Burma Caucus အထူးအဖွဲ့ကို အာဏာသိမ်း ၃ နှစ်ပြည့်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ အဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌတွေဖြစ်တဲ့ Michigan ရီပတ်ဘလစ်ကန်အမတ် Bill Huizenga ရဲ့ မြန်မာဒီမိုကရေစီအရေး လုပ်ဆောင်ချက်ကို ကြိုဆိုကြောင်း Burma Center of Battle Creek အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန်းနိုင်ဦးက ပြောပါတယ်။ မအိသန့်စင်တင်ပြထားတာပါ။
မြန်မာ့အရေး အမေရိကန်အစိုးရအဖွဲ့တွင်းမှာ တွန်းအားပေးလုပ်ဆောင်နိုင်ဖို့ အမေရိကန်လွှတ်တော်တွင်း ပါတီနှစ်ရပ်လုံးကကိုယ်စားလှယ်တွေ ပူးပေါင်းလုပ်ဆောင်တဲ့ Burma Caucus အထူးအဖွဲ့ကို ၂၀၂၄ ဖေဖော်ဝါရီလတရက်နေ့ အာဏာသိမ်းတဲ့ ၃ နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။
အခု လိုအပ်တဲ့သူတွေဆီကိုရောက်တဲ့ အကူအညီတွေက ပြည်သူကနေ ပြည်သူကိုသွားနေတဲ့ အကူအညီတွေသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စစ်တပ်နဲ့ စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်နေသမျှ တကယ်လိုအပ်နေတဲ့သူတွေဆီ ရောက်ဖို့ဆိုတာက လုံးဝမလွယ်ဘူး၊၊ လုံးဝမဖြစ်နိုင်ဘူး ဆိုတဲ့ဥစ္စာကိုတော့ မှန်းဆလို့ရပါတယ်။" (ဦးကျော်မိုးထွန်း-ကုလသံအမတ်)
မြန်မာနိုင်ငံတွင်း နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီတွေပေးနေရာမှာ၊ တကယ့်ပဋိပက္ခဒေသတွေက ဒုက္ခသည်တွေထံကို အကူအညီတွေ မရောက်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဝေဖန်ပြောပါတယ်။
ဂါဇာဒေသတိုက်ခိုက်မှုတွေအတွင်း နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရတဲ့ အမျိုးသားတွေရဲ့တာဝန်တခုအဖြစ် မိုဘိုင်းဖုန်းအားသွင်းပေးဖို့က အခရာ ကျနေတာပါ။ စစ်ပွဲအတွင်းမှာ အားပြည့်ပြီး အသုံးဝင်တဲ့ ဖုန်းရှိဖို့က အရေးကြီးတာပါ။
စစ်ပွဲကြားမှာနေထိုင်ရချိန် အဝေးရောက် မိတ်ဆွေမိသားစုတွေရော အဆင်ပြေရဲ့လားလို့ ဆက်သွယ်မေးနိုင်ဖို့၊ ဂါဇာဒေသမှာ တိုက်ခိုက်မှုတွေကြား ဖုန်းအားသွင်းနိုင်ဖို့နဲ့ အသက်ရှူစက်လည်ပတ်နိုင်အောင်သုံးရတဲ့ ဘက်ထရီအိုးတွေ အားဖြည့်နိုင်အောင် ရတဲ့နေရာမှာ လူတွေစုဝေးပြီး အလှည့်ကျ အားသွင်းနေကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့တုန်းကလည်း တိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိဘဲ ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေရပ်ပြန်လာပြီး နေအိမ်သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးသွားတယ်လို့ ကရင်နီပြည် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
အမေရိကန်၊ မိုင်ယာမီကမ်းခြေက စတင်ထွက်ခွာတဲ့ အပျော်စီး ပင်လယ် သင်္ဘောကြီးမှာ ခရီးသည် အယောက် ၁၀,၀၀၀ ကျော်ဆန့်၊ ခရိုအေးရှားအနုပညာရှင် တယောက်က မီးခြစ်ဆံနဲ့ လူရုပ်ထု ဖန်တီး။ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြား သတင်းတွေကို မအိသန့်စင်က ကိုဝင်းခန့်မောင်နဲ့အတူ ပြောပြပေးသွားချင်ပါတယ်။
စမတ်တီဗွီ၊ စမတ်ဖုန်းကအစ နောက်ဆုံးပေါ် စမတ်ဖိနပ်အထိ လူသုံးကုန်နည်းပညာပစ္စည်းတွေကို CES ကုန်စည်ပြပွဲမှာ နှစ်စဥ် ခင်းကျင်းပြသလေ့ရှိတာမှာ ဒီနှစ်မှာလည်း အမေရိကန်ပြည်ထောင်စု Nevada ပြည်နယ် Las Vegas မှာ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ခင်းကျင်းပြသခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ပန်ဆယ်လ်ဗေးနီးယားပြည်နယ်က အိမ်မွေးခွေးလေး တကောင် သူ့သခင်ရဲ့ ပိုက်ဆံ အမေရိကန်ဒေါ်လာ ၄၀၀၀ ကို ကိုက်စားပစ်၊ ဂျပန်နိုင်ငံ တူနာငါးတကောင်ကို အမေရိကန်ဒေါ်လာ ၈ သိန်းနီးပါးနဲ့ ရောင်းရ၊ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြားသတင်းတွေကို ကိုဝင်းခန့်မောင်နဲ့ မအိသန့်စင် တင်ဆက်ထားပါတယ်။
