ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန်တွေအကြား ဒေါ်လာ သန်းပေါင်း တထောင့်ခြောက်ရာ ကုန်ကျမယ့် တံတိုင်းကာရေး အစီအစဉ် စလုပ်မလား မလုပ်ဘူးလားဆိုတာ စက်တင်ဘာလ လွှတ်တော် ပြန်စချိန်မှာ အခြေအတင် ဆွေးနွေးကြပါလိမ့်မယ်။ VOA သတင်းထောက် Katherine Gypson သတင်းပေးပို့ထားတာကို မအိသန့်စင် တင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အရပ်သားအစိုးရ တက်လာပြီး တစ်နှစ်ကျော် ကာလအတွင်း NLD အစိုးရရဲ့ လုပ်ဆောင်ချက်အပေါ် လူမှုစစ်တမ်း ကောက်ယူရရှိတဲ့ ရလဒ်တွေကို ဦးသိန်းစိန် အစိုးရအပေါ် အမြင်တွေနဲ့ နှိုင်းယှဉ်တဲ့အခါ ကွာခြားမှု သိပ်မရှိတာ တွေ့ရသလို ...
ဒီကနေ့ တနင်္လာနေ့ သြဂုတ်လ ၂၁ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုတဝှမ်း ၉၉ နှစ်အတွင်း နေကြတ်တာကို ပထမဦးဆုံးအကြိမ်အဖြစ်နဲ့ ပြည်နယ်အတော်များများက တွေ့မြင်ကြရမှာမို့ အားလုံးကစိတ်ဝင်စားနေကြပါတယ်။ VOA သတင်းထောက် Kane Farabaugh ပေးပို့တဲ့သတင်းကို မအိသန့်စင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုတစ်ဝှမ်း အီရတ်နိုင်ငံကလာရောက်အခြေချသူ ၁၄၀၀ လောက်ရဲ့အမှုတွေကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတရားရုံးကစစ်ဆေးပြီးမှအီရတ်ကို ပြန်ပို့မယ့်အရေးဆုံးဖြတ်မယ်ဆိုပြီး Michigan ပြည်နယ်၊ Detroit မြို့ဖက်ဒရယ်တရားရုံးက ခေတ္တဆိုင်းထားပါတယ်။ Sama Dizayee ပေးပို့တဲ့သတင်းကို မအိသန့်စင်က ပြောပြပေးပါမယ်။
နယ်သာလန်နိုင်ငံမှာ Team Fast လို့ နံမည်ပေးထားတဲ့ ကျောင်းသားအဖွဲ့တခုဟာ ဓာတ်ဆီထက် ပို သန့်ရှင်းပြီး ဈေးနှုန်းလည်း ပိုသက်သာမယ့် ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်နိုင်မယ့် ထူးခြားတဲ့ လျှို့ဝှက် ဓါတ်ကူပစ္စည်းတခုကို တီထွင်ခဲ့ကြပါတယ်။ Kevin Enochs ရဲ့သတင်းကို မအိသန့်စင်က တင်ပြပေးပါမယ်။
ကင်ဆာရောဂါရှိမရှိ ဆိုတာနဲ့ ခန္ဓာကိုယ်ထဲက ဘယ်အင်္ဂါတွေအထိ ကင်ဆာရောဂါ ပြန့်နေပြီလဲ ဆိုတာကို သိပ္ပံပညာရှင်တွေက သွေးစစ်ကြည့်တာနဲ့ သိနိုင်ပါတယ်။ ဒီလိုပဲ နှလုံးရောဂါနဲ့ လေဖြတ်တာတွေကို ကြိုတင် ကာကွယ်နိုင်မယ့် သွေးစစ်နည်းအသစ်လည်း ရှိနေပါပြီ။ Carol Pearson ပေးပို့တဲ့ သတင်းလွှာကို မအိသန့်စင်က တင်ပြထားပါတယ်။
