စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ထုတ်ပြန်လိုက်ပြီးနောက်မှာ ထိုင်းဘက်ကို ရွှေ့ပြောင်း ဝင်ရောက်လာသူတွေ တိုးလာကြောင်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ထိုင်းဘက်မှာ အလုပ်အကိုင် အခွင့်အလမ်းရှိပေမဲ့ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ကတော့ ခက်ခဲကြောင်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတွင်းက အတိဒုက္ခ ရောက်ကြရသူတွေကို ကူညီနိုင်ရေး အတွက် ထိုင်း အစိုးရဘက်က လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လမ်းကြောင်း ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ စစ်ဘေးရှောင်နေကြရသူတွေ အတွက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေက မရှိမဖြစ် လိုအပ်နေပါတယ်။
ရခိုင်ပြည်နယ်တွင်း တရုတ် ရင်းနှီးမြှုပ်နှံမှု ဖြစ်တဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုံ စီမံကိန်း အကောင်အထည်ဖော်နိုင်ရေး စစ်ကောင်စီက တွန်းအားပေး ဆောင်ရွက်နေချိန်မှာဘဲ အဲဒီ ဒေသမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာရဲ့ တရုတ်တန်းမှာ တရုတ်နှစ်သစ်- နဂါးနှစ်ကို ကြိုဆိုဖို့ ပြင်ဆင်သူတွေနဲ့ စည်ကားနေပါတယ်။ မီးအိမ်တွေနဲ့ အလှဆင်ထားတဲ့ လမ်းမကြီးတွေပေါ်မှာ အစားအသောက်တွေ၊ ကံကောင်းစေမယ့် အဆောင်အရောင်းအဝယ်တွေ အပြင် ကံကောင်းစေဖို့ ဆုတောင်းကြသူတွေနဲ့ ပြည့်နှက်နေပါတယ်။
မြန်မာနိုင်ငံတဝန်း တိုက်ပွဲတွေကြောင့် နယ်စပ် ကုန်သွယ်ရေးမှာ အဟန့်အတား ဖြစ်ပြီး ကုန်သွယ်မှု ပမာဏလည်း ကျဆင်းသွားပါတယ်။ ကုန်သွယ်ရေး လမ်းကြောင်းလည်း ပြောင်းသွားပြီး အခွန် အကောက်နဲ့ သယ်ယူပို့ဆောင်ရေး စာရိတ်စကလည်း ကြီးမြင့်သွားပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
UK လူထုရဲ့ သုံးပုံတပုံကျော် ထက်ဝက်နီးပါးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နွေရာသီအတွင်း သတ်မှတ်ထားတဲ့ ကိုဗစ် ကာကွယ်ဆေးတွေ ပြည့်မီအောင်မထိုးကြတာနဲ့ အဖြည့်ကာကွယ်ဆေး ထပ်ပြီးမထိုးကြတာကြောင့် ဆေးရုံတင်ရမှုနဲ့ သေဆုံးမှု ၇,၀၀၀ ကျော်ထိ ရှိခဲ့တယ်ဆိုတဲ့ အစီရင်ခံစာကိုတော့ Lancet ဆေးပညာ ဂျာနယ်မှာ ဖော်ပြပါတယ်။
ပြည်ပမှာ နေထိုင် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံခြားငွေနဲ့ ဝင်ငွေခွန် ပြန်ပြီး ပေးဆောင်နေကြရပါတယ်။ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတဲ့ အချိန်မှာ သတ်မှတ်ဝင်ငွေရဲ့ ၂ ရာခိုင်နှုန်း ပေးဆောင်ကြရကြောင်း ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတွေက ပြောကြပါတယ်။
