“အခုက ပိုပြီးတော့ ကျစ်လစ်ခိုင်မာတဲ့ အဖြေတခု ရဖို့အတွက် အများကိုယ်စားပြုပြီးတော့ ဝိုင်းဝန်းပြီးတော့ ဆွေးနွေးတော့ကာ နဂိုရှိနေတာထက် ပိုပြီးတော့ကောင်းတဲ့ အလားအလာ ရှိနိုင်ပါတယ်”
“မြန်မာနိုင်ငံရဲ့ အမျိုးသားပညာရေး လိုအပ်ချက်၊ အမျိုးသားပညာရေး စိန်ခေါ်မှုကို အဖြေရှာတဲ့ ပုံစံမျိုးဘက်ကို ဦးမတည်ဘဲနဲ့ နော် ပြဿနာဘက်တွေကို ထပ်မံ မွေးဖွားတဲ့ ပုံစံဘက်ကို ဦးတည်နေတာဟာ ဒါ ရင်လေးစရာဖြစ်တယ်လို့ မြင်ပါတယ်။”
လောက်ကိုင်တိုက်ပွဲတွေ ကြောင့် ကိုးကန့်ဒေသမှာ အရေးပေါ် အခြေအနေကြေညာတာတွေ၊ ဒေသတွင်း တည်ငြိမ်ဖို့ စစ်အုပ်ချုပ်ရေး ကြေညာတာတွေ ရှိလာတဲ့ အတွက် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး စိုးရိမ်စရာရှိလာနိုင်မလားဆိုပြီး ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းကြား စိုးရိမ်ပူပန်နေကြတာပါ။
White Card ကိုင်ဆောင်သူတွေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိတယ်လို့ သမ္မတနဲ့ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့တာဟာ အခြေခံဥပဒေနဲ့ ကွဲလွဲမှု ရှိတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက် ရယူလိုတယ်ဆိုပြီး ဒီကနေ့ အမျိုးသားလွှတ်တော်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၈ ဦး လက်မှတ်ထိုးတင်ပြ။
ရခိုင်ပြည်နယ်တွင်း မူဆလင်လူနည်းစု အတော်များများရှိတဲ့ မြေပုံမြို့နယ်ထဲမှာ နိုင်ငံတော်အဆင့်နဲ့ စမ်းသပ် စီမံဆောင်ရွက်နေတဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးမှုအစီအစဉ်တွေ ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် အခြားမြို့နယ်တွေမှာ စီမံကိန်းနဲ့ ဆောင်ရွက်ပေးမှာ မဟုတ်တော့ဘူးလို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။
ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးဗျ။ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံသားမဟုတ်တဲ့ လူတွေကို နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်လို့ ဆုံးဖြတ်ပိုင်ခွင့် ပေးမထားဘူး။ အဲဒီတခုတည်းနဲ့ကို နိုင်ငံသား မဟုတ်တဲ့သူကို မဲပေးခွင့် ပြုတယ်ဆိုတာက ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တကယ့်ကို ပြဿနာ ဖြစ်သွားပြီ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း အတည်ပြုရေးပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော် မှာ အခြေအတင် ဆွေးနွေးခဲ့ကြပါတယ်။
ဒီမိုကရေစံနှုန်းတွေ ပြီးတော့ လူ့အခွင့်အရေး ရပိုင်ခွင့်တွေ နဲ့ မကိုက်ညီဘူးလို့ အများဝေဖန်နေတဲ့ မျိုးစောင့် ဥပဒေတွေ ထဲက ၂ မျိုးဖြစ်တဲ့ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ ကြမ်း နဲ့ လူဦးရေ ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းတွေကို ဒီနေ့နဲ့ မနေ့တုန်းက အမျိုးသားလွှတ်တော် မှာ အခြေအတင် ဆွေးနွေးခဲ့ကြပါတယ်။
"၄ ပွင့်ဆိုင်ကိစ္စ ဆွေးနွေးတယ်။ လွှတ်တော်ရယ်၊ အစိုးရရယ်၊ NNER ရယ်၊ နောက်ပြီး ကျမတို့ သပိတ်ကော်မတီရယ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တနင်္ဂနွေနေ့မှာ စပြီး ရန်ကုန်မှာ ပြုလုပ်မှာ ဖြစ် ပါတယ်။ ဒုတိယအချက်ကတော့ ကျမတို့ အဓိက တောင်းဆိုခဲ့တဲ့ ၁၁ ချက်ကို ဒီဥပဒေထဲမှာ ဘယ်လိုမျိုးပြင်ဆင်မလဲ"
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အတိုက်အခံ NLD ပါတီသာမက အာဏာရ ပြည်ခိုင်ဖြိုးပါတီနဲ့ တိုင်းရင်းသားပါတီအများစုဟာ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီတွေ ဖွဲ့စည်းထားကြပြီးဖြစ်ကြောင်းနဲ့ အောင်နိုင်ရေးအတွက် နည်းဗျူဟာတွေချမှတ်ထားပြီဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။
