အမေရိကန် ပြည်ထောင်စုမှာ အလျင်အမြန် ကြီးထွားလာနေတဲ့ အာရှ နွယ်ဖွား အမေရိကန် စားသုံးသူတွေ အတွက် စိုက်ပျိုး ထုတ်လုပ် ရောင်းချမှုလည်း တွင်ကျယ်လာပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
နှစ်ဆန်းတရက်နေ့က လွတ်ငြိမ်းခွင့်ပေးပြီးမှ ဒေါက်တာခလမ်ဆမ်ဆွမ်ကိုငြိမ်းချမ်းရေးမှာကူညီဖို့ဆိုပြီး စစ်ကောင်စီက ပြန်လည်ခေါ်ယူထားတာ တလနီးပါးရှိနေပေမဲ့လို့ ဘယ်လိုအခန်းကနေပါဝင်မလဲဆိုတာက ခုအချိန်အထိ ရှင်းရှင်းလင်းမသိရဘူးလို့ ကချင်ဘာသာရေးအဖွဲ့တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပြည်တွင်း သတင်းဌာန အတော်များများ လိုင်စင် ပိတ်သိမ်းခံရသလို စီးပွားရေး လုပ်လို့ မရတဲ့အခြေအနေဖြစ်သွားပါတယ်။ ပြည်တွင်း သတင်းဌာန တချို့ ပိတ်သိမ်းကြသလို တချို့ ကတော့နိုင်ငံရေးအခင်းအကျင်းသစ်မှာလုပ်ငန်းရေရှည်ရပ်တည်ရေး အတွက် နည်းလမ်းသစ်ရှာ ဆောင်ရွက်နေကြရပါတယ်။
အာရက္ခတပ်တော် AA နဲ့ဖြစ်တဲ့တိုက်ပွဲတွေကနေ စစ်ကောင်စီတပ်သား ၈၀ ကျော်ဟာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်ထွ ကို လက်နက်ခဲယမ်းတွေနဲ့တကွ ထွက်ပြေးခိုလှုံလာကြတာကြောင့် လက်နက်တွေကို ကမ်းခြေစောင့်တပ်က သိမ်းယူပြီး နယ်ခြားစောင့်တပ်ကိုလွှဲပြောင်းပေးလိုက်ကြောင်ကြောင်း ဘင်္ဂလားသတင်းဌာနတွေမှာဖော်ပြထားပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်တွင်းမှာ ကုန်စည်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ပိတ်ဆို့နေတာကြောင့် ဒေသတွင်း ကုန်စည် ရှားပါး ဈေးကြီးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအခက်အခဲကို နယ်စပ်ကုန်သွယ်ရေးတွေ ကနေ တဆင့် တစိတ်တပိုင်း ဖြေရှင်းနိုင်ဖို့လည်း ပြည်နယ်တွင်းမှာ မျှော်လင့်နေကြပါတယ်။
Solomon Islands ဆော်လမွန်ကျွန်းစုနိုင်ငံမှာ ဧပြီလ ၁၇ ရက်နေ့က အထွေထွေ ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် တာဝန်ရှိသူတွေ မဲတွေကို ဆက်လက် ရေတွက်နေပါတယ်။ မဟာဗျူဟာကျ ပစိဖိတ်ကျွန်းနိုင်ငံအနေနဲ့ တရုတ်အစိုးရနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။
" စစ်ကောင်စီတွေရောက်လာတာနဲ့ ရွာသားတွေကြောက်ကြတယ်ပေါ့။ ကြောက်ရင်းနဲ့ ထွက်ပြေးလာတာ။ အဲ့ဒီမှာ ပစ်တာနဲ့ ၅ နာရီ ဝန်းကျင်းလောက်ပဲ။ တချို့လူက အိပ်ရာထတာနဲ့ ကမန်းကတန်း ပြေး၊ ကော့ဘိန်း၊ ကော့ပေါက်၊ မင်းရွာ၊ ကော့ပလိုင်၊ ကော့မိတ်၊ စစ်ပြေး ၁၀ ရွာလောက်ရှိတယ် အဲ့လိုမျိုးရှောင်နေတာ။" (စစ်ရှောင်ကူညီသူတဦး)
မြန်မာနိုင်ငံမှာ လူလတ်တန်းစား ပမာဏ ထက်ဝက် လျော့ကျသွားပြီး လူဦးရေရဲ့ သုံးပုံ တပုံ ဆင်းရဲသွားတဲ့ အခြေအနေကို ကုစားနိုင်ဖို့ တနှစ်ကို ဒေါ်လာ သန်း ၄,၀၀၀ လောက် လိုအပ်မယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP က အစီရင်ခံ တင်ပြထားပါတယ်။
ထိုင်း နဲ့ မြန်မာကြား နယ်စပ် ကုန်သွယ်ရေး အချက်အချာ ဖြစ်တဲ့ မြဝတီမြို့မှာ တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေး ရပ်ဆိုင်းသွားပြီးနောက် ထိုင်း မြန်မာ နယ်စပ် ကုန်သွယ်ရေး အတွက် လမ်းကြောင်းသစ်တွေ ရှာဖွေ နေကြပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ကြုံတွေ့နေရပြီး စိုက်ပျိုး ထွက်ကုန်တွေ လျော့ကျပေမဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှု GDP တိုးလာတယ်လို့ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှုထောင့်အရရော လူ့အခွင်အရေး ချိုးဖောက်မှု စိုးရိမ်ချက်တွေ အရပါ တရုတ် အခြေစိုက် အဝတ်အထည် လုပ်ငန်းကြီးတွေအရေး အနောက်နိုင်ငံတွေက အရေးယူ ဆောင်ရွက်နေကြပေမဲ့ တရုတ်ဘက်ကတော့ ဒီနှစ် ပထမ သုံးလတာအတွင်း အဝတ်အထည်၊ အိမ်သုံးပစ္စည်းတွေ တင်ပို့နိုင်မှု တိုးလာကြောင်း ပြောဆိုထားပါတယ်။
