အရင်က လွတ်လပ်ပေါ့ပါးမှုနဲ့ ဝါသနာအရ Rap သီချင်းတွေသီဆိုရင်းနဲ့ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း တောထဲမှာ လက်ကိုင်တော်လှန်ရင်းနဲ့ တဖက်မှာလည်း မစွန့်လွှတ်နိုင်တဲ့ Rap သီချင်းတွေ ဖန်တီးသီဆိုရင်း တော်လှန်ရေးအတွက် ရံပုံငွေရှာပေးနေတဲ့ လူငယ်အကြောင်းကို ဟောင်ဆာက တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အောက်မေ့ဖွယ်နေ့အခမ်းအနားကို Minnesota ပြည်နယ်မှာ လာအိုနွယ်ဖွား Hmong လူမျိုးတွေ ဦးဆောင်ပြီး ကျင်းပရာမှာ၊ အမေရိကန်ရောက် ကရင်လူမျိုးတွေလည်း ပါဝင်ခဲ့ကြပါတယ်။ အဲဒီ ပွဲကို တတ်ရောက်ခဲ့တဲ့ ဟောင်ဆာက သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ပိုင်ဆိုင်မှုတွေ၊ မိသားစုတွေနဲ့ ကိုယ်ပိုင်ဘဝတွေစွန့်ပြီး တော်လှန်ရေးအတွက် ပေးဆပ်သူတွေ အများကြီးရှိတဲ့အထဲက ရှမ်းပြည်နယ်တောင်ပိုင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ SSPDF က ပြန်ကြားရေး နဲ့ ဘဏ္ဍာရှာဖွေရေးတာဝန်ခံ နန်းစံကို မေးမြန်းတင်ဆက်ထားပါတယ်။
အမေရိကန်နိုင်ငံအပါအဝင် အနောက်ဥရောပနိုင်ငံများရဲ့ မရေရာတဲ့အထောက်အပံ့တွေကြောင့် ယူကရိန်းစစ်ပွဲဟာ ခက်ခက်ခဲခဲနဲ့ ဖြတ်ကျော်နေကြရပါတယ်။ ယူကရိန်းစစ်မြေပြင်မှာရောက်ရှိနေတဲ့ အမေရိကန် သတင်းထောက် Nick Childers နဲ့ ယူကရိန်းမြန်မာလွက်မြောက်ရေးတိုက်ပွဲ နှိုင်းယှဥ်ချက်အစီအစဥ်ကနေ ဟောင်ဆာက တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာ့အရေး ကမ္ဘာမှာ အာရုံစိုက် အရေးပေးခံရမှုပိုတိုးလာဖို့ ပြည်တွင်းစစ်နဲ့ ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတွေကို လူတွေ ပိုသိလာအောင် လှုံ့ဆော်ပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ တော်တော်များများ ရှိပါတယ်။ The Durgas ( ဒီဒရက်ဂစ်) တီးဝိုင်းအဖွဲ့အကြောင်း ဟောင်ဆာက တင်ဆက်ထားပါတယ်။
စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးမှာ တတ်နိုင်တဲ့ ဘက်ကနေ ရောက်ရှိတဲ့နေရာတိုင်းမှာ ပါဝင်နေတဲ့အကြောင်း အနုပညာရှင်တွေက ပြောဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု မီနီဆိုးတားပြည်နယ်မှာရှိတဲ့ ယခင်စစ်ပြေးဒုက္ခသည်တစ်ဦးဖြစ်ခဲ့ဖူးသူ ပန်းချီဆရာ စောကနေဒီအကြောင်း ဟောင်ဆာက တင်ဆက်ထားပါတယ်။
နိုင်ငံတကာနဲ့ အာဆီယံနိုင်ငံတွေရဲ့ ပစ်ပယ်ခံထားရတဲ့ အခြေအနေမှာ ရှိတဲ့ မြန်မာပြည်တွင်းက စစ်ပွဲတွေနဲ့ အတူ အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံတွေရဲ့ အကူအညီဖြတ်တောက်ခံရနိုင်တဲ့ အခြေအနေကို စိုးရိမ်နေရတဲ့ ယူကရိန်းအရေး စတာတွေဟာ စစ်ပွဲကြာလာတဲ့ အမျှ လူတွေရဲ့ အာရုံစိုက်ခံရမှုပါ လျော့ကျလာနေပါတယ်။
အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုးမြို့မှာ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြပွဲ အပတ်စဉ်ကျင်းပနေပါတယ်။ လူထုကြုံတွေ့နေရတဲ့ ပဋိပက္ခတွေဟာ ပြည်ပရောက်မြန်မာနွယ်ဖွားတွေကိုပါ ရိုက်ခတ်မှု ကြီးမားတာမို့ အခုလိုအပတ်စဉ် ဆန္ဒပြပွဲနဲ့ရံပုံငွေရှာဖွေပွဲတွေ ပြုလုပ်နေတာလို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။
နိုင်ငံနဲ့ ပရော်ဖက်ရှင်နယ်အလုပ်ကို စွန့်ပြီး အမေရိက မှာ ခိုလှုံပြီးတော့ သူမ ကျွမ်းကျင်တဲ့ အဆိုပညာနဲ့ ဘဝအသစ်အစပြုပြီး ယူကရိန်းအတွက် တဖက်တလမ်းကနေပါဝင်ပေးနေတဲ့ ယူကရိန်းအဆိုတော် ကတ်သရီးနားအကြောင်းကို ဟောင်ဆာက ယူကရိန်းမြန်မာလွတ်မြောက်ရေးတိုက်ပွဲ နှိုင်းယှဥ်ချက်အစီအစဥ်ကနေ ဒုတိယပိုင်းအနေနဲ့ တင်ဆက်ထားပါတယ်။
ရုရှားကျူးကျော်စစ်ကြောင့် ယူကရိန်းပြည်သူတွေဟာ နိုင်ငံကိုစွန့်ပြီး လွတ်မြောက်ရာနေရာတွေမှာ ခုံလှုံနေကြရပါတယ်။ အဲဒီလို နိုင်ငံနဲ့ ပရော်ဖက်ရှင်နယ်အလုပ်ကို စွန့်ပြီး ကျွမ်းကျင်တဲ့ အဆိုပညာနဲ့ ယူကရိန်းအတွက် တဖက်တလမ်းကနေ ပါဝင်ပေးနေတဲ့ ယူကရိန်းအဆိုတော် ကတ်သရီးနားအကြောင်း ဟောင်ဆာက တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေ တိုးလာနေတဲ့အချိန်၊ မြန်မာစစ်တပ်က စစ်စခန်းတွေ သိမ်းပိုက်ခံရပြီး စစ်သားအများအပြား လက်နက်ချတဲ့ သတင်းတွေ ထွက်လာနေချိန်မှာ လူငယ်တွေ မဖြစ်မနေ စစ်မှုထမ်းဖို့ အမိန့်ကို စစ်ကောင်စီဘက်က စတင် အသက်သွင်းလာပါတယ်။
Freelance Volunteer Myanmar လို့ခေါ်တဲ့အဖွဲ့ဟာ အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်တွေနဲ့ ဖွဲ့စည်းထားပြီးတော့ ကရင်နီဒေသမှာရှိတဲ့စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်တွေနဲ့ ကလေးတွေရဲ့ ပညာရေးကိုပါ အဓိက ကူညီပေးနေတဲ့ အကြောင်းကို ယူကရိန်းမြန်မာ လွပ်မြောက်ရေးတိုက်ပွဲ နှိုင်းယှဥ်ချက်အစီအစဥ်ကနေ ဟောင်ဆာက တင်ဆက်ထားပါတယ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုတွေကနေ ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDFဟာမြန်မာစစ်တပ်နဲ့ အပစ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးထားပေမယ့် ၂၀၂၁ တကျော့ပြန်အာဏာသိမ်းမှုအပြီး မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကိုပြန်တိုက်နေပါတယ်။
