အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးရှားတောင်ပိုင်း တက္ကသိုလ်မှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ အာဖရိက စီးပွားရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးပွဲကို ပြည်ဝင်ခွင့်ဗီဇာအငြင်းခံကြရတဲ့အတွက်အာဖရိက နိုင်ငံသားတစ်ယောက်မှလာပြီးမတက်နိုင်ကြပါဘူး။MichelleQuinnသတင်းပေးပို့ထားတာကိုမအိသန့်စင်က ပြောပြပေးပါမယ်။
ဥရောပနိုင်ငံတချို့မှာ မကြာခင် ရွေးကောက်ပွဲတွေ ကျင်းပကြဖို့ ရှိနေပါတယ်။ နိုင်ငံရေးအစဉ်အလာရှိတဲ့သူတွေကို ဆန့်ကျင်ပြီး ပြီးခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ Trump အနိုင်ရခဲ့တဲ့ ဖြစ်ရပ်က ဥရောပနိုင်ငံတွေအပေါ် ဂယက် ရိုက်နိုင်ပါသလား။ Jane Bojadzievski ပေးပို့တဲ့ သတင်းလွှာကို မအိသန့်စင်က တင်ပြထားပါတယ်။
လောက်ကိုင်စစ်ပွဲကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို အစိုးရနဲ့ ပုဂ္ဂလိက ပရဟိတအဖွဲ့အစည်းတွေ ပေါင်းပြီး အကူအညီပေးနေပြီး ၊ ပြန်လည် တည်ငြိမ်လာတဲ့အခါမှာ သူတို့ဆန္ဒနဲ့နေရပ်ကို ပြန်ပို့ပေးမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း လူ့အဖွဲ့အစည်းနှစ်ခုအကြားက သဟဇာတဖြစ်စေဖို့ အခြေအနေဟာ အရပ်သား အစိုးရသစ်ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ စိန်ခေါ်ချက်တရပ်ဖြစ်တယ်လို့ မြန်မာ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မိန့်ခွန်းမှာ ပြောသွားပါတယ်။
အာရှတိုက် မိခင်နဲ့ ကလေးစောင့်ရှောက်မှု
အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မောင်တောဒေသမှာ အခြေအနေတွေ တည်ငြိမ်သွားပြီး၊ စစ်ဆင်ရေးတွေ ရပ်နားလိုက်ပြီ ဆိုပေမယ့် ဒေသခံ နှစ်ဖက် အသိုင်းအဝိုင်းအကြားမှာတော့ မလုံခြံမှုတွေ၊ စိုးရိမ်စိတ်တွေ ရှိနေဆဲဖြစ်ပါတယ်။
“အမေရိကန်က မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ NATO ကို အပြည့်အဝထောက်ခံပြီး အတ္တလန်တိတ်သမုဒ္ဒရာ တဘက်တချက်က နိုင်ငံတွေနဲ့ မိတ်ဘက်ဆက်ဆံရေးကို ဆက်ပြီး ထောက်ပံ့သွားမယ့်အကြောင်း အာမခံချက်ပေးဖို့ ကျနော် ရောက်လာတာပါ။”
လကမ္ဘာရဲ့ သက်တမ်း
အမေရိကန်နိုင်ငံသားတွေရဲ့ ခန့်မှန်းချေသက်တမ်းဟာ အရင်ကသတ်မှတ်ချက်ထက် အနည်းငယ် တိုလာတယ်လို့ အမေရိကန် ရောဂါထိန်းသိမ်းရေးစင်တာ CDC က ပြောပါတယ်။ ဒီဖြစ်စဉ်အကြောင်း CDC အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ Tom Frieden ရဲ့ရှင်းလင်းချက်နဲ့ပတ်သက်လို့ Carol Pearson သတင်းပေးပို့ထားတာကို မအိသန့်စင်က တင်ပြထားပါတယ်။
Trump နဲ့ ရုရှားဆက်ဆံရေး
မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်လူနည်းစုတွေကို ခွဲခြားဆက်ဆံတာတွေ ရန်လိုတိုက်ခိုက်တာတွေကို ရပ်ဆိုင်းဖို့ ဆိုပြီး မလေးရှားဝန်ကြီးချုပ် Najib Razak က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မောင်တောဒေသတွင်း မနှစ်အောက်တိုဘာလက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဖြစ်ရပ်နောက်ပိုင်းအခြေအနေတွေကို စုံစမ်းစစ်ဆေးတဲ့ အစိုးရကော်မရှင်ရဲ့ ကနဦးထုတ်ပြန်ချက်တွေဟာ အဖြစ်မှန်ကို ဖုံးကွယ်တဲ့ အစိုးရရဲ့ လုပ်ရပ်ဖြစ်တယ်ဆိုပြီး နယူးယောက်အခြေစိုက် HRWအဖွဲ့ကြီးက ဝေဖန်လိုက်ပါတယ်။
