ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံတပ်တွေနဲ့ စစ်ပွဲတွေ တကျော့ပြန် ပြင်းထန်နေပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောင်ခြမ်းကို စစ်ကောင်စီတပ်တွေက သြဂုတ်လ ၃၀ ရက်နေ့မှာ စစ်ကြောင်း ဝင်ရောက်ခဲ့တဲ့အတွက် ကျေးရွာ ၁၄ ရွာထက်မနည်းက ဒေသခံ ၂ သောင်းကျော် ထွက်ပြေးနေကြရပါတယ်။ ဒေသခံတချို့ သတ်ဖြတ်ခံရပြီး ဖမ်းဆီးခံရသူလည်း ရှိတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီအတွက် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချပေးနေတဲ့ လူပုဂ္ဂိုလ်တချို့နဲ့ ကုမ္ပဏီတွေကို အမေရိကန်အစိုးရက ထပ်မံပိတ်ဆို့ အရေးယူလိုက်ပါတယ်။
အာဆီယံအနေနဲ့ မြန်မာစစ်ကောင်စီကိုလုပ်သင့်၊လုပ်ထိုက်တာတွေကို လက်ခံယုံကြည်နိုင်လောက်တဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် မလုပ်ဆောင်နိုင်ဘဲအရှေ့တီမောအနေနဲ့ အာဆီယံအပေါ်မှာယုံကြည်မှုမရှိဘူးလို့ ဆိုပါတယ်။ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ပေးထားပါတယ်။
ကရင်နီဒေသမှာ စစ်ရေး ပဋိပက္ခတွေကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက် တနေ့တခြား တိုးလာနေပြီး စားနပ်ရိက္ခာ မလုံလောက်တဲ့အတွက် လူတိုင်းကို မကူညီနိုင်တဲ့ အခြေအနေ ရောက်နေတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ကလည်း ပြောပါတယ်။
အခုတလော စစ်တပ်ထိပ်တန်းဗိုလ်ချုပ်ကြီးတွေ၊အဆင့်မြင့်စစ်တပ်အရာရှိကြီးတွေ၊ဖမ်းဆီးခံရတာ၊ရာထူးကဖယ်ရှားခံရတဲ့သတင်းတွေမကြာခဏ တွေ့နေရပါတယ်။ စစ်အာဏာ သိမ်းပြီးကတည်းက နိုင်ငံရဲ့ အထွေထွေ အကြပ်အတည်း ပိုဆိုးသထက် ဆိုးလာချိန်မှာပဲ ဒီလို တပ်တွင်းပြောင်းလဲမှုတွေက ဘာသဘော ဖြစ်နိုင်ပါလဲ။
စစ်ကောင်စီက ဖမ်းဆီးပြစ်ဒဏ်ချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ သတင်းတွေ ခပ်စိတ်စိတ်ထွက်လာနေတာဟာ အဘက်ဘက်ကအကြပ်ရိုက်နေတဲ့ စစ်ကောင်စီ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ကစားပြီလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်းအစီအစဉ်မှာ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက မတရားဖမ်းဆီးထောင်ချတာ၊ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တရားလက်လွတ် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာတွေ ပိုတိုးလုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်ရပ်တွေအဆုံးသတ်စေဖို့ ဘယ်လိုထိရောက်တဲ့အရေးယူ အပြစ်ပေးမှုတွေ လုပ်သင့်ပါသလဲ။ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့ အလိမ္မာတင်ဆက်ပါတယ်။
မန္တလေးကနေ စစ်ကိုင်းဘက် ဧရာဝတီ မြစ်ကြောင်းတလျှောက် ဒီရက်ပိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီ သင်္ဘောတွေက ဧရာဝတီ မြစ်ကမ်းဘေးက ကျေးရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်လို့ ဒဏ်ရာရသူတချို့ ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုဟာ မြန်မာ့အရေးဖြေရှင်းရာမှာ အထောက်အကူဖြစ်နိုင်စေပါသလား။ ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
အမေရိကန်ဘဏ္ဍာရေးဌာနကMFTBနဲ့MICBဘဏ်တွေကိုပိတ်ဆို့ဒဏ်ခတ်ခဲ့သလိုစင်ကာပူနိုင်ငံအခြေစိုက်ဘဏ်ဖြစ်တဲ့United Overseas Bankကလည်းနိုင်ငံတကာလေးကြောင်းလိုင်း MAIရဲ့ဘဏ်အာမခံနဲ့ ဘဏ်စာရင်းတွေကို ပိတ်လိုက်ပါတယ်။ကမ္ဘာ့၊မြန်မာ့မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ပေးထားပါတယ်။
