နိုင်ငံတစ်ဝန်း အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြပွဲအတွင်း ကျဆုံးသွားကြသူတစ်ချို့ရဲ့ ဈာပနကို ဒီကနေ့ ပြုလုပ်ကြပါတယ်။ မြို့အလိုက် လိုက်ပါပို့ဆောင်ကြသူတွေ အများကြီးရှိခဲ့သလို မိသားစုတွေကလည်း ဒီတော်လှန်ရေးကြီးကို အောင်မြင်အောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းကြပါတယ်။ မအိမ့်သန္တာထွန်းက ပြောပြပါမယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြသူတွေကို မနေ့က လုံခြုရေးတပ်ဖွဲ့တွေက အပြင်းအထန်ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးမှုတွေရှိခဲ့ပေမဲ့ ဒီကနေ့မှာ နိုင်ငံတစ်ဝန်း ဆန္ဒပြသူတွေက လမ်းမပေါ်ထွက် ဆက်ပြီး ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။
CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ ဝန်ကြီးဌာန ၉ ခုအတွက် ခေတ္တပြည်ထောင်စုဝန်ကြီး လေးဦးကို ခန့်ထားတာဟာ အစိုးရကိစ္စတွေအတွက် ပထမအဆင့်ခြေလှမ်းဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ အစိုးရသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရတခုဖြစ်ဖို့အထိ ရည်ရွယ်ထားတယ်လို့ CRPH အဖွဲ့ဝင်တဦးက ပြောပါတယ်။
မြန်မာနိုင်ငံအနှံ့မှာ မနေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်မှုတွေရှိခဲ့တဲ့အတွက် သေဆုံးမှုအများအပြား ရှိခဲ့တာပါ။ ထားဝယ်မြို့မှာတော့ မနေ့က ကျည်အစစ်နဲ့ ပစ်ခတ်ခံရပြီး ရဲတွေဖမ်းဆီးသွားတဲ့ အမျိုးသား သေဆုံးမှုအတွက် ဒီကနေ့ ညနေမှာ အထိမ်းအမှတ်ပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်ကအာဏာထိန်းချုပ်ထားမှုဆန့်ကျင်ကန့်ကွက်သူတွေကို အကြမ်းဖက်ဖြိုခွဲရာမှာ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပြီး ဒဏ်ရာရထားတဲ့ PhD ဆရာဝန်မလေးတဦးရဲ့သတင်းအစအနမရဘူးလို့ ဆန္ဒပြခေါင်းဆောင်တဦးက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြတဲ့ အနေနဲ့ ရန်ကုန်မြို့မှာ ဒီနေ့ သနပ်ခါးလိမ်းပြီး စုဝေး ဆန္ဒပြကြပါတယ်။ သနပ်ခါးနဲ့ မျက်နှာပေါ်မှာ စစ်အာဏာရှင်ကို ကန့်ကွက်တဲ့ စာတွေ၊ CDM လုပ်ဖို့ တိုက်တွန်းတဲ့ စာတွေရေးပြီး စုဝေးဆန္ဒပြကြတာပါ။ VOA ရဲ့ မြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။
နွေဦးတော်လှန်ရေးလို့ အမည်တပ်ထားတဲ့ ဆန္ဒပြပွဲတွေ မြန်မာနိုင်ငံတဝန်းမှာ ဆက်ဖြစ်နေပြီး ဒီကနေ့မှာတော့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် တခြားမြို့တွေမှာပါ သနပ်ခါး လှုပ်ရှားမှုဆိုတာကို လုပ်ခဲ့ကြပါတယ်။
လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ၊ အလုပ်မဆင်းဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေ သီတင်း ၂ ပတ်လောက် ရှိလာချိန်မှာပဲ လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဝန်ထမ်းတွေကို အာဏာပိုင်တွေက ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေ လုပ်လာနေတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆန္ဒပြသူ အနည်းငယ် ပြန့်ကျဲ နည်းသွားတဲ့ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတဝှမ်းမြို့ကြီးတွေမှာ ဒီနေ့တော့ လူတွေ သိန်းနဲ့ချီ လမ်းမတွေပေါ် ပြန်စုဝေးပြီး အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။ ပုံစံမျိုးစုံနဲ့ ဆန္ဒပြလှုပ်ရှားမှုတွေအကြောင်း VOA သတင်းထောက် မအိသန္ဒာ သတင်းပေးပို့ပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ သီတင်း ၂ ပတ်လောက် ရှိလာချိန်မှာပဲ အင်အားအလုံးအရင်းနဲ့ လမ်းပေါ်ထွက် ဆန္ဒပြတာ တွေ့ကြရသလို ပုံစံသစ်နဲ့ လှုပ်ရှားမှုတွေလည်း တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာ လူတန်းစားပေါင်းစုံက၊ ပုံစံမျိုးစုံနဲ့ ပါဝင်နေကြပါတယ်။ ဂီတအနုပညာ ကျွမ်းကျင်သူ လူငယ်တချို့ကလည်း ဆန္ဒပြပွဲတွေမှာ တေးဂီတနဲ့ အားပေးနေကြတာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားသူတွေအပေါ် အင်အားသုံး နှိမ်နင်းတာတွေ မလုပ်ဖို့ နိုင်ငံတကာက သတိပေးနေချိန်မှာပဲ နောက်ထပ် နှိမ်နင်းမှုတွေ၊ ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်မှုတွေ ဆက်လက် ပေါ်ပေါက်နေချိန်မှာပဲ အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာက ဖိအားပေးဖို့ ဆန္ဒပြသူတွေ အာရုံစိုက်လှုပ်ရှား လာကြပါတယ်။
မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာက ဖိအားပေးဖို့ ဆန္ဒပြသူတွေ အာရုံစိုက်လှုပ်ရှား လာကြပါတယ်။ ရန်ကုန်မြို့က နိုင်ငံတကာသံရုံးတွေရှေ့မှာ ဆန္ဒပြသူတွေ သွားရောက်စုဝေး ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ VOA သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ကို ကူညီနေတယ်လို့ သတင်းတွေထွက်လာပြီးနောက် တရုတ်နိုင်ငံအပေါ် ဆန္ဒပြသူတွေ ဖိအားပေး တောင်းဆိုမှုတွေလည်း ထွက်ပေါ်လာနေပါတယ်။
နေပြည်တော်မှာ ဆိုရင်လည်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူငယ် ၂ ဦး ဒဏ်ရာအပြင်းအထန် ရခဲ့ပေမဲ့ ဆန္ဒပြပွဲတွေလည်း ဆက်ဖြစ်နေပါတယ်။ နေပြည်တော်နဲ့ တခြားမြို့ကြီးတွေက နောက်ဆုံးအခြေအနေတွေကိုတော့ VOA မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။
နေပြည်တော်မှာ ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းမှုကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရသူတွေ ရှိသလို၊ မန္တလေးနဲ့ တခြားမြို့တွေမှာလည်း ဖမ်းဆီးမှုတွေ ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ဆက်လက် ထွက်ပေါ်လာနေရာမှာ အစိုးရဝန်ထမ်းတွေလည်း ပါဝင်လာနေပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက စတင်လိုက်တဲ့ လှုပ်ရှားမှုမှာ တခြားအစိုးရဌာနတွေ၊ လူမှုအဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်လာနေကြတာပါ။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းအုပ်ချုပ်တာကို ဆန့်ကျင်လှုပ်ရှားမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေပါတယ်။ အစိုးရဝန်ထမ်းတွေ၊ လူမှုအဖွဲ့အစည်းတွေက စစ်အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရား ရပ်တန့်သွားစေဖို့အတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ ကန့်ကွက်ဆန္ဒပြဖို့လည်း လှုံ့ဆော်နေကြတာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို ကန့်ကွက်ဖို့ လှုံဆော်မှုတွေထွက်ပေါ်လာနေတဲ့ အချိန်မှာဘဲ ဝန်ထမ်းတချို့ အလုပ်က ထွက်တာ၊ ရုံးမတက်ဘဲ ဆန္ဒပြလှုပ်ရှားမှုတွေရှိနေတဲ့ အကြောင်းပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်