ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးဝါးတွေ သင့်တင့်ကောင်းမွန်စွာ မရရှိဘဲ ထောင်အချုပ်ကျနေတဲ့ ဗွီအိုအေ ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ကို စွဲထားတဲ့ အမှု ၃ မှုကို ရှေ့လာမယ့်သီတင်းပတ် ရုံးချိန်းတွေမှာ စတင်စစ်ဆေးသွားဖို့ရှိပါတယ်။
သီရိလင်္ကာနိုင်ငံမှာ လျှပ်စစ်မီးပြတ်တာ၊ ဆေးဝါး၊ အစားအသောက်နဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေ ရှားပါးလာနေတာကြောင့် သီရိလင်္ကာဆေးရုံတွေမှာလဲ ဆေးဝါးပြတ်လပ်မှုတွေ ရင်ဆိုင်နေကြရပါတယ်။ ဒီအကြောင်း Reuters သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာက ဆက်ပြောပြပေးပါမယ်။
"နေပြည်တော်မဏ္ဍပ်ကတော့ နှစ်မဏ္ဍပ်ပဲရှိတယ်။ သူတို့ စစ်သားတွေနေတဲ့ နေရာမှာပဲ။ ခန်းမရှေ့ရယ်၊ ဦးသိန်းစိန် ... သဘာဝ ထန်းတောနားမှာရယ်။ လူကတော့ အရမ်းကြီးတော့ မစည်ဘူးပေါ့ နည်းနည်းပါးပါးပေါ့။ အရင်ကထက်စာရင်တော့ သုံးပုံပုံ တပုံ လောက်ပဲ ရှိတာပေါ့။ တချို့ကလေးတွေကတော့ သူ့ရွာဘက်သူ ဆော့တာပေါ့။" (ဒေသခံ)
“ဒီကနေ့ ကန်စုမှာက ၁၀ နာရီလောက်က ရှို့နေတာပေါ့နော်။ အခု အချိန်ထိလည်း လောင်နေဆဲပေါ့။ အခုတော့ ကျေးရွာကလူတွေ တော်တော်များများ တောထဲ ရှောင်တိမ်းနေကြတာဆိုတော့ ၃၅ အိမ်တော့ ပါသွားတယ်ကြားတယ်။” (ကန်စုကျေးရွာဒေသခံတဦး)
ယူကရိန်းနိုင်ငံမှာ ရုရှားတပ်ဖွဲ့တွေက ဥပဒေမဲ့သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာကြောင့် ရုရှားနဲ့ ညှိနှိုင်းဖို့ ခက်သွားတယ်လို့ ယူကရိန်းသမ္မတပြော၊ အမေရိကန်ပြည်ထောင်စုမှာ ကူးစက်မှုအမြန်ဆုံး အိုမီခရွန်မျိုးကွဲ ပျံ့နှံံ့၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို အလိမ္မာ တင်ဆက်ထားပါတယ်။
တူရကီနိုင်ငံမှာဆရာဝန်တွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကပ်ရောဂါကာလ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရတာတွေရှိသလို၊ စီးပွါးရေးအခြေအနေ ကလည်း ဆုတ်ယုတ် လာတာကြောင့် နိုင်ငံတဝန်း ဆရာဝန်တွေ ဆန္ဒပြနေကြပါတယ်။ နိုင်ငံရပ်ခြားသွားပြီး အလုပ်လုပ်ဖို့အတွက်အလုပ်ထွက်တဲ့ ဆရာဝန်တွေလည်း များလာတဲ့ အကြောင်း အလိမ္မာက ပြောပြပေးပါမယ်။
ယူကရိန်းနိုင်ငံကို ရုရှား ကျူးကျော်တိုက်ခိုက်လို့ အိုးအိမ်စွန့်ခွာခဲ့ကြရတဲ့ ယူကရိန်း ပြည်သူတွေအတွက် ရန်ပုံငွေပွဲနဲ့ ဒုတိယကမ္ဘာစစ်အတွင်း နာဇီ ဂျာမဏီတွေကြောင့် သတ်ခံခဲ့ရသူတွေကိုအမှတ်တရပြုပွဲအဖြစ် ရုရှားဆန့်ကျင်သူတွေက အမေရိကန်ပြည်ထောင်စု Colorado ပြည်နယ်မှာ စုဝေးခဲ့ကြပါတယ်။ အလိမ္မာက ပြောပြပေးပါမယ်။
“သူတို့လာတဲ့အချိန်မှာ ရှောင်တဲ့အနေနဲ့ ထွက်ပြေးတာ။ သူတို့က လက်နက်ကြီးနဲ့လည်း ချတယ်။ သေနတ်လည်း ဖောက်တာပေါ့နော်။ အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာ ကျမတို့ကကြောက်တယ်။ ကျမတို့ ဒီအိမ်နားပေါ့နော်။ အဲ့လိုမျိုး လက်နက်ကြီးတွေချတဲ့အချိန်မှာ ထိခိုက်မှာလည်း စိုးရိမ်တယ်။” (ခြန်းပြန်းရွာ စစ်ပြေးဒုက္ခသည်တဦး)
"ထိန်းသိမ်းခံရတာတော့ မဟုတ်ပါဘူး။ သူတို့ ခေါ်ယူမေးမြန်းနေဆဲ ဖြစ်ပါတယ်ခင်ဗျ။ (ဘာကြောင့်ဖမ်းတယ်ဆိုတာ) ကျနော်တို့ ပြန်ပြောနိုင်တဲ့အချိန် ပြန်ပြောထားပါမယ်။ ဖမ်းဆီးထိန်းသိမ်းတာ မဟုတ်သေးပါဘူးဗျ။" (စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း)
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာ ပုလောကုန်းရွာ ပျူစောထီးအဖွဲ့ေ တွနဲ့ ကာကွယ်ရေးအဖွဲ့ကြား မနေ့က ၃ နာရီကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့ပြီး ဒါဟာ အဲဒီဒေသတအတွင်း ပထမဆုံးတိုက်ပွဲလည်းဖြစ်ပါတယ်။
