စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေက အင်အားတိုးချဲ့ပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်လာသလို နေအိမ်မီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီး သတ်ဖြတ်မှုတွေ ဆက်တိုက်ဆိုသလို ရှိနေပါတယ်။
“ကျနော်တို့ KIO အနေနဲ့ကတော့ ၊ အများပြည်သူပိုင်ပေါ့။ စာသင်ကျောင်းတို့၊ ဘုရားကျောင်းတို့ ပြည်သူပိုင်တဲ့အဆောင်တွေကို ဖျက်ဆီးတာကတော့ မကောင်းဘူးပေါ့နော်။ မလုပ်သင့်တဲ့အရာ ဖြစ်ပါတယ် ဆိုတာတော့ ပြောလိုပါတယ်။” (KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူ)
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဒေါးညေခူကျေးရွာ၊ ထီးပေါ့ဆိုကျေးရွာတဝိုက်မှာ ဒီနေ့ ဇွန်လ ၁၅ ရက်အထိ ၆ ရက်ဆက်တိုက် စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပါတယ်။
ဇွန်လ ၈ ရက်နေ့ ကမ္ဘာ့သမုဒ္ဒရာများနေ့မှာ Myanmar Ocean Project က “ဒို့ပင်လယ် ဒို့အိမ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပညာပေးကာတွန်းတခုကို.Myanmar Ocean Project ထုတ်ပါတယ်။
“ဇော်ချောင်းကတော့ အိမ်ခြေက ၂၀၀ ဝန်းကျင်ပေါ့လေ- အဲ့ဒါကို မနက် ၇ နာရီ ၂၀ ကနေ စရှို့တာ အကုန်လောင်သွားပြီပေါ့လေ။ ဒီဘက်က အလယ်ခုံကို ဆက်ရှို့နေတော့လေ။ အလယ်ခုံကနေ ကျော်ပြီးမှ ဇော်ချောင်းကို ဝင်ရမှာဆိုတော့။ ကပ်နေပေမယ့် ထွက်တော့ မကြည့်နိုင်သေးဘူး။ လောင်တာကတော့ ရွာလုံးကျွတ်ဖြစ်ပါလိမ့်မယ်။” (ဒေသခံ)
အိန္ဒိယနိုင်ငံမှာ တကျော့ပြန် ကိုဗစ်ကူးစက်မှုတွေရှိနေပြီးမွန်ဘိုင်းမြို့မှာ ကူးစက်မှုနှုန်းတိုးလာနေတဲ့အတွက် ကိုဗစ်လှိုင်းနဲ့ ထပ်ကြုံရမှာကို စိုးရိမ်နေကြပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး အလိမ္မာ ပြောပြပေးပါမယ်။
“ ... ကျနော်တို့က အခုမှပဲ ပေါက်ဖွားလာတဲ့ တော်လှန်ရေးပေါ့နော် တနှစ်တကြိမ်လောက်ပဲ ရှိသေးတာ။ ဆိုတော့ ဒီအနေအထားမျိုးမှာ ကျနော်တို့ လက်နက်အင်အားဖြစ်ဖြစ်ပေါ့နော်၊ ဒီလိုမျိုးကျန်တဲ့ အကူအညီဖြစ်ဖြစ်ပေးနိုင်ရင် ကျနော်တို့အတွက် အများကြီးခွန်အားဖြစ်တာပေါ့။” (KNDF - ဒီးမော့ဆို)
“ မေလ တောက်လျှောက်ပဲ ဒီကယား-ရှမ်းနယ်စပ်မှာ ဟို…ကုန်သားရွာမှာလည်း တောက်လျှောက်တိုက်ပွဲဖြစ်နေတယ်။ နောက်ပြီးတော့ ဒီဆီးမီးလော့ရွာမှာလည်း တောက်လျှောက်ဖြစ်နေတာ နောက်ပြီး ဟို..ဆောင်နန်းခဲဘက်လည်း တောက်လျှောက်ပဲ မေလ တလလုံးက တိုက်ပွဲက မနားဘူး၊ ဒီဘက်။ တိုက်ပွဲတော်တော် ဧရိယာကျယ်ပြန့်လိမ့်မယ်။” (ဆီမီးလော့ရွာသား)
မယ်ရီယူပေါ် သံမဏိစက်ရုံ လက်နက်ချ ယူကရိန်းတိုက်ခိုက်ရေးသမားတွေကို ရုရှားတွေ ခေါ်ထား၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အာရှ ၂ နိုင်ငံ ၆ ရက်တာ ခရီးထွက်၊ မြောက်ကိုရီးယားမှာ ကိုဗစ်ကူးစက်မှု တရှိန်ထိုး မြင့်တက်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာ သတင်းတွေကို အလိမ္မာ တင်ဆက်ထားပါတယ်။
စစ်ကောင်စီကို သံအမတ်ခန့်အပ်လွှာပေးအပ်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ တရားဝင်မှု မပြုနိုင်အောင် အနောက်နိုင်ငံသံရုံးတချို့က သံအမတ်အဆင့် လျှော့ချမှုတွေရှိလာပေမယ့် စစ်ကောင်စီဘက်ကတော့ သံတမန် ပုံမှန်ဆက် ဆံရေးဆက်ထားရှိမယ်လို့ ပြောပါတယ်။