ရှေးရိုးနည်းအတိုင်းဆောက်ထားတဲ့ ဥရောပတိုက်နိုင်ငံတွေက အိမ်ဟောင်းတွေက ငလျင်ဒဏ်ကိုမခံနိုင်တာ ပြီးခဲ့တဲ့ သြဂုတ်လက အီတလီအလယ်ပိုင်းဒေသမှာ လှုပ်သွားတဲ့ ပြင်းအား ၆.၂ ရှိတဲ့ ငလျင်ကာလတုန်းက မျက်မြင်ပါ။ အပျက်အစီးတွေ လျှော့ချနိုင်မယ့်နည်းကို အီတလီအင်ဂျင်နီယာတွေက ရှာဖွေနေကြပါတယ်။ မအိသန့်စင်က ပြောပြပေးပါမယ်။
နေအားလျှပ်စစ်စွမ်းအင်က ထုတ်ရတာ လွယ်သလောက် သိုလှောင်ထားဖို့က ခက်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းအသစ်ကို ဆွီဒင်နိုင်ငံက သုတေသနအဖွဲ့က ရှာဖွေနေတာပါ။ Kevin Enochs ရဲ့ သတင်းကို မအိသန့်စင်က ပြောပြပေးပါမယ်။
ယနေ့အချိန်ထိ အမေရိကန်သမ္မတရွေးကောက်ပွဲတွေမှာမဲပေးနိုင်ဖို့ကအစ အမေရိကန်အမျိုးသမီးတွေက အခက်အခဲမျိူးစုံကို ရင်ဆိုင်ကျော်လွှားဆောင်ရွက်ခဲ့ကြပါတယ်။ နယူးယောက်ပြည်နယ် Seneca Falls မြို့ကNational Women’s Hall of Fame လို့ ခေါ်တဲ့ နိုင်ငံတစ်ဝှမ်းက ထင်ရှားတဲ့အမျိုးသမီးတွေရဲ့ သမိုင်းကြောင်းတွေကို ဖော်ပြ
ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်ပတ်သက်နေတဲ့ လွတ်မြောက်နေဆဲ သံသယရှိသူ ဦးအောင်ဝင်းခိုင်ကို ဖမ်းဆီးဖို့ဆောင်ရွက်ရာမှာ ဖမ်းဆီးဖို့တာဝန်ရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ သံသယရှိသူ ဦးအောင်ဝင်းခိုင်ဟာ တပ်မတော် အရာရှိဟောင်းအချင်းချင်းတွေ ဖြစ်နေတဲ့အတွက် ဖမ်းဆီးရမယ့်အရေးမှာ အခက်အခဲ ကြုံနေတာဖြစ်နိုင်တယ်လို့ ရှေ့နေဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။
ပစိဖိတ်သမုဒ္ဒရာထဲ ပလတ်စတစ်အမှိုက်တွေ စုနေတဲ့ နေရာတော်တော်များများကို တစ်နှစ်အတွင်း စရှင်းလင်းသွားမယ်လို့ ဒတ်ချ် ကုမဏီကပြောပါတယ်။ ပလတ်စတစ်အမှိုက်တွေကို ရေပေါ်မှာမျောထားတဲ့ အတားအဆီးတွေနဲ့ The Ocean Cleanup စီမံကိန်းက လိုက်သိမ်းမှာပါ။ အပြည့်အစုံကို မအိသန့်စင်က တင်ပြထားပါတယ်။
မျိုးတုန်းလာတဲ့ မျောက်မျိုးရင်းများ
မွေးရာပါ ဦးနှောက်ဖွံ့ဖြိုးမှု သာမန်ထက်နောက်ကျတဲ့ autism ရောဂါရှိတဲ့ ကလေးငယ်တွေအတွက် အထူး စီစဉ်ထားတဲ့ Kaspar လူတူ စက်ရုပ်ကို တီထွင်လိုက်ပါပြီ။ ဖွံ့ဖြိုးမှုနောက်ကျတဲ့ ကလေးတွေကို တခြားသူတွေနဲ့ ပြောဆို ဆက်ဆံရာမှာ အထောက်အကူဖြစ်စေဖို့ပါ။ Faith Lapidus ပေးပို့တဲ့ သတင်းကို မအိသန့်စင်က တင်ပြထားပါတယ်။
တနင်္ဂနွေနေ့ဟာဆိုရင် ခရစ်ယာန်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ Easter Sunday နေ့ လို့ခေါ်တဲ့ ယေရှု ခရစ်တော် ရှင်ပြန်ထမြောက် လာတဲ့နေ့ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်ဟာ ကျောင်းသားတွေ ဘွဲ့ကြို တက္ကသိုလ် လေးနှစ်စာ ကျောင်းလခ အခမဲ့တတ်နိုင်အောင် အစိုးရကထောက်ပံံ့မယ့် တိုင်းပြည်တွင်း ပထမဆုံး ပြည်နယ်ဖြစ်လာပါတယ်။ ဝင်ငွေနည်းမိသားစု ၁ သန်းနီးပါးရဲ့ ပညာရေးစရိတ်ကို ထောက်ပံ့ပေးမှာပါ။ Ramon Taylor ရဲ့သတင်းကို မအိသန့်စင်က တင်ပြထားပါတယ်။