ကိုယ်ပိုင်အစိုးရအုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကိုသိမ်းယူဖို့ တရုတ်က ကြိုးစားလာနိုင်တဲ့ကိစ္စဟာဆိုရင် ထိုင်ဝမ်ကျွန်းအတွက် ဆယ်စုနှစ်နဲ့ချီ တည်ရှိလာနေတဲ့ ခြိမ်းခြောက်မှုတရပ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲကို ဝင်ခဲ့ကြတဲ့ ကိုယ်စားလှယ်လောင်းတွေကြားမှာလည်း ဒီကိစ္စက ဆွေးနွေးစရာ အကြောင်းအရာတရပ်ပါ။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကနေ ဖွံ့ဖြိုးရေး အတွက် ဦးစားပေး လုပ်ဆောင်ဖို့ စစ်ကောင်စီ အကြီးအကဲက တိုက်တွန်းပါတယ်။ နိုင်ငံတွင်း ဆင်းရဲမွဲတေမှု မြင့်တက်လာပြီး ရာဇဝတ်မှုထူပြောလာချိန်မှာ စစ်ကောင်စီ ခေါင်းဆောင်က နိုင်ငံ့ စီးပွားရေး ပိုကောင်းအောင် လုပ်မယ်လို့ ကတိပြုထားတာပါ။
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ တိုးလာနေပြီး နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့လည်း ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက ကျောက်ဖြူစီမံကိန်းကို အပူတပြင်း အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းနေပါတယ်။ စီမံကိန်းအရေး ပွင့်လင်းမြင်သာမှုမရှိတာကို ထောက်ပြပြီး ဒေသခံတွေ အကျိုးစီးပွားနစ်နာမယ့် အရေးကိုလည်း စိုးရိမ်နေကြပါတယ်။
"အော်ဒါမရတဲ့ အခါကျတော့ သူတို့က လိုင်းတွေကို အော်ဒါအပြည့် မချပေးနိုင်ဘူး။ ဥပမာ ၁၄ လိုင်း အပြည့်ရှိတယ်ဆိုရင် ၁၄ လိုင်းလုံးမှာ အော်ဒါအပြည့် မချနိုင်ဘူး။ တအော်ဒါလောက်ကို မျှချုပ်ရတာမျိုးရှိတယ်။ အဲလိုကျတော့ အော်ဒါနည်းတဲ့အတွက် အိုတီ (OT-Overtime) မခေါ်ဘူးပေါ့။" (လှိုင်သာယာစက်ရုံအလုပ်သမား)
"အများပြည်သူလှူတဲ့ ငွေနဲ့ပေါ့။ ပရဟိတအသင်းတွေ စုပြီး စစ်ရှောင်စခန်းတွေမှာ လုပ်ပေးရတာပေါ့။ ကိုယ်ပိုင်ဆေးရုံက ဆရာဝန်တွေလည်း စစ်ရှောင်စခန်းတွေကို လိုက်ပြီးတော့ သူတို့ကိုယ်ပိုင်ဆေးရုံက အထူးကုဆရာဝန်တွေနဲ့ သူနာပြုတွေလည်း အကုန်လုံး ကူညီပါတယ်ဗျ။ ဆေးဝါးကတော့ မကူညီနိုင်ဘူးပေါ့။ သူတို့ကတော့ လုပ်အားကူညီတာပေါ့။"
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကနေ ထွက်ပြေးကြရပြီးနောက် ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ အသက်အန္တရာယ် များလှတဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး နယ်မြေသစ်မှာ အခြေချနိုင်ဖို့ ကြိုစားကြပေမဲ့ အင်ဒိုနီးရှားမှာ ဆန့်ကျင်မှုတွေနဲ့ ကြုံလာရတာကြောင့် သူတို့ အနာဂတ်က မရေမရာ ထပ်ပြီး ဖြစ်လာရပါတယ်
