ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ ဒီကနေ့ မနက်ပိုင်းမှာ ပြည်တွင်းက ပုဂ္ဂလိက သတင်းမီဒီယာတချို့က တာဝန် ရှိသူတွေနဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ်ယန်ဟီးလီဟာ ဒီကနေ့ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့ပြီး ရခိုင်ပြည်နယ်ထဲမှာ ပဋိပက္ခတွေတားဆီးနိုင်ဖို့ ဖွဲ့စည်းထားတဲ့ အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးစင်တာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီး ဟာ ဒီကနေ့ မြေပုံ မြို့နယ်ကို သွားရောက်ခဲ့ပြီးတော့ နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးနေတာတွေ၊ မွတ်စလင် လူနည်းစု ဒုက္ခသည်စခန်းတွေ သွားရောက်လေ့လာခဲ့သလို နှစ်ဘက် လူမှုအသိုင်းအဝိုင်းအကြား အတူယှဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်က မူဆလင်လူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေ လေ့လာဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် သွားရောက်စဉ် စစ်တွေလေယာဉ်ကွင်းမှာပဲ ရခိုင်ပြည်နယ် အတွင်းက အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ချို့က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ ရှေ့တန်းမတင်ဖို့ သူ့ကို ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။
"ထောင်ထဲမှာရှိတဲ့ ကျနော်တို့ သတ်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်တွေ အကြောင်းပေါ့နော်။ နောက် ကျနော်တို့ နိုင်ငံရေးအကျဉ်းသား ဘယ်လိုသတ်မှတ်လဲ ဆိုတာနဲ့ ပတ်သက်ပြီးလည်း ပြောပြဆွေးနွေးတာ ရှိပါတယ်"
"လက်ကျန် နိုင်ငံရေးအကျဉ်းသား ကော်မတီ ဖွဲ့ပြီးတော့ ကျနော်တို့ကို ကမ်းလှမ်းခဲ့စဉ်တုန်းက ကျနော်တို့ဘက်က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်တယ်။ အခုလိုမျိုး ပြန်ပြီးတော့ ဖွဲ့စည်းတယ် ဆိုတဲ့အချိန်မှာလည်း ဘာကြောင့် အစိုးရက ချန်ထားခဲ့တာလဲဆိုတာက အစိုးရကို မေးတာပဲ ပိုကောင်းပါလိမ့်မယ်"
ရန်ကုန်စည်ပင်သာယာရွေးကောက်ပွဲမှာ အရွေးခံရတဲ့ကိုယ်စားလှယ်တွေ နိုင်ငံ့ဝန်ထမ်းအဖြစ် ကျမ်းသစ္စာကျိန်ဆိုရမဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က အသိပေးလာတဲ့ အပေါ် လက်မခံနိုင်တဲ့ အကြောင်း အနောက်ပိုင်းခရိုင် ကိုယ်စားပြု အရွေးခံ ကိုယ်စားလှယ် က ပြောပါတယ်။
မြန်မာပြည်မှာ ကက်သလစ်ဘာသာပေါ်ထွန်းခဲ့တဲ့ နှစ် ၅၀၀ ပြည့်ချိန်နဲ့တိုက်ဆိုင်ပြီး ပထမဆုံးအကြိမ်အဖြစ် ရိုမန်ကက်သလစ်အသင်းတော်အတွက် ကာဒီနယ်တပါးကို မြန်မာပြည်က ဂိုဏ်းအုပ်ဘုန်းတော်ကြီး ချားလ်စ်မောင်ဘိုကို ရွေးချယ်လိုက်တဲ့အပေါ် တခြားဘာသာရေးခေါင်းဆောင်တွေကလည်း ကြိုဆိုခဲ့ကြပါတယ်။
"ဒီနှစ်အတွင်းမှာ ဒီမိုကရေစီ ပြု ပြင်ပြောင်းလဲရေးအတွက် အရေးပါဆုံး အဆင့်တစ်ဆင့် ဖြစ်တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ နိုင်ငံရေးရွေးချယ်မှု တွေပြုလုပ်ဖို့ ကြိုးပမ်းနေတဲ့ အခြေအနေများကြောင့်လည်း ၂၀၁၅ ဟာ နိုင်ငံရေးအရ ထူးခြားမှုရှိမယ့်နှစ် ဖြစ်ပါတယ်။""
"ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘယ်လိုစည်းမျဉ်းစည်းကမ်း ဥပဒေတွေ ထုတ်ဦးမှာလဲဆိုတာလည်း အန်တီတို့က မသိသေးဘူးလေ။ အဲ့ဒါတွေကို စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ရမှာပေါ့"