သစ်သားတွေကို သမားရိုးကျအတိုင်း အသုံးပြုတာအပြင် ခိုင်မာတဲ့အဆောက်အအုံတွေ ဆောက်နိုင်တဲ့နေရာမှာလည်း ဗိသုကာတွေက ပုံစံပြောင်းပြီး သုံးနေကြပါတယ်။ သစ်သားကိုသုံးပြီး မိုးမျှော်တိုက်ကြီးတွေတောင် ဆောက်နေကြတဲ့အကြောင်း Kevin Enochs ပေးပို့တဲ့သတင်းကို မအိသန့်စင်က ပြောပြပေးပါမယ်။
မြန်မာနိုင်ငံအခြေအနေ ပိုမို ပွင့်လင်းလာတာနဲ့အမျှ ကမ္ဘာလှည့်ခရီးသည်တွေလည်း ပိုများလာပါတယ်။ ဒီလို ခရီးသွားတွေ များလာနေတဲ့ မြန်မာ့စေတီပုထိုးတွေ ရေရှည်တည့်တံ့နိုင်အောင် ထိန်းသိမ်းနိုင်ဖို့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ပုဂံကနေ John Owens ပေးပို့တဲ့သတင်းကို မအိသန့်စင်က တင်ပြထားပါတယ်။
" ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က ရုပ်မြင်သံကြားက ထွက်ပြီးတော့ ပြောသွားတာရှိပါတယ်။ ပထမတုန်းကတော့ သူတို့ ရွေးကောက်ပွဲ ရလဒ်တွေကို ည ၉နာရီမှာ ရထားသလောက်ပေါ့လေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ရလာသလောက် ကြေညာမယ်လို့ ပြောထားတာရှိပါတယ်။ ဒါပေမဲ့လည်း မဲစာရင်းတွေက ပြုစုနေဆဲဖြစ်တဲ့အတွက် သူတို့ ဘာရလဒ်ကိုမှ တရားဝင် မကြေညာနိုင်သေးပါဘူးတဲ့ မဲစာရင်းတွေကို ဥပဒေနဲ့အညီ တရားဝင် ပြုစုပြီးတဲ့အခါမှသာ ကြေညာနိုင်မယ်လို့ ပြောသွားပါတယ်။"
မိန့်ခွန်းကိုပြောမယ်ဆိုရင် မိန့်ခွန်းက အရမ်းကြီးဘဝင်ကျလောက်စရာ ၊ ကျေနပ်လောက်စရာ ၁ နှစ်အတွင်း အစိုးရ စွမ်းဆောင်ချက်တွေနဲ့ ပတ်သက်လို့ အားနည်းချက်တွေကို ပြတ်ပြတ်သားသား ဝင်ခံပြီးတော့ ၊ အားသာချက်တွေကိုလည်း ရှင်းရှင်းလင်းလင်း သိသိသာသာနဲ့ ထောက်ပြသွားတယ်လို့ ခံစားရတဲ့ပုံမျိုး ကျနော့်မှာ မရှိပါဘူး။
ခွေးလေးကြောင်လေးတွေ ပျောက်ရင် ရှာရလွယ်အောင် အရေပြားအောက်မှာ သူတို့နဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ မှတ်သားထားတဲ့ ဒစ်ဂျစ်တယ် chip ပြားလေးတွေ ထည့်ထားတတ်ကြပါတယ်။ ဒီ chip ပြားလေးတွေကို လူတွေရဲ့အရေပြားထဲမှာလည်း ထည့်ပြီးသုံးနိုင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း Georger Putic သတင်းလွှာကို မအိသန့်စင်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်