မကြာသေးခင်က တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကရင်နီဒေသမှာ မြေမြှုပ်မိုင်းတွေ ရှင်းလင်းဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေကတော့ မိုင်းအန္တရာယ်ကို စိုးရိမ်နေကြဆဲပါ။
ချီလီနိုင်ငံမှာ မကြုံစဖူး ၁၅ ပေါင်ကျော်တဲ့ ကလေးမွေးဖွား၊ ထိုင်းနိုင်ငံ ချင်းရိုင်မြို့က ကြောင်ဒီဇိုင်း စပါးခင်းများ၊ ခြောက်ကမ်းပါးမှာ ပိတ်မိနေတဲ့ ခွေးလေး ရဟတ်ယာဉ်နဲ့ ကယ်၊ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြား သတင်းတွေကို ကိုဝင်းခန့်မောင်နဲ့ မအိသန့်စင် တင်ဆက်ထားပါတယ်။
မကြာသေးခင်က တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကရင်နီဒေသမှာ လတ်တလော တိုက်ခိုက်မှုတွေ ငြိမ်သက်နေပေမဲ့ စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။
မက္ကဆီကိုနိုင်ငံမှာ ခရစ်ယာန် သီလရှင်လို ဝတ်ဆင်ထားတဲ့ အမျိုးသမီး တစု ဆေးခြောက်အကျိုး မြှင့်တင်ရေး လုပ်ဆောင်၊ အမေရိကန်အဝေးပြေးလမ်း ကားမှောက်ပြီး ၆ ရက် ကားထဲမှာ ပိတ်မိနေသူကို ကယ်တင်နိုင်၊ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြားသတင်းတွေကို ကိုစံကျော်နဲ့ မအိသန့်စင် တင်ဆက်ထားပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ရှိရာထူးမှာ ဆက်ထားဖို့ ကုလသမဂ္ဂ credential ကော်မတီက ဆုံးဖြတ်လိုက်တာ၊ ရိုဟင်ဂျာအရေး၊ စာနာမှုအကူအညီပေးရေးစတဲ့ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်၊ အခက်အခဲနဲ့ ၂၀၂၄ အနာဂတ် အစီအစဉ်တွေအကြောင်းကို မအိသန့်စင်က စုစည်းတင်ဆက်ထားပါတယ်။
ကမ္ဘာတဝန်း စန်တာဘိုးဘိုးကြီးတွေရဲ့ အပြေးပြိုင်ပွဲ၊ ခရစ္စမတ်ဆို ထုတ်မကုန် လက်ဆောင်တထုပ်နဲ့ အလုပ်ရှုပ်နေကျ စန်တာဘိုးဘိုး ခေတ်သစ်နဲ့အညီ ရဟတ်ယာဉ်ရောက်လာ၊ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြားသတင်းတွေကို ကိုဝင်းခန့်မောင်နဲ့ မအိသန့်စင် တင်ဆက်ထားပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံအရေး ဆောင်ရွက်မှုတွေကို ပြန်ကြည့်ရင် အားနည်းခဲ့တာတွေ ရှိတဲ့အတွက် ပိုမို အရေးယူမှုတွေ လုပ်ဖို့လိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုပါတယ်။ မအိသန့်စင် မေးမြန်းချက် ဒုတိယပိုင်း ရှု့စားနိုင်ပါတယ်။
ကုလအထွေထွေညီလာခံ Credential ကော်မတီ က မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ဆက်တာဝန်ယူခွင့် ရရှိလိုက်တာဟာ မြန်မာပြည်သူတွေရဲ့ အသံကို နိုင်ငံတကာ တင်ပြခွင့်ရတာ ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို မအိသန့်စင် ဆက်သွယ်မေးမြန်းထားတဲ့ ပထမပိုင်း ရှု့စားနိုင်ပါတယ်။
ရေခဲမှတ်အောက် ချမ်းအေးတဲ့ အရပ်က ဆောင်းကြိုရေကူးပြိုင်ပွဲ၊ တောင်ပေါ်ရေခဲ ရေတံခွန်ကနေ ၆၅ ပေ အောက်ကို ထိုးချ လှေလှော်သူ၊ အထီးကျန်ဆုံး သိုးမလေးကို ကယ်တင်၊ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြားသတင်းတွေကို ကိုဝင်းခန့်မောင်နဲ့ မအိသန့်စင် တင်ဆက်ထားပါတယ်။
တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီတပ်တွေဟာ ရေလမ်းကြောင်းကို အဓိကသုံးပြီး ရွာတွေကို လာရောက် ရှာဖွေတာ စစ်ဆေးတာတွေ လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်