အမေရိကန် ပြည်ထောင်စုမှာ လွတ်လပ်စွာပြောဆိုဝေဖန်ခွင့်ကိုအာမခံတဲ့ First Amendment ခေါ် အခြေခံဥပဒေပြင်ဆင်ချက် အမှတ်(၁) ခိုင်ခိုင်မာမာ ရှိပေမဲ့လို့လည်း အခု ၂၀၂၃ ခုနှစ်အတွင်း ဒီအခြေခံအပေါ် အကဲစမ်းချက်တွေ ကြုံခဲ့ရပါတယ်။
ကရင်နီဒေသ ‘တစ်လေးလုံး’ စစ်ဆင်ရေး ရက် ၄၀ ကျော်လာပြီး ကရင်နီဒေသခံတပ်ပေါင်းစုတွေဟာ လွိုင်ကော်မြို့ကို ဝန်းရံပိတ်ဆို့ထားဆဲဖြစ်ပပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားသေဆုံးမှု အယောက် ၈၀ နီးပါးရှိပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
၂၀၂၄ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အတွက် အရှိန်မြှင့် ဆောင်ရွက်လာတဲ့ အမေရိကန် သမ္မတ Joe Biden က ရီပတ်ပလီကန်တို့ရဲ့ MAGA အစီအစဉ်နဲ့ နှိုင်းယှဉ်ပြီး သူ့ရဲ့ စီးပွားရေး မျှော်မှန်းချက် Bidenomics အစီအစဉ်ကို ကော်လိုရာဒို ပြည်နယ်မှာ နိုဝင်ဘာလ အတွင်း အမွှမ်းတင် ပြောဆိုခဲ့ပါတယ်။
ထိုင်း၊ ကမေ ္ဘာဒီးယားနဲ့ ဗီယက်နမ် နိုင်ငံတို့မှာ လေဆိပ် တိုးချဲ့တဲ့ စီမံကိန်းတွေ စတင်နေသလို လာမယ့် နှစ်ကစလို့ လေကြောင်းလိုင်းသစ်တခုလည်း ပျံသန်းဖို့ ရှိနေပါတယ်။ အရှေ့တောင် အာရှ ဒေသတွင်း လေကြောင်းလုပ်ငန်းတွေ တိုးတက်လာရေး မျှော်လင့်နေကြတဲ့အကြောင်း စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
၂၈ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ညီလာခံ အမေရိကန် သံတမန်တွေ တက်ရောက်ကြပြီး သန့်စင်စွမ်းအင်ကို အသွင်ပြောင်းရေးမှာ အရေးပါတဲ့ ဓာတ်သတ္တု ပို့ကုန်တွေ ရရှိရေး စိတ်ဝင်စား နေကြပါတယ်။ အင်ဒိုနီးရှား နိုင်ငံကတော့ မိတ်ဖက်သစ် ဖြစ်လာနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။မသိင်္ဂီထိုက် တင်ဆက်ထားပါတယ်။
သကြားဈေးနှုန်း မြင့်တက်လာနေတာနဲ့ အတူ ပြည်တွင်း လယ်သမားတွေလည်း ကြံ စိုက်ပျိုးရေးဘက်ကို ပြောင်းလဲ လုပ်ကိုင်လာကြပါတယ်။ ပြည်တွင်း ပြည်ပ သကြား ဈေးကွက် အလားအလာကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
"ကုန်ထုတ်လုပ်ငန်းမှာက မြန်မာက နာမည်ရတာက အတိုင်းအတာတခု ရှိတာပေါ့။ အိုတီလည်းရှိတော့ ကြိုးကြိုးစားစား လုပ်ကြတယ်။ မြန်မာကလုပ်သားက ကြိုးစားလုပ်လေ ကိုရီးယား အလုပ်ရှင်တွေက ပိုသဘောကျတာပေါ့။ အဲလိုသဘောကျပြီး တိုးခေါ်ပေးတာပေါ့။"(ဦးမင်းမောင်-EPS ဘာသာစကား မွမ်းမံသင်တန်းကျောင်း)
နောက်ထပ်ကြည့်ရှုရန်