စက်တက်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး ၁၅ နှစ်ကြာပြီးတဲ့နောက် Lower Manhattan အရပ်မှာ တဖန်ပြန်လည် ရှင်သန် အသက်ဝင်လာတာကို တွေ့ရမှာပါ။ ဒါပေမဲ့လည်း အဆောက်အအုံတွေ ပြန်ဆောက်ပြီး အချိန်အတော်ကြာတဲ့အထိ ပြန်လည်ထူထောင်တာရေး ဆက်လုပ်ကြရဦးမှာပါ။ Ramon Taylor ရဲ့သတင်းကို မအိသန့်စင်က တင်ပြထားပါတယ်။
အာရှဒေသနဲ့ ပတ်သက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒဟာ အခြေခံအားဖြင့် အမျိုးသားအကျိုးစီးပွားကို အခြေခံသလို ရေရှည်တည်တန့်မယ့်မူဝါဒတခုဖြစ်ကြောင်း သမ္မတအိုဘားမားက လာအိုနိုင်ငံဗီယန်ကျန်းမြို့မှာကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာပြောသွားပါတယ်။ မိန့်ခွန်းပါကောက်နုတ်ချက်တချို့ကို မအိသန့်ဇင်က တင်ပြထားပါတယ်။
အိုလံပစ်ပြိုင်ပွဲကိုလာကြတဲ့ အားကစားသမားတွေနဲ့ မိသားစုတွေထဲမှာ Rio de Janeiroမြို့ကိုပထမဦးဆုံးအကြိမ် လာကြသူတွေပါပါတယ်။ ဒီလိုလူတွေအနေနဲ့ Rio မြို့ကို အပေါ်စီးကနေ ကြည့်လို့ရတဲ့ နာမည်ကျော် Christ the Redeemer ရုပ်တုကြီးဆီ မဖြစ်မနေသွားသင့်တဲ့အကြောင်း Parke Brewer သတင်းကို မအိသန့်စင်က တင်ပြထားပါတယ်။
Republican သမ္မတလောင်း Trump နဲ့ ဒီမိုကရက်သမ္မတလောင်း ကလင်တန်တို့ ယှဉ်ပြိုင်နေတဲ့ ဒီနှစ်ရွေးကောက်ပွဲဟာ မဲဆန္ဒရှင်တွေအတွက်တော့ အပြောင်းအလဲတွေ လုပ်မယ်လို့ ကတိပေးနေသူနဲ့ တည်ငြိမ်မှုကိုလုပ်ဆောင်ဖို့ ကတိပေးနေသူနှစ်ဦးအကြား ရွေးချယ်ရမယ့် ရွေးကောက်ပွဲပါ။ Jim Malone သတင်းလွှာကို မအိသန့်စင်က တင်ပြထားပါတယ်။
ဒေသခံလူထုကို အကျိုးပြုနေတဲ့ လူငယ်ခေါင်းဆောင်တွေကိုရွေးပြီး ဖန်း ဖောင်ဒေးရှင်းက နှစ်စဉ် ပဒိုမန်းရှာဆု ချီးမြှင့်ပေးနေတဲ့ အထဲမှာ၂၀၁၅ခုနှစ်အတွက် ပဒိုမန်းရှာဆုကို ရသွားသူကတော့ ကရင်လူငယ်ခေါင်းဆောင် စရှိုင်းဖြစ်ပါတယ်။
မြန်မာအစိုးရက ရေဘေးသင့်ပြည်သူတွေအတွက် နိုင်ငံတကာအကူအညီတွေကို လက်ခံလိုက်တဲ့ နောက်ပိုင်းမှာပဲ အမေရိကန်ပြည်ထောင်စုအပါအဝင် တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေက ငွေကြေး၊ စားနပ်ရိက္ခာနဲ့ ပြန်လည်ထူထောင်ရေးအစီအစဉ်တွေကို လုပ်ဆောင်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။