အခုပြန်ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးတွေအတွင်း သမ္မတနဲ့လွှတ်တော်ကြားအားပြိုင်မှုတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်းက အားပြိုင်မှုတွေဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့ကသုံးသပ်သလို နိုင်ငံရေးလေ့လာ သုံးသပ်သူတွေကတော့ ဟန်ဆောင်အားပြိုင်ပြတာ မျိုးတွေ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။
လွှတ်တော် ကိုယ်စားလှယ်တွေ ရဲ့ လစာနဲ့ စရိတ်တိုးမြင့်ရေး နဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းကို သမ္မတ က လက်မှတ်မထိုးပဲနဲ့ မှတ်ချက်တွေ နဲ့ ပြန်ပို့လာတဲ့ ကိစ္စ ကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ရာ ထောက်ခံသူ ၃၂၃ ဦး၊ ကန့်ကွက်သူ ၁၇၅ဦးနဲ့ ကြားနေ ၁၅ ဦးနဲ့ အတည်ပြုလိုက်ကြပါတယ်။
ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း တောင်းဆိုခဲ့တဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံရေး တောင်းဆိုချက်ဟာ လိုအပ်ချက်တွေ ရှိနေသေးတဲ့ အတွက် ပြည်ထေင်စုလွှတ်တော်က မူဘောင်တွေ သေချာချမှတ်ပြီးမှသာ စီမံဆောင်ရွက်ဖို့လိုတယ်လို့ သမ္မတဦးသိန်းစိန်က ဒီကနေ့ ပြည်ထောင်စု လွှတ်တော်ကို သဝဏ်လွှာပို့ခဲ့ပါတယ်။
မနက်ဖြန်မှာပြန်စမယ့် ၁၂ ကြိမ်မြောက်လွှတ်တော်အစည်းအဝေးတွေမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်း၊ မျိုးစောင့်ဥပဒေမူကြမ်းနဲ့ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍရေးနှစ် ဘတ်ဂျက်ရေးဆွဲရေးဥပဒေတွေကို အဓိကဆွေးနွေးဖို့ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးကပြောခဲ့ပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ရခိုင်ပြည်နယ်အတွင်းက လူနည်းစုမွတ်ဆလင် ရိုဟင်ဂျာတွေအရေး အစိုးရအပေါ် အကြံပြု ပြောဆိုချက်တွေကို ပယ်ချတယ်လို့ ပြည်ထောင်စု အစိုးရနဲ့ မြန်မာသမ္မတရဲ့ ပြောခွင့်ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။
"ပြည်နယ်ဝန်ကြီးချုပ်က အသိုင်းအဝိုင်း နှစ်ခုအကြား ရန်လိုနေသေးတဲ့ အခြေအနေ ရှိနေဆဲဘဲ လို့ အတည်ပြုသလို၊ ရပ်မိရပ်ဖတွေနဲ့ ကျမ ဆွေးနွေးခဲ့တုံးကလည်း ဒီအတိုင်းပဲ အတည်ပြုကြတာပါဘဲ။" မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်
မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းဖို့ ရှိနေတဲ့ မျိုးစောင့်ဥပဒေတွေ နဲ့ ပတ်သက်ပြီးပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဥပဒေကြမ်းကော်မတီကို ဒီကိစ္စ နဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်ဖို့ရှိလဲ ဆိုတာကို ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က မေးမြန်းခဲ့ပါတယ်။
"ပြည်တွင်းက သတင်းအချက်အလက် စုဆောင်းတဲ့အခါမှာ သတင်းအချက်အလက်တွေကို တတိယ အဖွဲ့အစည်း တခုခုနဲ့ အတည်ပြုပါ။ တကယ်လို့ရှိရင်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တိုက်ရိုက်ဆက်သွယ်ပြီး မေးပါလို့ ပြောခဲ့တယ်"
"၂ ရက် ၃ ရက်လောက်တော့ ရှိပြီ။ Interview နဲ့ ပတ်သက်ပြီးတော့ အဲဒီအခွေတွေ လိုက်ဖမ်းနေတာ။ လမ်းဘေးဆိုင်တွေမှာတော့ ဖမ်းတာရှိတယ်အကို ဒီမြန်မာ Copy နဲ့ ပတ်သက်လို့ရှိရင်၊ အချို့ပါတဲ့ ဆိုင်တွေက ပါကုန်တယ်။ Interview အဓိက လိုက်ဖမ်းနေတာ"
"ရှမ်းပြည်နယ် ၂ နေရာ သွားချင်တယ်။ အဲဒီနေရာကို အစိုးရက သွားခွင့်မပြုဘူး။ အဲဒါသူ ဟိုဟာဖြစ်တယ်ပေါ့။ ဝန်ကြီး ဦးအောင်မင်းက ပြန်ပြောလိုက်တယ်။ အခုလောလောဆယ် Nationwide Ceasefire Argeement မထိုးနိုင်သေးတဲ့အတွက် လုံခြုံရေးအရ အန္တရာယ် ဖြစ်တဲ့အတွက် အစိုးရက ခွင့်မပြုတာပါပေါ့"
နောက်ထပ်ကြည့်ရှုရန်