ဥရောပ သမဂ္ဂ EU က လက်နက်ရောင်းချခွင့် အပါအဝင် မြန်မာ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို ၁ နှစ်ထပ်ပြီး သက်တမ်းတိုးလိုက်ပါတယ်။
သီရိလကာၤနိုင်ငံမှာ ခရစ်ယာန်တွေရဲ့ ဘာသာရေး အထွဋ်အမြတ်နေ့ ဖြစ်တဲ့ အီစတာ တနင်္ဂနွေနေ့က ဗုံးဖောက်ခွဲ တိုက်ခိုက်မှုတွေကို စုံစမ်းစစ်ဆေးတဲ့ နေရာမှာ သြစတေးလျ ပြည်ထောင်စု ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး အရာရှိတွေ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သြစတေးလျဘက်က အတည်ပြုပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့က ရွှေမြစန္ဒီ အိမ်ယာက အိမ်တွေ မဖျက်ရေး ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ ဘာကြောင့် ဖမ်းဆီးလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဝါးကြီးတောင် ကျေးရွာ၊ ယာခင်း အတွင်းကလူနေအိမ်တွေအပေါ် မြန်မာစစ်တပ်ဘက်က လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် တဦး သေဆုံးပြီး တဦး ဒဏ်ရာရခဲ့ပါတယ်။
ဆိပ်ကမ်းဆောက်ပြီးတော့ ဒေါ်လာတွေ သန်းနဲ့ချီပြီး အကုန်အကျခံမယ်ဗျာ။ ခံပြီးတော့ ဆောက်ပြီးတဲ့ အခါကျတော့ ကိုယ့်ရဲ့ Customer (ဖောက်သည်) ကို ကိုယ်သွားရှာလို့ မရဘူး။ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်က ချပေးတဲ့ သဘောၤကိုဘဲ ယူရတဲ့ အနေအထားရှိတယ်။ အဲဒီမှာ ပြသနာတွေ အများကြီး ရှိတယ်။
အင်ဒိုနီးရှား သမ္မတ၊ ဒုသမ္မတနဲ့ လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲတွေကို မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ကျင်းပမှာ ဖြစ်ပြီး ပြည်သူ သန်း ၁၉၀ ကျော် မဲပေးကြမှာပါ။
အမေရိကန် ပြည်ထောင်စု Cape Cod တဝိုက်မှာ ရာသီဥတုအေးပြီး မုန်တိုင်းထန်တဲ့ ရာသီဆိုရင် လှိုင်းနဲ့ပါလာတဲ့ ပင်လယ်လိပ်တွေ အနီးအနားက ကမ်းခြေတွေမှာ သောင်တင်ကြပါတယ်။ ကမ်းခြေတွေမှာ သောင်တင်လာတဲ့ လိပ်ကောင်ရေက နှစ်စဉ် မကြုံစဖူးများလာနေတာကြောင့် ဒေသခံ သိပ္ပံ ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
ရခိုင်ပြည်နယ်တွင်း အခြေအနေတွေ တိုးတက်လာစေရေး မြန်မာ အစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း နှစ်ခုကြား သဘောတူညီချက်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု သိပ်နှေးကွေးနေတယ်လု့ိ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက ကမ္ဘာတလွှား ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး လုံခြုံရေး ကောင်စီကို အစီရင်ခံတင်ပြ ခဲ့ပါတယ်။
မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO ရဲ့ အတွင်းရေးမှူးချုပ်နဲ့ အမေရိကန် သမ္မတ Donald Trump တို့ အင်္ဂါနေ့က ဝါရှင်တန်က သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။
မြန်မာ့ ဆန်ကို တရုတ်ဘက်က ကုန်စည်ဖလှယ်မှု စနစ်နဲ့ တန်ချိန် ၄ သိန်း ဝယ်ဖို့ ရှိနေပါတယ်။
ဘရူးနိုင်းနိုင်ငံမှာ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ စတင်သက်ရောက်မယ့် ပြန်လည်ပြင်ဆင်ထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေကို ကျင့်သုံးခြင်း မပြုဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က တောင်းဆိုလိုက်ပါတယ်။
