အမေရိကန်ပြည်ထောင်စုတဝှမ်း ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေ နောက်ဆုံး အခြေအနေနဲ့ သုံးသပ်ချက် VOA မြန်မာပိုင်း အစီအစဉ် အယ်ဒီတာ ဦးကျော်ဇံသာကို မသိင်္ဂ ီထိုက် Skype ကတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။
လက်ထိပ်တန်းလန်းနဲ့ အဖမ်းခံရသူ လူမည်းအမျိုးသား George Floyd အသက်ရှုမရတော့ဘူးလို့ တောင်းပန်ရင်းနဲ့ လည်ပင်းကို ဒူးနဲ့ထောက်ခံထားရာကနေ သေဆုံးသွားရတဲ့ဖြစ်ရပ်ကြောင့် အမေရိကန်တလွှား ဆန္ဒပြပွဲတွေဖြစ်ပေါ်နေတာပါ။
ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှု အများဆုံး အဆင့် ၁၀ မှာ ရှိနေတဲ့ အိန္ဒိယ နိုင်ငံမှာ အပူလှိုင်း ရိုက်ခတ်မှုဒဏ်နဲ့လည်း ထပ်ပြီး ရင်ဆိုင်နေရတဲ့ အကြောင်း AFP သတင်းဆောင်းပါးကို ပြောပြပါမယ်။ ကျမ သိင်္ဂ ီထိုက်ပါ။
COVID-19 ကြောင့် လေ့လွင့်ရမယ့် စိုက်ပျိုးရေးထွက်ကုန်တွေကို မြန်မာ ပြည်တွင်းဈေးကွက်မှာ ဖြန့်နိုင်ဖို့ ကြိုးစားလာတဲ့အကြောင်း မသီင်္ဂ ီထိုက် ပြောပြပါလိမ့်မယ်။
COVID 19 ကာလ မြန်မာ အစိုးရက အရန်ဆန် တန်ချိန် ၅ သောင်းထိ ဝယ်ယူနေတာမှာ ဆန်လုပ်ငန်းရှင်တွေက ဈေးကွက်ပေါက်ဈေးအောက် လျှော့ပြီး ရောင်းချပေးရပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံ ကောဇ့်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာ ပြီးခဲ့တဲ့သီတင်းပတ်က နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတဲ့ ဒုက္ခသည် မိသားစုတွေ ပြန်လည် ထူထောင်ရေး လုပ်နေရပါတယ်။ ဒုက္ခသည် စခန်းတွင်း မီးလောင်ခဲ့မှုမှာ အဖြစ်ဆောက်လုပ်ထားတဲ့ နေအိမ်တွေနဲ့ ဈေးဆိုင်ပေါင်း ၆၀၀ ကျော် ဆုံးရှုံးခဲ့ရတာပါ။
မြန်မာ့ကျေက်မျက် လက်ဝတ်ရတနာ ဒီဇိုင်းပညာနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအကြောင်း မန္တလေး ကျောက်မျက်လုပ်ငန်းရှင်များအသင်း တွဲဘက်အတွင်းရေးမှူး ဒေါ်စုမွန်တိုးကို VOA မြန်မာပိုင်းအစီအစဉ်က မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။
COVID-19 ကူးစက် ပျံ့နှံ့မှုကြောင့် ချမှတ်ထားရတဲ့ ကန့်သတ်ချက်တွေကို ထိုင်းနိုင်ငံမှာ ပြန်လည် ရုပ်သိမ်းပေးခဲ့ပြီးနောက် ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးနိုင်ရေး အတွက် အငှားယာဉ်တွေ အတွင်းမှာ အကာအရံတွေကို ထိုင်းလေတပ်က စံနမူနာ အဖြစ် တပ်ဆင်ပေးနေတဲ့ အကြောင်း AFP သတင်းဆောင်းပါးကို တင်ပြပေးပါမယ်။
အရည်အသွေး အကောင်းဆုံး ကျောက်စိမ်း၊ ကျောက်မျက်တွေ အတွက် အရိုင်းဈေးကွက်သာ ဖြစ်ထွန်းတဲ့ မြန်မာ့ ကျောက်မျက် ကျောက်စိမ်း ဈေးကွက်ကို တစိတ်တပိုင်း အချောထည်၊ ဒါမှမဟုတ်လည်း အချောထည် လိုင်းဘက်ကို ပြောင်းလဲနိုင်မယ့် အလားအလာ အကြောင်း ဒီသီတင်းပတ်မှာ ဆွေးနွေးထားပါတယ်။
COVID-19 ကြောင့် လုပ်ငန်းတွေ ပိတ်ထားခဲ့ပြီးနောက် စနေနေ့ကစလို့ စီးပွားရေး လုပ်ငန်းတချို့ ပြန်စလာတဲ့ မန္တလေးမြို့မှာ အဓိက စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ကျောက်စိမ်း ကျောက်မျက်ဈေးကွက် ပြန်စဖို့ ပြင်ဆင်နေဆဲ အခြေအနေရှိတယ်လို့ ကျောက်မျက်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ဥရောပ သမဂ္ဂရဲ့ ငွေကြေးခဝါချ နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်သွားတဲ့ အတွက် မြန်မာ့ စီးပွားရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အပေါ် ရိုက်ခတ်သက်ရောက်လာနိုင်ခြေတွေကို ဟန်ဂေရီရဲ့ မြန်မာဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်လည်းဖြစ်၊ တင့်တင့် မြန်မာ လုပ်ငန်းစု အကြီးအကဲ ဒေါ်တင့်တင့်လွင်နဲ့ ဆွေးနွေးထားပါတယ်။
အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံး ဖြစ်နေတဲ့ နယူးယောက်မှာ အစားအသောက် အမှာများတာကြောင့် အိမ်တိုင်ယာရောက်ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုတွေ နှောင့်နှေးလာတာနဲ့ အတူဘဲ လိုတဲ့ ပစ္စည်း မရမှာကို စိုးရိမ်လာကြတဲ့ နယူးယောက် မြို့ခံတွေကြား တချို့က ကိုယ်တိုင် စိုက်ပျိုးလာကြတာပါ။
ဂျာမနီ အနေနဲ့တော့ GIZ ကို ဆက်လက်ပြီးတော့ အခု အသစ်ပေါ့။ အဟောင်းတွေကိုတော့ ပြီးဆုံးအောင် သူတု့ိ ဆက်သွားမယ်။ ဒါပေမယ့် GIZ ကနေ စီမံကိန်း အသစ်တွေ လုံး၀ ချပေးတော့မှာ မဟုတ်တော့ဘဲနဲ့ ဥရောပ သမဂ္ဂ ကဘဲ ဒါတွေကို စိစစ်ပြီးတော့မှ ဆက်ချပေးချင်လည်း ချပေးမယ်။ ရပ်ဆိုင်းထားချင်လည်း ရပ်ဆိုင်းထားမယ်ပေါ့နော်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က အကြီးဆုံး ဆင်းရဲသား ရပ်ကွက်မှာ နေထိုင်ကြသူတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိမရှိ အစိုးရက အခမဲ့ စမ်းသပ်ပေးပြီး ကူးစက်ခံရသူတွေကို သီးခြားခွဲထားဖို့ ဆောင်ရွက်နေတဲ့ အကြောင်း AFP သတင်းဆောင်းပါးကို ပြောပြပေးပါမယ်။ ကျမ သိင်္ဂ ီထိုက်ပါ။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့အတွက် ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့က ပေးပို့တဲ့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးတဲ့ Test Kits တွေထဲက ပထမအသုတ်အနေနဲ့ Test Kit စမ်းသပ်ပစ္စည်း အစုံပေါင်း ၁၀,၀၀၀ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို ဆိုက်ရောက်လာပါတယ်။
COVID -19 ကပ်ဘေး ကာလ အတွင်း ကုန်စည် စီးဆင်းမှု၊ အရောင်းအဝယ် အားလုံး တန့်သွားတာကြောင့် မြန်မာနိုင်ငံတွင်းက လုပ်ငန်းတွေ ပြန်စချိန်မှာ ပုံမှန် ငွေကြေး လည်ပတ်နိုင်အောင် အရင်ဆုံး ကြိုးစားဖို့ လုပ်ငန်းရှင်တွေ ပြင်ဆင်နေကြတာပါ။
ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင် ဒါရိုက်တာ အဖွဲ့ဝင် အဖြစ် ပါဝင်တယ်လို့ အစိုးရရဲ့ ကုမ္ပဏီ မှတ်ပုံတင် စာရင်းမှာ ဖော်ပြထားတဲ့ Inle Princess - အင်းလေး မင်းသမီး လီမိတက် က ကျပ်သိန်း ၁၀၀၀ အထက် ငွေချေးခွင့် ရမယ်လို့လည်း အစိုးရက ထုတ်ပြန်ခဲ့ပြီးနောက်မှာ ...
COVID 19 လူနာတွေကို ကုသနေရတဲ့ အမေရိကန်က ဆရာဝန်တွေကို ဆေးကျောင်းသားတွေ ကူညီမယ့် အကြောင်း ပြောပြပေးပါမယ်။ ဆရာဝန်တွေ အလွန်အမင်း လိုအပ်နေတဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ ကူညီ ထောက်ပံ့ပေးနိုင်ဖို့ အတွက် Georgetown တက္ကသိုလ်ရဲ့ ဆေး ကျောင်းသားတွေက Med Supply Drive ဆိုတဲ့ အကူအညီပေးရေး အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။
မိုးရာသီတွင်း ကျောက်စိမ်း လုပ်ကွက်တွေ နားရတော့မယ့် အချိန်မို့ နေ့ရော ညပါ အားသွန်ခွန်စိုက် ထုတ်လုပ်နေကြပါတယ်။ ဖားကန့်မှာ ကျောက်စိမ်းထုတ်လုပ်မှု လျော့သွားသလား၊ ကျောက်စိမ်း လုပ်ကွက်တွေရော ကျန်ပါသေးရဲ့လားဆိုတာကို ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးတင့်စိုးနဲ့ အဆွေးနွေးထားပါတယ်။
ထိုင်းနိုင်ငံ Lamphun မြို့ Pa Book ဘုန်းကြီးကျောင်းက ဘုန်းတော်ကြီးတွေ နေ့စဉ်နေ့တိုင်း မြေကမ္ဘာနေ့ကို ဘယ်လိုပုံစံ လိုက်နာ ဆင်နွှဲကြပါသလဲ။ စွန့်ပစ်ပစ္စည်း လျှော့ချတဲ့နည်းနဲ့ မနက်တိုင်း ဆွမ်းခံကြွကြတာဖြစ်ပြီး Pa Book ရွာကိုလည်း စွန့်ပစ်ပစ္စည်းမရှိတဲ့ စံပြရွာတခုအဖြစ် ဘုန်းတော်ကြီးတွေက ပြောင်းလဲလိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်