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး ဆက်လက်အသုံးပြုမှုတွေ ရှိနေသေးတယ်လို့ မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ရေး နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) ရဲ့ ၂၀၁၄ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။
၂ဝ၁၄ ခုနှစ် ဒီဇင်လဘာလမှာ ကျင်းပခဲ့တဲ့ ၂ဝ၁၃ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲအခမ်းအနားဟာ အရင်နှစ်တွေနဲ့ မတူဘဲ ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။
ဒီနေ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်တွေ အဆင့်ဆင့်ရွေးကောက်ပွဲနဲ့ ရွေးချယ်ရာမှာ မဲစာရင်းမှာ အမည်မပါဝင်သူတွေ ရှိခဲ့ကြောင်း ကိုယ်စားလှယ်လောင်းတွေ နဲ့ မဲဆန္ဒရှင် ပြည်သူတွေက ပြောပါတယ်။
"ကော်မရှင်အနေနဲ့ကတော့ အောင်အောင်မြင်မြင်လုပ်နိုင်မယ်လို့မျှော်လင့်ထားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တတ်နိုင်သလောက် အကုန်လုံးကို ကြိုးစားပြီးတော့လေ ဆောင်ရွက်ထားပါတယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် အနည်းနဲ့ အများကတော့ အောင်မြင်မယ်လို့တော့ ယုံကြည်ပါတယ်။" ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
" ရန်ကုန်တမြို့လုံးပေါ့။ ဘုရားကျောင်းတိုင်း မနက်၊ နေ့လည်၊ ညနေ ခရစ်တော် ဖွားမြင်တဲ့ အထိမ်းအမှတ် အနေနဲ့ မေတ္တာပို့တယ်။ ဆုတောင်းတယ်။ လူတွေအတွက်၊ မြန်မာနိုင်ငံအတွက်၊ ကမ္ဘာအတွက် ငြိမ်းချမ်းရေးရဖို့" ( မြန်မာနိုင်ငံ ခရစ်ယာန် ကလျာဏယု၀ အသင်း (YMCA) ရဲ့ အထွေထွေ အတွင်းရေးမှူး)
ဖွဲ့စည်းပုံ ပြင်ဆင်ရေး နဲ့ ပတ်သက်တဲ့ ပြင်ဆင်ချက်တွေကို အဓိက ပြင်ဆင်ရမယ့် ဒီဥပဒေကြမ်းကော်မတီ ထဲမှာ အရင်က စစ်တပ်ကိုယ်စားလှယ်တွေ ပါရှိခဲ့ပေမဲ့ ပြန်ဖွဲ့စည်း လိုက်တဲ့ ကော်မတီမှာ စစ်တပ်ကိုယ်စားပြု ကိုယ်စားလှယ်တွေ မပါရှိတော့ဘူး လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူးကပြောပါတယ်။
"အဲဒီလို မဟာဗျူဟာမြောက်တဲ့ စီမံကိန်းတွေကို ရေးဆွဲပြီး ထုတ်ပြန်နေရုံမျှနဲ့ မလုံလောက်သေးဘူး။ လက်တွေ့ကျတဲ့ စီမံကိန်း အကောင်အထည် ဖော်မှုတွေကို မဆောင်ရွက်နိုင်ဘဲနဲ့ ဆိုရင်တော့ စက္ကူဖြူစာတမ်း တခုသာ ဖြစ်နေပါလိမ့်မယ်"
"ပြောလို့ရတာတခုကတော့ ရှိတယ်ဗျာ။ လွှတ်တော်ကိုယ်စားလှယ်အများစုဟာ ဒီလိုမျိုး လွှတ်တော်ရပ်နားတဲ့ အချိန်တွေမှာ သူတို့ရဲ့ မဲဆန္ဒနယ်တွေက ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံတာ ကတော့ အရမ်းကို အားနည်းပါတယ်"
စစ်ခေါင်းဆောင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျန်းမာရေးအခြေအနေ အတော်ဆိုးဆိုးရွားရွား ဖြစ်နေသလို ကွယ်လွန်သွားပြီဆိုပြီးတော့ ဒီဇင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်တွေ မှာ အင်တာနက်လူမှုကွန်ယက်တွေကတဆင့် ကောလာဟလတွေ မှန်ကန်တယ်လို့ မကြားမိကြောင်း အစိုးရပြန်ကြားရေးဌာနက ပြောပါတယ်။
"အဓိက အစဖြစ်ဖို့ပဲ။ အစဖြစ်ဖို့အရေးကို အစမဖြစ်ဘဲနဲ့ အစတွေ စွဲထုတ်နေတဲ့ကိစ္စ အဲ့ဒါမျိုးပဲ တွေ့နေရတယ်။ အဲတော့ အလုပ်ဖြစ်ဖို့က အရေးကြီးတယ်ဗျာ။ တကယ်အလုပ်ဖြစ်ချင်ရင် လုပ်လို့ဖြစ်ပါတယ်ဗျာ။ အရင်တုန်းကလည်း လုပ်ခဲ့ဖူးတဲ့ သာဓကတွေ ရှိတာပဲလေ။ အလုပ်မဖြစ်ချင်ဘူးဆိုရင်တော့ မလုပ်ဖူးပေါ့ဗျာ"
နောက်ထပ်ကြည့်ရှုရန်