ယူကရိန်းကို ကန် စစ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၄၀ ဘီလျံကျော် ဥပဒေကြမ်းအတည်ပြု၊ ရုရှားကျူးလွန်မှု စစ်ရာဇဝတ်မှုမြောက်ခြေ မြင့်၊ သီရိလင်္ကာနိုင်ငံမှာ ဝန်ကြီးချုပ်ပြုတ်ကျပြီး တောင်ကိုရီးယားမှာ သမ္မတသစ် စတင်တာဝန်ထမ်းဆောင်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို အလိမ္မာ တင်ဆက်ထားပါတယ်။
“ကုလားမရွာကို စ မီးတင်တော့ ကျနော်တို့က ရှိတဲ့အင်အားနဲ့ ကာကွယ်တယ်၊ မိုင်းခွဲတယ်။ ဒါပေမယ့် သူတို့က ကျောင်းကုန်းရွာနဲ့ကုလားမနဲ့ ကြားထဲကနေ ကျနော်တို့ အခြေချတဲ့ နတ်တောင်ကြီးပေါ်ကို တက်လာပြီး နောက်ချန် ထားခဲ့တဲ့ စစ်ကြောင်းက ကျောင်းထဲမှာ ကြောက်လို့ပုန်းနေတဲ့ရွာသားတွေကို ဖမ်းလာတယ်။” (နတ်တောင်နဂါးတပ်ဖွဲ့ဝင်)
ချင်းပြည်နယ်မှာ စစ်တပ်ကနေ အာဏာသိမ်းပြီးနောက်ပိုင်း မတ်လကစလို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို အသီးသီး ဖွဲ့စည်းခဲ့ကြပါတယ်။ ချင်းပြည်နယ်တလွှား စစ်ရေးပဋိပက္ခတွေကြားမှာပဲ အာဏာသိမ်းစစ်ကောင်စီဘက်ကရော အတိုက်အခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကပါ ဒေသအုပ်ချုပ်ရေးကို အပြိုင်လုပ်ဆောင်နေကြတာပါ။
ယူကရိန်းနိုင်ငံ မယ်ရီယူးပေါ်မြို့မှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ကုလနဲ့ ကြက်ခြေနီ ဦးဆောင်၊ ဆက်လက်ကယ်ထုတ်၊ မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု ဂျပန်၊ တောင်ကိုရီးယား ရှုတ်ချ၊ ဘေကျင်းမှာ ကိုဗစ်ထိန်းချုပ်ရေး အရှိန်မြှင့်လုပ်ဆောင်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို အလိမ္မာ တင်ဆက်ထားပါတယ်။
“စစ်ကား (၁၇) စီးရယ်၊ တင့်ကားနှစ်စီးရယ်၊ ဟားခါးကနေ ဖလမ်းဘက်၊ ကလေးဘက် ဆင်းဖို့ရှိတယ်။ အင်အားက (၁၅၀) လောက်ရှိတယ်။ အဲဒါကို ကျနော်တို့ CAN နဲ့ ဒေသခံကာကွယ်ရေး (၃) ဖွဲ့ ပူးပေါင်းပြီးတော့ လမ်းကနေ ဖြတ် တိုက်တာပေါ့နော်။ အဲတာမေလ (၃) (၄) ရက်နဲ့ အခုလည်း ဆက်ဖြစ်နေတယ်။” (ပူးထက်နီ-CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူ)
“ကွင်းဆင်း အခြေအနေလိုက်ကြည့်တဲ့အခါ အဆင်မပြေတော့ အန္တရာယ်ကင်းတဲ့ ရွာကို ပို့ပေးတယ်။ ဒါပေမယ့် တချို့က ဒေသစွဲတွေ။ အထူးသဖြင့် အဖွားကြီးပေါ့နော်.. သွားရလာရအဆင်မပြေတာတွေကြောင့် တောထဲမှာ ကျန်နေတဲ့လူတွေအတွက်တော့ ပိုပြီးတော့ ခက်ခဲတယ်၊ ရိက္ခာပို့ရတဲ့အခါမှာလည်း သွားထောက်ပံ့ရတာအဆင်မပြေဘူး။” (ကူညီပေးနေသူ)
စစ်ကောင်စီအင်အား ၉၀ ကျော်ဟာ ကန့်ဘလူမြို့နယ် အင်ငုတ်တိုရွာကို ဧပြီလ ၂၉ ရက်နေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့တာ၊ ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
“တဆောင်နဲ့တဆောင် အကျဉ်းသားတွေကူးတယ်၊ ကူးတဲ့ဟာကို တခြားအမှုနဲ့ ကျနေတဲ့ အကျဉ်းသားတွေကနေပြီးတော့ ရိုက်တယ်လို့တော့ သိရတယ်။ ရိုက်တယ်ပေါ့နော်၊ ရိုက်တာကန်တယ်ပေါ့၊ အဲ့လိုမျိုးတော့ သိရပါတယ်။ ကန်တာကို မကျေနပ်လို့ ပေါ့နော် ဆန္ဒပြကြတာပေါ့။” (နိုင်ငံရေးအကျဉ်းသားဟောင်းတဦး)
လျှပ်စစ်ဝန်ထမ်း ၂၆ ဦးကို ဧပြီ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဒီနေ့ ထုတ်ပြန်ထားပြီး ဖမ်းဆီးတဲ့အထဲ စစ်ကောင်စီအဖွဲ့ဝင် တပ်မှူး နှစ်ဦးပါဝင်တယ်လို့ ဆိုပေမယ့် ဘယ်အဆင့်လဲ ဘယ်တပ်ကလဲဆိုတာကို KNDF က အသေးစိတ်မဖော်ပြပါဘူး။
နောက်ထပ်ကြည့်ရှုရန်