ငလျင်လှုပ်အပြီးကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ရတာက ရှုပ်ထွေးပြီး အန္တရာယ်လည်းများပါတယ်။ လူ့အသက်ကို ကာကွယ်နိုင်ဖို့အတွက် တစ်ချိန်ချိန်မှာတော့ရှာဖွေ ကယ်ဆယ်ရေးတွေလုပ်နိုင်တဲ့ စက်ရုပ်တွေ ရှိလာနိုင်ဖို့သိပ္ပံပညာရှင်တွေက ကြိုးပမ်းနေကြပါတယ်။ George Putic သတင်းပေးပို့ထားတာကို မအိသန့်စင်က ပြောပြပါထားပါတယ်။
မြန်မာနိုင်ငံမှာ မကြာသေးခင်က တွေ့မြင်လာရတဲ့ အခြေအနေတွေကြောင့် စစ်တပ်နဲ့ ဆက်ဆံရေးတွေကို ပြန်လည် သုံးသပ်သင့်ကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ စစ်တပ်အပေါ် နိုင်ငံတကာအနေနဲ့ ဖိအားပေးနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့လည်း Burma Campaign UK အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ ညဘက်တွေမှာ သူငယ်ချင်းတွေနဲ့အလည်လွန်ပြီး စားသောက်ဆိုင်တွေမှာ ပျော်ပါးနေသူတွေ အိမ်ပြန်တဲ့အခါ နောက်ဆုံးရထား လွတ်သွားမှာ မစိုးရိမ်ရအောင် smart phone application တခုကို ဂျပန်နိုင်ငံမှာ သုံးနိုင်နေပါပြီ။ AP သတင်းတစ်ပုဒ်ကို အခြေခံပြီး မအိသန့်စင်က တင်ပြထားပါတယ်။
ကမ္ဘာတဝှမ်းက လူသန်း ၁၅၀ ကျော်ဟာ မျက်မှန်တပ်ဖို့ လိုနေပေမဲ့ မျက်မှန်မရှိကြပါဘူး။ ဒါကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူသန်းနဲ့ချီ အမြင်ကြည်စေဖို့ ရည်ရွယ်ပြီး ဈေးချိုပြီး တပ်ဆင်ရလွယ်တဲ့ မျက်စိစမ်းကိရိယာကို အိန္ဒိယနိုင်ငံက တီထွင်သူတွေက ထုတ်လိုက်ပါတယ်။ Faith Lapidus ရဲ့သတင်းကို မအိသန့်စင်က တင်ပြထားပါတယ်။
အမေရိကန် အာကာသယာဉ်မှူးဟောင်းလည်းဖြစ်၊ မရိန်းစစ်သည်နဲ့ အထက်လွှတ်တော်အမတ် တဦးလည်း ဖြစ်ခဲ့တဲ့ John Glenn ဟာ Ohio ပြည်နယ်၊ Columbus မြို့က ဆေးရုံမှာ ကြာသပတေးနေ့ နေ့လယ်ပိုင်းက ကွယ်လွန်သွားပါတယ်။ မစ္စတာ Glenn အကြောင်း တစေ့တစောင်း Zlatica Hoke ရဲ့ သတင်းလွှာကို မအိသန့်စင်က တင်ပြထားပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတဲ့ ပထမဆုံး မူလဆင်အမျိသမီး ဖက်ရှင်ပြပွဲ ဖြစ်ပါတယ်။ Reuters သတင်းတစ်ပုဒ်ကို အခြေခံပြီး မအိသန့်စင်က ပြောပြပေးမှာပါ။
ရှေးဂရိအင်ပါယာခေတ်က ရေအားကိုသုံးပြီး လှည်းတွေဆွဲခဲ့တဲ့ အချိန်ကနေ လျှစ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ ရေကာတာတွေ ဆောက်လုပ်လာတဲ့အထိ နှစ်ပေါင်း ၂,၀၀၀ လောက် ရေအား စွမ်းအင်ကို လူတွေသုံးလာခဲ့တာပါ။ အခု သမုဒ္ဒရာလှိုင်းတွေကနေ လျှပ်စစ်စွမ်းအင် ထုတ်လာနေတဲ့အကြောင်း Rebecca Ward ရဲ့ သတင်းလွှာကို မအိသန့်စင်က တင်ပြထားပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်သမ္မတလောင်း Hilary Clinton နဲ့ ရီပါဘလစ်ကန်သမ္မတလောင်း Donald Trump တို အကြိတ်အနယ်ဆက်ပြီး ကြိုးစားမဲဆွယ်နေကြပါတယ်။ သမ္မတလောင်းနှစ်ယောက်လုံးက သူတို့ရဲ့ အမာခံ ပရိသတ်တွေကို အားကိုးနေကြရတာပါ။ Zlatica Hoke ရဲ့သတင်းလွှာကို မအိသန့်စင် တင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်