ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခုမှာ စနေနေ့က အပြန်အလှန် ပစ်ခတ်မှုအတွင်း ရိုဟင်ဂျာ ဒုက္ခသည်နှစ်ဦး သေဆုံးကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။
ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်း ဒေသကို စစ်တပ်က နယ်မြေ ရှင်းလင်းပြီး ထိန်းချုပ်လိုက်ရတဲ့ အကြောင်းရင်းက သယံဇာတတွေကို ထိန်းချုပ်ရေးနဲ့ တရုတ်ရဲ့ ပိုးလမ်းမကြီး စီမံကိန်း လုံခြုံရေး အတွက် အဓိက ဖြစ်တယ်လို့ အစီရင်ခံစာသစ် တခုက ပြောဆိုလိုက်ပါတယ်။
မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာ့ တပ်မတော်ကြား ရှမ်းပြည် မြောက်ပိုင်း တိုက်ပွဲတွေကြောင့် လားရှိုး တခုတည်းမှာတင် စစ်ရှောင် ဒုက္ခသည် ၂၀၀၀ လောက် ရှိနေပါတယ်။
ဒီလို လူထုနဲ့ တွင်တွင်ကျယ်ကျယ် ပတ်သက်နေတဲ့ ရွှေထည် အရောင်းအဝယ် ဈေးကွက်မှာ အရည်အသွေး အချိန်အတွယ်ပိုင်း စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်တွေ လစ်ဟင်းနေတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမျိုးတွေ ရှိလာနေပြီလို့ မန္တလေး အခြေစိုက် ရွှေဆိုင် လုပ်ငန်းရှင် ကိုကျော်နိုင်ဝင်းက ပြောပါတယ်။
အမေရိကန် သမ္မတ Donald Trump က သူသာ ရှေ့နှစ်ရွေးကောက်ပွဲမှာ မနိုင်တော့ဘူးဆိုရင် အမေရိကန် စီးပွားရေး ပြိုလဲသွားနိုင်တယ်လို့ New Hampshire ပြည်နယ်က လူထုတွေ့ဆုံတဲ့ ပြီးခဲ့တဲ့အပတ်က မဲဆွယ်ပွဲမှာ သတိပေးလိုက်ပါတယ်။ ဗွီအိုအေ သတင်းထောက် Jim Malone ရဲ့ သတင်းကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
ရှမ်းမြောက်တိုက်ပွဲတွေဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်စေတယ်လို့ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြောဆိုလိုက်ပါတယ်။ တရုတ်နဲ့ ကုန်သွယ်ရေး အဓိက ကျတဲ့ ပြည်ထောင်စု လမ်းမကြီး တလျှောက်မှာ ကြိုကြား တိုက်ခိုက်မှုတွေ ရက်ဆက် ရှိနေပြီး မူဆယ် နယ်စပ် ကုန်သွယ်ရေးလည်း ရပ်တန့်သွားပါတယ်။
အမေရိကန်ကို လာရောက်သူတွေ အနေနဲ့ အခမဲ့ ဆေးကုသခွင့်၊ ရိက္ခာနဲ့ အိုးအိမ်လို လူမှု ဖူလုံရေး အကူအညီ အထောက်အပံ့တွေကို ရယူထားကြမယ်ဆိုရင်တော့ ဒီလူတွေကို နိုင်ငံတွင်းမှာ အမြဲတမ်း နေထိုင်ခွင့် ဒါမှမဟုတ်လည်း နိုင်ငံသား ဖြစ်ခွင့် ကနေ တားမြစ်နိုင်ခွင့်ရှိမယ့် မူဝါဒသစ် တခုကို Trump အစိုးရက ကြေညာလိုက်ပါတယ်။
ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်က တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံနဲ့ ကျောက်မီးသွေးတွင်းကို မြန်မာ အစိုးရဘက်က ချက်ချင်း ရပ်ဆိုင်းပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေက ဒီလထဲ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ညီလာခံမှာ တောင်းဆိုခဲ့ကြပါတယ်။
ကချင်ပြည်နယ်တွင်းမှာ တရုတ်ဘက်ကဘဲ ရင်းနှီးမြှုပ်နှံ ရဲတဲ့ အနေအထားလို့ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။
အမေရိကန်ကို တင်သွင်းတဲ့ တရုတ် သွင်းကုန်တွေထဲက ဒေါ်လာ ၃၀၀ ဘီလျံတန်ဖိုးရှိ ကုန်ပစ္စည်းတွေ အပေါ်မှာ စက်တင်ဘာ ၁ က စလို့ သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်း အသစ်ထပ်မံ စည်းကြပ်ဖို့ သမ္မတ Trump ဘက်က ခြိမ်းခြောက်ခဲ့ပြီး နောက်မှာတော့ တရုတ် ယွမ်ငွေ ဈေးနှုန်းဟာ ၁၁ နှစ်တာ ကာလအတွင်း အနိမ့်ဆုံး ဈေးနှုန်းထိ ကျဆင်းခဲ့ပါတယ်။
