ကိုဗစ်ကပ်ရောဂါကာလ မြန်မာနိုင်ငံမှာ စားဝတ်နေရေး အခက်ကြုံနေရတဲ့ အခြေခံလူတန်းစားတွေကို ထောက်ပံ့ကြေးပေးရာမှာ ကျန်နေသေးတဲ့ အိမ်ထောင်စု ၂ သန်းကျော်ကို စပေးနေတဲ့အကြောင်း ပြောပြပါ မယ်။
ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ ကျောင်းတွေကို ပုံမှန်ကျောင်းဖွင့်ချိန်ထက် နောက်ကျပြီး ဇူလိုင်လထဲမှာ ပြန်ဖွင့်ခဲ့ပေမဲ့ ရောဂါကူးစက်မှုတွေ တကျော့ပြန် တိုးလာတဲ့အတွက် ကျောင်းတွေ ပြန်ပိတ်ထားရတာ အခုအချိန်အထိပါ။
ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်ကတည်းက ပိတ်ထားရတဲ့ အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်အောင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ ပြင်ဆင်ထားဖို့ အခြေခံပညာဦးစီးဌာနက စီစဉ်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရောဂါထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးမယ့် အစီအစဉ်ကို အစောဆုံး ရှေ့နှစ်ထဲ စတင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ အိန္ဒိယနိုင်ငံက အဓိကဝယ်ယူမယ့် ကိုဗစ်ကာကွယ်ဆေးကိုတော့ ဦးစားပေး အစီအစဉ်တွေနဲ့ သုံးစွဲသွားဖို့လည်း စီစဉ်နေတဲ့အကြောင်း ဗွီအိုအေသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ ရောဂါထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးမယ့် အစီအစဉ်ကို အစောဆုံး ရှေ့နှစ်ထဲ စတင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ အိန္ဒိယနိုင်ငံက အဓိက ဝယ်ယူမယ့် ကိုဗစ်ကာကွယ်ဆေးကိုတော့ ဦးစားပေး အစီအစဉ်တွေနဲ့ သုံးစွဲသွားဖို့လည်း စီစဉ်နေတာပါ။
ဗြိတိန်မှာ တွေ့ရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ ကလေးတွေမှာ ကူးစက်မှုပိုဖြစ်နိုင်ပြီး ပိုပြီးလွယ်လွယ်ကူကူ ကူးစက်နိုင်တဲ့အနေအထားမျိုးဖြစ်လာတာကြောင့် ကျန်းမာရေးကိုပိုသတိထားနေထိုင်ဖို့ လိုအပ်လာတယ်လို ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ပြောခွင့်ရညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သတိပေးပါတယ်။
ကိုဗစ်ကူးစက်မှု တည်ငြိမ်လာတဲ့ အနေအထားမျိုး ဖြစ်လာပြီဖြစ်တဲ့အတွက် စည်းကမ်းသတ်မှတ်ချက်တွေကို ပြန်လည်ပြုပြင်တာမျိုးလုပ်ပြီး လုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်ဖို့ စီစဉ်နေတဲ့ အကြောင်း ပြောပြပါမယ်။
ခရစ္စမတ်နှင့် နှစ်သစ်ကူးရုံးပိတ်ရက်ကာလမှာ လူစုလူဝေးမဖြစ်စေဖို့အတွက် လူစည်ကားတဲ့ နေရာတွေဖြစ်တဲ့ ပြည်သူ့ဥယျာဉ်၊ အင်းယားကန်ဘောင်၊ တိရိစ္ဆာန်ဥယျာဉ်နဲ့ ပန်းခြံကစားကွင်းတွေ အားလုံးကို ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ယာယီပိတ်လိုက်ပါတယ်။
ရွေးကောက်ပွဲအတွင်း မဲရုံတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ပညာရေး ဝန်ထမ်းတွေထဲက ကိုဗစ်ရောဂါ ကူးစက်ခံရသူ ဆရာ ဆရာမ တစ်ယောက်စီကို ပညာရေးဝန်ကြီးဌာနက ကျပ်သုံးသိန်းစီ ထောက်ပံ့ပေးနေတာပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကာလ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေ အရင်နှစ်ကထက် ၇ ဆအထိ တိုးလာတယ်လို့ အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ အခရာ အမျိုးသမီးအဖွဲ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