“ဒေါငံခါး ဘုရားကျောင်းနောက်မှာ... သီလရှင်ဘာသာရေး အဆောက်အဦးပျက်စီးသွားတယ်ပေါ့နော်။ ဒေါငံခါး ရပ်ကွက် (၂) က အိမ်တွေလည်း ပျက်စီးသွားတယ်ပေါ့နော်။ အထိအခိုက် ကတော့ မရှိသေးဘူးပေါ့နော်။ လေယာဉ်ဗုံးကြဲတော့ ပျက်စီးသွားတဲ့အိမ်တွေပဲ ရှိသေးတာပေ့ါ။ ပျက်စီးသွားတာတော့ တော်တော်လေးကို ဆိုးဆိုးဝါးဝါးပဲဗျ။” (ဒေသခံ)
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ချိုင်ကျေးရွာနားမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီအကြား ဒီနေ့ညနေ ၄ နာရီလောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ် လွိုင်ကော်မြို့နားမှာရှိတဲ့ မိုးဗြဲမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက်က တင့်ကားတွေသုံးပစ်ခတ်တာနဲ့ စစ်လေယာဉ်တွေဝဲပျံနေတာကြောင့် မြို့ထဲကနေ ဘေးလွတ်ရာထွက်ပြေးသူတွေ များလာနေပြီး မြို့ထဲပိတ်မိနေသူတွေလည်း ရှိနေကြောင်း ဒေသခံတွေက ပြောကြပါတယ်။
နေပြည်တော်မှာ စနေနေ့ကျင်းပမယ့် ပြည်ထောင်စုနေ့အခမ်းအနားကိုတက်ဖို့ ဖိတ်ကြားထားတဲ့ နိုင်ငံရေးပါတီတွေထဲနဲ့ တိုင်းရင်းသားပါတီတွေထဲမှာကိုပဲ တက်မယ့်ပါတီ၊ မတက်မယ့်ပါတီ စသည်အားဖြင့် ကွဲပြားနေပါတယ်။
“အခု ၂၈ ရက်နေ့မှာ ကုန်းဆွတ်ဘက်မှာထပ်ဖြစ်တဲ့ တိုက်ပွဲကြောင့် လူ ၁,၀၀၀ ကျော်လောက် ဆီဆိုင်မြို့ထဲကို ထပ်ရောက်လာတယ်။ ထပ်ရောက်လာတဲ့ စစ်ရှောင်အသစ်အတွက်က နေစရာတွေ၊ စားနပ်ရိက္ခာတွေ၊ အဝတ်အစား၊ စောင်တွေ လိုအပ်တယ်ဗျ။ အရင်အဟောင်းတွေတောင်မှ အကုန်လုံးမကူညီနိုင်တဲ့ အနေအထားရှိတယ်ဗျ။” (ခွန်ကျော်ဆွေ-ဒေသခံကူညီသူ)
စစ်အာဏာသိမ်းမှု တနှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အသံတိတ်သပိတ်ဆင်နွှဲဖို့ နှိုးဆော်ထားပြီး အဲဒီလှုပ်ရှားမှုမှာ မပါကြဖို့ ရန်ကုန်နဲ့ မန္တလေး တချို့နေရာတွေမှာ စစ်ကောင်စီက လိုက်ပြီးသတိပေးနေပါတယ်။ အဲဒီနေ့မှာ ဈေးဆိုင်တွေမဖွင့်ရင် အရေးယူမယ်ဆိုတာမျိုး အော်လံတွေနဲ့ လိုက်အော်နေတာဖြစ်ပါတယ်။
ချင်းပြည်နယ် မတူပီမြို့နယ်တွင်းမှာ ဇန်နဝါရီ ၂၅ ရက် မနေ့ညပိုင်းတုန်းက လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံ ၄၀၀ ကျော်လောက် တောတောင်ထဲ ထပ်မံပြေးရှောင်နေကြရတယ်။ မတူပီမြို့ကနေ ပြန်ထွက်ခွာလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မွှင်တုန်းကျေးရွာအုပ်စုမှာ တပ်စွဲညအိပ်နေတယ်လို့လည်း ဒေသခံတွေက ပြော
ဒီးမော့ဆိုမြို့နယ်ထဲမှာရှိတဲ့ စံပြ ၆ မိုင်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမနေ့ကလည်း တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်မှာ ဒီနေ့ ဇန်နဝါရီလ ၂၀ ရက် မနက်ပိုင်းက ပစ်ခတ်မှု ဖြစ်ခဲ့ပါ တယ်။ သိမ်ဆိပ်ရဲစခန်းကို ဝင်ပစ်တဲ့ ဆိုင်ကယ်သမား နှစ်ဦးနဲ့ စစ်တပ်ကင်းလှည့်ကားတို့ ထိပ်တိုက်တွေ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာပါ။
ကယားပြည်နယ် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်မှာ ဒီနေ့ မနက်အစောပိုင်းမှာ တိုက်ပွဲထပ်မံဖြစ်ပွားနေပါတယ်။ ကယားပြည်နယ်တွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီက လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် စစ်ပြေးဒုက္ခသည်တွေဟာ စစ်ရှောင်စခန်းတွေမှာပါ မနေရဲပဲ၊ တောတောင်ထဲက လှိုင်ဂူတွေမှာ ခိုအောင်းနေကြရပါတယ်။
နောက်ထပ်ကြည့်ရှုရန်