စစ်ကောင်စီဟာ သူတို့ အသိမ်းခံထားရတဲ့ တပ်စခန်းတွေကို ပြန်လည်ရရှိဖို့ လက်နက်ကြီးတွေ၊ လေယာဉ်တွေ အဆမတန် အသုံးပြု တိုက်ခိုက်လာ နေတယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
လက်ရှိကြုံတွေ့နေရတဲ့ မြန်မာ့စီးပွားရေးအခက်အခဲတွေဟာ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဖြစ်ပေါ်ရတဲ့ ဒဏ်ရာ၊ ဒဏ်ချက်တွေလို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဆိုပါတယ်။ ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
စစ်ကောင်စီလက်ထက်မှာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခံရတာတွေရော နိုင်ငံရေးမတည်ငြိမ်တာတွေကြောင့် စိုက်ပျိုးရေးထွက်ကုန်တွေကျဆင်းလာတာ၊ သွင်းကုန်တွေကန့်သတ်ခံရတာ၊ ပို့ကုန်တန်ဖိုးကျဆင်းတာနဲ့ ကုန်ဈေးနှုန်းမြင့်တတ်တာတွေကြောင့် မြန်မာ့စီးပွားရေးဟာ ပိုဆိုးလာပါတယ်။ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိပ်မူ (ဆိုင်းတောင်) ရပ်ကွက် ၃ မှာရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တိုက်နယ်ရုံးကို စစ်ကောင်စီဘက်က ဝင်ရောက်ပစ်ခတ်လို့ သေဆုံးသူတချို့ ရှိခဲ့ပြီး၊ ရုံးကို မီးရှို့သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဒီဇွန်လ ရက် ၂၀ အတွင်းမှာ မြွေကိုက်ခံရတဲ့လူနာ ၁၁ ဦးရှိခဲ့ပြီး ဒါဟာ စစ်တပ်အာဏာသိမ်းပြီး စစ်ဘေးရှောင်ကြရတဲ့ ကာလတွေအတွင်းမှာ တစ်လအတွင်း မြွေကိုက်ခံရမှု အများဆုံးလဖြစ်တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။
မြန်မာ့ နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ စစ်အာဏာရှင်ကို ဖြုတ်ချပြီး ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ဖြစ်ပါတယ်။ ဒီလိုတော်လှန်ရေး အောင်မြင်ဖို့ လုပ်ဆောင်ရာမှာ ဘုံရည်မှန်းချက်တွေနဲ့အတူ ရေရှည်မဟာမိတ်တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ထားပါတယ်။
ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်တွေပွဲကြောင့် ဒေသခံ ၃,၄၀၀ ထက်မနည်း အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး တချို့က ထိုင်းနယ်စပ်ဖက်ကို တိမ်းရှောင်သွားကြတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာက ဗွီအိုအေကို ပြောပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ ခေါင်းဆောင်မှုကြောင့် ယူကရိန်းဘက်ကနေ နိုင်ငံတကာက နိုင်ငံရေးအရ ရပ်တည်ရုံသာမက ငွေကြေးရော၊ စစ်လက်နက်ပစ္စည်းပါ ထောက်ပံံ့ပေးနေတာပါ။ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာကတော့ ဇလန်းစကီးလို ဗဟာဗျူဟာကျကျ ဦးဆောင်နိုင်ပြီး နိုင်ငံခြားရေး မူဝါဒတွေ ချပြနိုင်ဖို့ လိုအပ်နေပါသေးတယ်။
ယူကရိန်းသမ္မတရဲ့ခေါင်းဆောင်မှုကြောင့် ယူကရိန်းဘက် နိုင်ငံတကာက နိုင်ငံရေးအရရပ်တည်ရုံသာမက ငွေကြေး၊ စစ်လက်နက်ပစ္စည်းပါ ထောက်ပံံ့ပေးနေတာပါ။ မြန်မာနိုင်ငံမှာတော့ ဇလန်းစကီးလို မဟာဗျူဟာကျဦးဆောင်နိုင်ပြီး နိုင်ငံခြားရေးမူဝါဒတွေ ချပြနိုင်ဖို့လိုအပ်နေပါသေးတယ်။ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့ အလိမ္မာတင်ဆက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်