နီပေါနိုင်ငံမှာ တရုတ်ရဲ့ငွေကြေးမ,တည်တဲ့ နိုင်ငံတကာ လေဆိပ်ကို ဖွင့်လှစ်ခဲ့တာ တနှစ်ကျော် ရှိလာပြီဖြစ်ပေမဲ့ နိုင်ငံတကာလေယာဉ်ဆိုက်ရောက်မှု မရှိသေးပါဘူး။ Pokhara လေဆိပ်အတွက် ကျသင့်ငွေကို မကြာခင်မှာပြန်ပြီး ချေးငွေဆပ်ရတော့မယ့်အချိန်မှာ အကြွေးထောင်ခြောက်ထဲပိတ်မိမယ့်အရေး နီပေါ လူထုအတွင်း စိုးရိမ်နေကြပါတယ်။
မွန်-ကရင်နယ်စပ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၂၅ ရက်၊ တနင်္လာနေ့က သိမ်းယူခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့နဲ့ မိသားစုဝင်တွေ အလံဖြူထောင်ပြီး အယောက် ၂၀ လက်နက်ချခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို သဘာဝအခြေခံနည်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် Superworm အင်းဆက်တွေရဲ့ အစောချေဖျက်မှုစနစ်ကို အများအပြားထုတ်လုပ်တာက အဖြေတခု ဖြစ်နိုင်တယ်လို့ စင်ကာပူသိပ္ပံပညာရှင်တွေက ယူဆနေကြပါတယ်။ ဒီအင်းဆက်တွေရဲ့ ပလတ်စတစ် စားသုံးမှုကို သူတို့ လေ့လာနေတဲ့အကြောင်း မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
အရှေ့တောင်အာရှရဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို သဘာဝအခြေခံနည်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် Superworm အင်းဆက်တွေရဲ့ အစောချေဖျက်မှုစနစ်ကို အများအပြားထုတ်လုပ်တာက အဖြေတခု ဖြစ်နိုင်တယ်လို့ စင်ကာပူ သိပ္ပံပညာရှင်တွေက ယူဆနေကြပါတယ်။ ဒီ အင်းဆက်တွေရဲ့ ပလတ်စတစ် စားသုံးမှုကို သူတို့က လေ့လာနေကြပါတယ်။
အမျိုးသမီးတွေဟာ အမျိုးသားတွေဝင်ငွေရဲ့ ထက်ဝက်ကျော်လောက်ဘဲ ရရှိနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က နိုင်ငံတကာ အမျိုးသမီးများနေ့မှာပြောပါတယ်။ မြန်မာအမျိုးသမီးလုပ်သားထု အတွင်းမှာလည်း အမျိုးသားတွေနဲ့ ယှဉ်ရင် လုပ်ခလစာ၊ အလုပ်အကိုင် အခွင့်အလမ်း အကန့်အသတ် ရှိတယ်လို့ အလုပ်သမားရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
"တာလီဘန်တွေတက်လာတော့ ကျမ ပညာဆက်သင်ခွင့် မရတော့ပါဘူး။ သတင်းသမားလည်း လုပ်လို့မရတော့ပါဘူး။ ကျမက ရှေ့နေတဦး ဖြစ်ချင်ခဲ့တာပါ။ တာလီဘန်တွေ အာဏာပြန်ရသွားတော့ ကျမ ကျောင်းပြီးအောင် ဆက်တက်လို့ မရတော့ပါဘူး။" (Nadia Momand -သတင်းတင်ဆက်သူ/ဥပဒေကျောင်းသူ)
အမေရိကန် သမ္မတ Joe Biden ရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ နိုင်ငံ စီးပွားရေး ခိုင်မာအားကောင်းလာတဲ့ အချက်ကို အလေးထား ပြောဆိုခဲ့ပြီး စီးပွားရေး လုပ်ငန်းကြီးတွေကို အခွန်တိုးဖို့လည်း တိုက်တွန်းသွားပါတယ်။
ဘရာဇီးနိုင်ငံ Amazonas ပြည်နယ်ရဲ့ မြို့တော် Manaus က ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက မြစ်ကမ်းဘေးတလျှောက် လူမှု အသိုင်းအဝိုင်းတွေ အတွင်းက ကလေးတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစောပိုင်းကတည်းက သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးနေပါတယ်။ AP သတင်းဆောင်းပါးကို မသိင်္ဂီထိုက် တင်ပြထားပါတယ်။
မြန်မာလူထု အပေါ် စစ်တပ်ရဲ့ ကြမ်းကြုတ် ရက်စက်မှုတွေကို ကာကွယ်နိုင်ရေး အတွက် မြန်မာ စစ်တပ်ကို လက်နက်၊ လေယာဉ်သုံး လောင်စာဆီနဲ့ နိုင်ငံခြား ငွေကြေးတွေ မရရှိနိုင်အောင် ပစ်မှတ်ထား အရေးယူ ဆောင်ရွက်ကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်