ဗီယက်နမ် နိုင်ငံမှာ ရာဇဝတ်မှုတွေကို သေဒဏ်ပေး၊ နှိပ်စက်ညှဉ်းပမ်းမှုတွေက နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်တဲ့အပြင် အခြေခံ အခွင့်အရေးကို ဖိနှိပ်ထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း အကြီးအကျယ်ရှိနေတယ်လို့ ကုလသမဂ္ဂ အခွင့်အရေး စောင့်ကြည့် အဖွဲ့တခုက ပြောဆို ရှုတ်ချလိုက်ပါတယ်။
မြန်မာ့ သယံဇာတ ဝင်ငွေကို အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်ရောက်လာရင် ပြည်သူတွေ အတွက်ပိုပြီး အကျိုးရှိလာစေမှာ ဖြစ်တယ်လို့လည်း မျှော်လင့်နေကြတာပါ။
အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ အပေါ် အစိုးရဘက်က မူဝါဒပိုင်းဆိုင်ရာ သိသိသာသာ တိုးတက်လာတယ်လို့ ဝင်းမာလာ အာလူးကြော် လုပ်ငန်းပိုင်ရှင်က မှတ်ချက်ပေးပါတယ်။
တနင်္ဂနွေနေ့က ကျင်းပတဲ့ ထိုင်း ရွေးကောက်ပွဲရဲ့ တရားဝင် မဲရလဒ်တွေ ထွက်မလာသေးပေမယ့်လည်း စစ်တပ် ထောက်ခံတဲ့ Palang Pracharath ပါတီက လူထု ထောက်ခံမဲအများဆုံးရထားပြီး စစ်အစိုးရကို ဆန့်ကျင်တဲ့ Pheu Thai ပါတီကတော့ အမတ်နေရာ အများစု ရထားပါတယ်။
"နှစ်ဘက် လက်နက်ကိုင် အဖွဲ့အစည်းတွေဆိုရင် တိုက်ပေါ့ ခိုက်ပေါ့ ။ သူတို့ တိုက်ခိုက်နေကြလို့ လူပေါင်း သောင်းနဲ့သေ သိန်းနဲ့သေလည်း အကြောင်းမဟုတ်ဘူး။ လက်နက်ကိုင် ပြီးတော့ စစ်တပ်ဆိုတာ တိုက်ကြတာပဲ သူပုန်ဆိုလည်း တိုက်ကြတာပဲ။ သေပေါ့ကြေပေါ့။ ဒါပေမယ့် သာမန်အရပ်သားတွေကို တဦးမှ မသေစေရဘူး။" (ဦးခိုင်အောင်ကျော်)
အရပ်သားတွေကို အသေအချာ အကာအကွယ်ပေးကြဖို့၊ မကျေလည်မှုတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းကြဖို့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသတွေကို ထိန်းသိမ်းမှု အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနဲ့ လူ့အခွင့်အရေး ဥပဒေတွေကို တာဝန်ယူ တာဝန်ခံကြဖို့ကိုလည်း အားလုံးကို Ostby က တိုက်တွန်းထားပါတယ်။
“ ပစ်တာမှ နည်းနည်းနောနော ပစ်တာမဟုတ်ဘူး။ တခါတည်း တိုင်းပြည်ပျက်လား အောက်မေ့ရတယ်။ နေ့တိုင်းတော့ ပစ်နေတာတော့ ကြာပါပြီ။ ဒါပေမယ့် ဒီနေ့လိုမျိုး ဖြစ်တာဆိုတာ အကုန်လုံးပေါ့ မြို့မှာ ။ ဘယ်မှာ ပုန်းလို့ ပုန်းရမှန်း မသိဘူး။ အဲလိုမျိုး ဖြစ်သွားတာ ခင်ဗျ။”
ဒုတိယ ကမ္ဘာစစ် အတွင်း ကျဆုံး ပျောက်ဆုံးခဲ့ကြတဲ့ အမေရိကန် စစ်မှုထမ်းတွေရဲ့ ကြွင်းကျန် ရုပ်အလောင်းတွေလို့ ယူဆရတဲ့ ရုပ်ကြွင်းတွေကို မြန်မာနိုင်ငံက အမေရိကန်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
အရှေ့တောင် အာရှ ဒေသတွင်း ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အဆိုးရွားဆုံး ခံရတဲ့ နိုင်ငံ တခုဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံမှာ ပြည်သူ အများစု အသက်မွေးဝမ်းကျောင်း ဖြစ်တဲ့ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းမှာ မိုးခေါင်ရေရှားမှုကြောင့် ထိခိုက်နေရပါတယ်။
နောက်ထပ်ကြည့်ရှုရန်