အာရှ ဒေသမှာ အမေရိကန်ရဲ့ တာလတ်ပစ် ဒုံးကျည်တွေ တပ်ဆင်ချထားဖို့ လိုလားကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ရုရှားနဲ့ လက်မှတ်ထိုးထားတဲ့ တာလတ်ပစ် နျူးကလီးယား လက်နက်ဆိုင်ရာ စာချုပ်က နုတ်ထွက်ပြီးနောက် အမေရိကန် အနေနဲ့ တာလတ်ပစ် ဒုံးကျည်တွေ ထုတ်လုပ်နိုင်ပြီလည်း ဖြစ်ပါတယ်။
ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး အတွက် ဒုက္ခသည်တွေနဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့ကြား ဆွေးနွေးမှုတွေမှာ အပြုသဘောဆောင်တယ်လို့ ဘင်္ဂလားဒေရှ့် အစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားပြီး ဆွေးနွေးပွဲတွေ ထပ်လုပ်ဖို့လည်း ရှိနေတာပါ။
တရုတ်နိုင်ငံ Xinjiang ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ က လူတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို တရုတ်အစိုးရက ခေတ်မီ နည်းပညာတွေနဲ့ စောင့်ကြည့်နေတယ်လို့ ထောင်ချခံထားရတဲ့ ဝီဂါ စီးပွားရေး ပညာရှင် Ilham Tohti ရဲ့ သမီးဖြစ်သူ Jewher Ilham က ပြောဆိုပါတယ်။ Nike Ching ရဲ့ သတင်းလွှာကို မသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဒီသီတင်းပတ်ထဲ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း ASEAN ဝန်ကြီးများ အဆင့် အစည်းအဝေးကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo တက်ရောက်တဲ့ အခါမှာ မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲ ကျင်းပမလားဆိုတဲ့ အပေါ် အများက အာရုံစိုက်နေကြပါတယ်။
အမေရိကန် ပြည်ထောင်စု တဝန်းက ပြတိုက်တွေကို လူတိုင်းအတွက် ဖြစ်စေဖို့ ကြိုးပမ်းနေကြပါတယ်။ ဒီထဲမှာ ဓာတ်ပုံတွေ၊ ပန်းချီတွေကို မမြင်နိုင်သူတွေ အတွက် ကိုင်ကြည့်ပြီး ဘာပုံလည်း ဆိုတာ သိအောင်လုပ်ပေးနိုင်တဲ့ ပုံစံတွေလည်း ပါဝင်ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးဟောင်း Boris Johnson က ဗြိတိန် ဝန်ကြီးချုပ်သစ် အဖြစ် ရွေးကောက်ခံရပါတယ်။ ရခိုင်ကို သွားရောက်ခဲ့သူ မစ္စတာ Johnson အနေနဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာချိန်မှာတော့ Brexitက အရေးကြီးနေတာကြောင့် မြန်မာ အပေါ် ဗြိတိန်ရဲ့ မူဝါဒ အပြောင်းအလဲ သိပ်မရှိနိုင်ဘူးလို့လည်း သုံးသပ်ပါတယ်။
"ဌာနေပြန်ရေး လုပ်ငန်းစဉ်က ရှည်ကြာပြီး ခက်ခဲနိုင်တာကြောင့် ရိုဟင်ဂျာတွေကို ပြန်ခေါ်ပါမယ်ဆိုပြီး ပေးထားတဲ့ ကတိအတိုင်း မြန်မာအာဏာပိုင်တွေဘက်က ဆောင်ရွက်လာနိုင်ရေး အတွက် အထူးသဖြင့် မြန်မာရဲ့ အိမ်နီးချင်း အာဆီယံ နိုင်ငံတွေကို တိုက်တွန်းလိုပါတယ်။”
ကမ္ဘာတဝန်း HIV/AIDS ရောဂါ တိုက်ဖျက်ရေးမှာ တိုးတက်မှု လျော့လာတယ်လို့ မက္ကဆီကိုမှာ ကျင်းပတဲ့ နိုင်ငံတကာ AIDS ညီလာခံ အကြိုနေ့က ထုတ်တဲ့ အစီရင်ခံစာမှာတော့ ဖော်ပြထားပါတယ်။
ဟောင်ကောင်က ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေက ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ အခိုင်အမာ ပြောဆိုထားတာနဲ့ အတူ ဟောင်ကောင်က ခရစ်ယာန် ဘုရားကျောင်း အများအပြားကလည်း ဘာသာရေး အပေါ် နှိပ်ကွပ်လာမှာကို စိုးရိမ်နေကြပါတယ်။ Bill Gallo ရဲ့ သတင်းလွှာကို မသိဂီ ၤထိုက် ပြောပြပေးမှာပါ။
လက်ကျန် အစားအသောက်တွေက ညစာ အတွက်ပါ။ ဂျာမနီမှာတော့ ဒီလို အပြောမျိုးက အိမ်မှာ အလျှံပယ် ချက်ပြုတ်ကြသူတွေ အတွက်တော့ အကြုံးမဝင်ပါဘူး။
နောက်ထပ်ကြည့်ရှုရန်