မိုးရာသီကာလမှာ အန္တရာယ်ရှိတာကြောင့် လုံးခင်း၊ ဖားကန့်၊ ခန္တီးနှင့် မော်လူး-မော်ဟန် ရတနာနယ်မြေတွေမှာ ကျောက်မျက် တူးဖော်ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို ဇူလိုင်လ ၁ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ယာယီရပ်နားထားခဲ့တာပါ။
ကိုဗစ်ကပ်ရောဂါကာလ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အခြေခံလူတန်းစားတွေကို အစိုးရက ထောက်ပံ့ကြေးပေးတဲ့ အစီအစဉ်အပေါ် မကျေနပ်မှုတွေကို တိုင်ကြားစာပေါင်း ၂ သိန်းကျော် ရှိနေပါတယ်။
တပ်မတော်သား မိသားစုဝင် မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲမှာ မဲပေးရာမှာ ဖိအားပေးခံခဲ့ရတယ်လို့ လူမှုကွန်ယက်မှာ ရေးသားခဲ့သူ အမျိုးသမီးတဦးကို တပ်မတော်အပေါ် အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ ဒီနေ့ပဲ ထောင်ဒဏ် ၉ လ ချမှတ်လိုက်တဲ့အကြောင်း ပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါကာလ မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေ ပိတ်ထားရတာကြောင့် ပညာရေးထိခိုက်မှာ စိုးရိမ်လာကြပါတယ်။ ကပ်ရောဂါကြောင့် ပညာရေးမှာ ကြုံနေရတဲ့ စိန်ခေါ်မှုတွေကိုတော့ ဗွီအိုအေ သတင်းထောက် အိမ့်သန္တာထွန်းက တင်ပြထားပါတယ်။
အစိုးရရုံးစိုက်ရာ နေပြည်တော် အပါအဝင် အိမ်ပြင်မထွက်ရ အမိန့်နဲ့ အကျုံးမဝင်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ အစိုးရဝန်ထမ်းတွေ ပုံမှန်အတိုင်း အလုပ်ပြန်ဆင်းကြဖို့ COVID 19 ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြားချက် ထုတ်ပြန်လိုက်တာပါ။
ကိုဗစ်ကပ်ရောဂါကာလ မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အချိန် ပညာရေး မထိခိုက်အောင် သင်ကြားမှုစနစ် ပြောင်းလဲလာနိုင်ဖို့ လိုအပ်နေတယ်လို့ ကျွမ်းကျင်သူတွေ တိုက်တွန်းနေတဲ့အကြောင်း ပြောပြပါမယ်။
နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲရုံတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ပညာရေးဝန်ထမ်းတစ်ချို့ကို ရွေးကောက်ပွဲမှာ မမှန်မကန်ဆောင်ရွက်တယ်။ မဲမသမာမှုတွေ ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတဲ့ အမှုတွေရှိသလို တရားရုံးတင်ထားတဲ့ အမှုတွေလည်း ရှိပါတယ်။
ကိုဗစ်ကပ်ရောဂါ ကာလမှာ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အခြေခံလူတန်းစား မိသားစုတွေကို အစိုးရက ထောက်ပံ့ကြေးပေးတဲ့ အစီအစဉ်အပေါ် မကျေနပ်လို့ တိုင်ကြားတဲ့စာတွေ သောင်းနဲ့ချီရှိနေတဲ့အကြောင်း ပြောပြပါမယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံးကြုံနေရတဲ့ ရန်ကုန်တိုင်းထဲက စက်ရုံအလုပ်ရုံတွေမှာ ရောဂါပိုးကူးစက်သူတွေ တိုးလာနေတာကြောင့် သတိထားဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေတဲ့အကြောင်း ပြောပြပါမယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရကိုယ်စားလှယ်တွေထဲ အမျိုးသမီးတွေလည်း ပိုများလာလို့ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပိုနေရာရလာဖို့ မျှော်လင့်သလို တိုင်းပြည်တည်ဆောက်ရေးမှာ အထောက်အကူ ဖြစ်လာဖို့လည်း မျှော်လင့်ချက်တွေ တိုးလာနေတာပါ။ သတင်းထောက်မှတ်စု အစီအစဉ်မှာ မအိမ့်သန္တာထွန်းက တင်ပြပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်