အမေရိကန် ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာ ၇၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပခဲ့ပါတယ်။ အဲဒီပြည်နယ်မှာနေထိုင်နေကြတဲ့ ၂၀၀ ကျော်ခန်ံရှိတဲ့ မွန်တိုင်းရင်းသားတွေက နေ့ထူးနေ့မြတ်ဖြစ်တဲ့ မွန်အမျိုးသားနေ့ကို ဒီပြည်နယ်ပြုလုပ်လာတာဟာ ဒီနှစ်ပါဆိုရင် ၁၄ နှစ်တင်းတင်းပြည့်ခဲ့ပြီးဖြစ်ပါတယ်။
မြန်မာ နဲ့ ယူကရိန်း တွေမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကလည်း ရပ်တန့်မသွားဘဲ အရှိန်အဟုန်မြင့်တက်နေဆဲပဲဖြစ်ပါတယ်။ စစ်ပွဲအရဲ့ အစပြုတဲ့အချိန်ကပြီး စစ်ရဲ့ အနိဋ္ဌာရုံတွေကြားမှာ ဖြတ်သန်းလာရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ယူကရိန်းနိုင်ငံသူ အန်နာ နဲ့ ယူကရိန်းမြန်မာ နှိုင်းယှဥ်ချက်အစီအစဥ်ကနေ ဟောင်ဆာက တင်ဆက်ထားပါတယ်။
အရှိန်အဟုန်မြင့်လာနေတဲ့ နှစ်ဖက်စစ်ပွဲတွေကြားမှာ တစ်ဖက်တစ်လမ်းကနေ ပါ၀င်နေတဲ့ မွန်ပြည်နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ ရေးဘီလူးအကြောင်းကို ယူကရိန်းမြန်မာ လွက်မြောက်ရေးတိုက်ပွဲနှိုင်းယှဥ်ချက်အစီအစဥ်ကနေ ဒုတိယပိုင်းအနေနဲ့ ဟောင်ဆာက တင်ဆက်ထားပါတယ်။
အရှိန်အဟုန်မြင့်လာနေတဲ့ တော်လှန်ရေးနှစ်ဖက်စစ်ပွဲတွေကြားမှာ တစ်ဖက်တစ်လမ်းကနေ ပါ၀င်နေတဲ့ မွန်ပြည်နယ်က ရေးဘီလူး ဒေသကာကွယ်ရေးတပ်ဖွဲ့အကြောင်းကို ပထမပိုင်းအနေနဲ့ ဟောင်ဆာက တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်ဆီးခံခဲ့ရတဲ့ Frontier Myanmar ရဲ့ အင်္ဂလိပ်ပိုင်း မဂ္ဂဇင်းမှာ အယ်ဒီတာ တာဝန်ထမ်းဆောင်နေတဲ့ Danny Fenster ဟာ ဘယ်လိုပုံစံနဲ့ ဖမ်းစီးခံရပြီးတော့ အင်းစိန်ထောင်မှာ ဘယ်လိုဖြတ်သန်းရလဲဆိုတဲ့အကြောင်းကို ဟောင်ဆာက ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ဆန္ဒပြပွဲကနေ လက်နက်ကိုင်လမ်းစဥ်ထိ လျှောက်လှမ်းနေကြတဲ့သူထဲမှာ လူငယ်အများအပြားပါဝင်သလို ဘက်ပေါင်းစုံက အမျိုးသမီးငယ်တွေကလည်း တော်လှန်ရေးမှာ တတ်နိုင်တဲ့ဘက်ကနေ အာဏာသိမ်းစစ်တပ် ပြုတ်ကျရေးအတွက် တတ်နိုင်တဲ့ဝန်ကနေ ပါဝင်နေလျှက်ရှိပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးမှာ လူငယ်တွေအများကြီး ပေးဆပ်မှုတွေ ရှိနေပါတယ်။ အဲလို ဘဝရင်းပြီး တော်လှန်ရေးအတွက် ပေးဆပ်နေရတဲ့ လူငယ်အကြောင်းကို ယူကရိန်းမြန်မာ နှိုင်းယှဥ်ချက်အစီအစဥ်ကနေ ဟောင်ဆာက ဒုတိယပိုင်းအဖြစ် တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်