း တင်ဒါခေါ်ယူရေးကော်မတီက နော်ဝေ အခြေစိုက် Telenor ကုမ္ပဏီနဲ့ ကာတာ အခြေစိုက် Ooredoo ကုမ္ပဏီတွေကို ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။
"PR စနစ်အကြောင်းရယ်၊ နောက်တခါ ဖက်ဒရယ်အကြောင်းရယ်၊ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အကြောင်းရယ် သုံးခုကို ပညာရှင်တွေ၊ သံအမတ်ကြီးဟောင်းတွေ၊ သူတို့ကနေ လေ့လာထားတာတွေကို ကျနော်တို့ကို တင်ပြပါတယ်"
"ဒုတိယနေ့မှာတော့ ဒီနေ့ပေါ့လေ ကျနော်တို့က PR စနစ်အကြောင်းရယ်၊ ဖက်ဒရယ်အကြောင်းရယ်၊ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ သုံးခုကို ပညာရှင်တွေ၊ သံအမတ်ကြီးဟောင်းတွေကနေ သူတို့လေ့လာထားတာတွေကို တင်ပြပါတယ်။”
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ယက် က ရေးဆွဲတဲ့ ပညာရေး မူဝါဒ မူကြမ်းကို အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေက လာမယ့် လွှတ်တော်မှာ တင်သွင်းမှာ ဖြစ်ပါတယ်။
“အခု ၂၀၁၃ ခုနှစ်အတွင်းမှာ သုညအဆင့်အထိ မရောက်တောင် သုညအဆင့်နီးပါးအထိ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှ မကျန်တော့လောက်တဲ့အထိ လွတ်မြောက်စေဖို့ရာအတွက် သူ ကြိုးစားမယ်လို့ ပြောပါတယ်။”
“ဗုဒ္ဓဘာသာနဲ့ မူစလင်ကို အကြမ်းဖက်လူတစ်စုက စနစ်တကျ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် တချို့က ဝါဒဖြန့်တာတွေ ရှိပါတယ်ခင်ဗျ။ ဝါဒဖြန့်တယ်ဆိုတာ ကျနော်တို့ဗလီထဲမှာ underground ထားတယ်။ ဗလီထဲကို ဗုဒ္ဓဘာသာတွေ ဝင်လို့မရဘူးဆိုပြီးတော့။"
“ဒီ ရှစ်လေးလုံး လှုပ်ရှားမှုကြီးကို အရေးပါတဲ့ သမိုင်းအချိုးအကွေ့အဖြစ် နဲ့ နိုင်ငံတော်အဆင့် အသိအမှတ်ပြုတဲ့ အဆင့်တဆင့်ကို ကျနော်တို့ ရောက်ခဲ့တယ်။”
ရတနာ သုံးပါးကို ကိုယ်စားပြုတဲ့ ငြိမ်းချမ်းရေးအမှတ်တံဆိပ် ၉၆၉ ကို သာသနာ ညှိုးနွမ်းစေတဲ့ နေရာတွေမှာ မသုံးသင့်ကြောင်းနဲ့ အစွန်းရောက်လုပ်ရပ်တွေနဲ့ ဘာသာရေးမှာ ခုတုံးလုပ်လာရင် လက်ခံမှာ မဟုတ်ဘူးလို့ ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒ ခံယူပွဲ အပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ သံဃာထုက မိန့်ကြား လိုက်ပါတယ်။
ဥရောပ ကော်မရှင်ကနေ မြန်မာနိုင်ငံကို အထူးကုန်သွယ်မှု အခွင့်အရေး (GSP) အခွင့်အရေးတွေ ပြန်ရလာရင် အထည်ချုပ်လုပ်ငန်းတွေ ပို့ကုန် ကဏ္ဍမှာပြန်လည် ဦးမော့ လာနိုင်သလို ထုတ်ကုန်လုပ်ငန်းတွေဖြစ်တဲ့ သားငါး ကဏ္ဍတွေ လည်း ဈေးကွက် ပြန်ရလာနိုင်တယ်လို့ စီးပွားရေး ပညာရှင် ဒေါ်ခင်အုန်းသန့် က ပြောပါတယ်။
"ငြိမ်းချမ်းရေး ကြီးကြပ်စောင့်ရှောက်ရေး ကိစ္စနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော် ကျနော်တို့ ဘယ်လို ပြန်လည်ဖွဲ့စည်းမလဲ ဆိုတဲ့အချက်တွေရယ်၊ ပြီးတော့ ဒေသတွင်းမှာ ကျနော်တို့ စီးပွားရေးလုပ်ငန်းဆိုင်ရာ တင်ပြချက်တွေပေါ့နော် အဲ့ဒီလို အဆင်မပြေသေးတဲ့ဟာတွေ ကို ကျနော်တို့ ဆွေးနွေးတာရှိပါတယ်"
၂၀၀၈ ခုနှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူခဲ့ချိန်က ကန့်ကွက်မဲ ထည့်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
အသစ်ချမှတ်မယ့် အများပြည်သူဝန်ဆောင်မှုမီဒီယာနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က စနေနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
“နှစ် ၆၀ ကြာပြီးမှ ဒီလို လှပတဲ့ နိုင်ငံကို Coca-Cola ကုမ္ပဏီအနေနဲ့ ဝင်ရောက်လာနိုင် တဲ့အတွက် ရာဇဝင်တွင်တဲ့ မှတ်တိုင်တစ်ခုလို့တော့ ပြောလို့ရပါတယ်။ အခုလို မြန်မာပြည်အတွင်းမှာ Coca-Cola ကို ပူးပေါင်းထုတ်လုပ်ခွင့် ရလို့လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ Coca-Cola ဟာ နိုင်ငံတကာမှာလည်း ပြည်တွင်းတွေမှာ အခြေစိုက်တဲ့ ကုမ္ပဏီတွေနဲ့ လက်တွဲပြီးတော့ Coca-Cola နဲ့ လက်တွဲနေတဲ့ နိုင်ငံဟာ စုစုပေါင်း ၂၀၀ နီးပါးရှိတယ်"
“သမဝါယမလုပ်ငန်းဟာ တိုင်းပြည်ရဲ့ ဒုတိယမဏ္ဍိုင်ဖြစ်ပါတယ်။ သမဝါယမ လူတန်းစား ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မှန်ကန်တဲ့မူဝါဒတွေ ချမှတ်ဆောင်ရွက်ပြီး သမဝါယမစနစ်ကို အဆင့်မြင့် ဖွဲ့စည်းသွားကြရမှာဖြစ်ပါတယ်။"
လားရှိုးမြို့မှာ ကာဖြူးအမိန့်ကို မနက်၊ ည ၁ နာရီစီ အချိန်လျှော့ပေးလိုက်သလို ကုန်စည်စီးဆင်းမှု မရပ်တန့်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စီစဉ်ဆောင်ရွက်ပေးနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်