အာဏာသိမ်း တပ်မတော် အုပ်ချုပ်ရေး ကောင်စီကို နိုင်ငံ ဘဏ္ဍာငွေတွေ မသုံးနိုင်ရေး အတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ကြိုးစားနေပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံ အလယ်ပိုင်း Bamiyan တောင်ကြား ဒေသက ရာစုနှစ် သက်တမ်းရှိ ကမ္ဘာကျော် ဗုဒ္ဓရုပ်ပွားတော်ကြီး ၂ ဆူ တာလီဘန် လက်ချက်နဲ့ ဖျက်စီးခံခဲ့ရတဲ့ နှစ် ၂၀ ပြည့် အထိမ်းအမှတ် အဖြစ်နဲ့ ဗုဒ္ဓ ညချမ်းကို ဒေသခံတွေ ကျင်းပခဲ့ကြပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပါမယ်။
မွေးရပ်မြေ မြစ်ကြီးနား အပါအဝင် နိုင်ငံတဝန်း စစ်အာဏာသိမ်း ဆန္ဒပြပွဲတွေမှာ အကြမ်းဖက် ဖြိုခွဲခံရမှုတွေကြောင့် သေဆုံး ဒဏ်ရာရမှု အပေါ် အထူး စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ ပြည်သူတွေနဲ့ တသားတည်း ရှိနေကြောင်း မြန်မာ့ စပါးအုံး အောင်လ အန် ဆန်က ဗွီအိုအေကို ပြောပါတယ်။ မသိင်္ဂ ီထိုက် မေးမြန်းထားပါတယ်။
မကွေးတိုင်း ထီလင်းမြို့မှာ တနင်္ဂနွေနေ့ ညပိုင်း ၁၀ နာရီ ဝန်းကျင်အတွင်း ရဲစခန်းရှေ့ ဆန္ဒပြ တောင်းဆိုတဲ့ လူအုပ်ကို ရဲက ပစ်ခတ် လူစုခွဲတာကြောင့် အသက် ၂၃ နှစ် အရွယ် ကိုအောင်မြတ်လင်း သေနတ်ကျည် ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တလတာ အတွင်း နိုင်ငံတွင်း မတည်ငြိမ်မှုကြောင့် ပြည်တွင်း ပြည်ပ စီးပွားဆက်ဆံမှု၊ ငွေကြေး စီးဆင်းမှုတွေမှာပါ သက်ရောက် ထိခိုက်မှု ရှိနေတာပါ။
အာဏာသိမ်းပြီးနောက် တပ်မတော်က ဖွဲ့ထားတဲ့ အုပ်ချုပ်ရေး ကောင်စီကို ဝင်ငွေ ရလမ်းတွေ ပိတ်ပင်နိုင်ရေး ပြည်ထောင်စု လွှတ်တေ် ကိုယ်စားပြု ကော်မတီ CRPH ကကြိုးပမ်းနေပါတယ်။ CRPH က ခန့်အပ်ထားတဲ့ စီးပွားရေးဆိုင်ရာ ယာယီ ဝန်ကြီး ဦးတင်ထွန်းနိုင်ကို Skype ကနေ တဆင့် မသိင်္ဂ ီထိုက ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်ဘက်က ပိုပြီးအကြမ်းဖက် ဖြိုခွဲလာတာကြောင့် ဗုဒ္ဓဟူးနေ့မှာ ဆန္ဒပြသူ ၄၀ နီးပါး သေဆုံးခဲ့ရပြီး ဒီလုပ်ရပ်ဟာ တုန်လှုပ်ခြောက်ခြားဖွယ်၊ စက်ဆုပ်ဖွယ် ကောင်းတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးထားပါတယ်။
မြန်မာ့တပ်မတော်က နိုင်ငံရေး ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထင်ရှားကျော်ကြားသူတွေကိုပါ ညသန်းခေါင်းကျော်မှာ စစ်သားတွေကဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးထားသူတွေကို မိသားစုနဲ့ တွေ့ခွင့်မရသလို ဘာ စွဲချက်တွေ တင်ထားလည်းဆိုတာ မသိရပါဘူး။ မသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။
စစ်အာဏာသိမ်းမှု အရေး လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေကို တင်ပြမယ့်အကြောင်း CRPH ရဲ့ နိုင်ငံတကာ ဆက်ဆံရေး ကိုယ်စားလှယ် ဦးထင်လင်းအောင် ကပြောပါတယ်။ (Unicode) စဈအာဏာသိမျးမှု အရေး လုံခွုံရေး ကောငျစီ အဖှဲ့ဝငျတှကေို တငျပွမယ့ျအကွောငျး CRPH ရဲ့ နိုငျငံတကာ ဆကျဆံရေး ကိုယျစားလှယျ ကပွောပါတယျ။
စစ်ကောင်စီကို အရှိုက်ကို ထိုးလိုက်တာဘဲဗျ။ သူတို့ ဘာမှ လုပ်လို့ မရတော့တဲ့ အနေအထားမှာ ဖြစ်သွားပြီ အခု နိုင်ငံတကာ သံတမန် ရေးရာမှာ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကို စစ်ကောင်စီက အစားထိုးဖို့ ဆိုပြီးတော့ အခြားလူ တယောက်ကို ခန့်အပ်မယ်။ ခန့်အပ်မယ် ဆိုလို့ ရှိရင်လည်း ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူးဗျ။
ရွေးကောက်ပွဲက ဖော်ပြခဲ့တဲ့ မြန်မာ လူထုရဲ့ ဆန္ဒကို လေးစားဖို့နဲ့ ဖိနှိပ်နေတာတွေကို ရပ်ရမယ်ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားပါးနိုင်အောင် နိုင်ငံတကာ အသိုင်းအဝိုင်းက တညီတညွတ်တည်း ပါဝင်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး လုပ်ငန်း အတော်များများ ပိတ်သိမ်းထားရသလို ပုံမှန် အတိုင်း ပြန်လည်ပတ်နိုင်ရေးကလည်း မရေမရာ ဖြစ်နေပါတယ်။ (Unicode) အာဏာသိမျးပွီးနောကျပိုငျး စီးပှားရေး လုပျငနျး အတောျမြားမြား ပိတျသိမျးထားရသလို ပုံမှနျ အတိုငျး ပွနျလညျပတျနိုငျရေးကလညျး မရမေရာ ဖွဈနပေါတယျ။
မြန်မာ့စစ်တပ် အာဏာစွန့်ရေးအတွက် စီးပွားရေးအရဖိအားပေးဆောင်ရွက်မှုကလည်း အရေးကြီးတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ပြောပါတယ်။ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဒဏ်ခတ်မှုက အရေးကြီးတဲ့ အကြောင်း ဗွီအိုအေနဲ့ သီးသန့် မေးမြန်းခန်းမှာ ထောက်ပြပါတယ်။ မသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။
စီးပွားရေး သမားတွေကြားမှာလည်း အီလက်ထရောနစ် ဘဏ် စနစ်နဲ့ ငွေအလွှဲအပြောင်းကို မယုံကြည်သူတွေ ရှိလာ သလို ရွှေနဲ့ ဒေါ်လာ အဝယ်လိုက်နေတယ်လို့ စီးပွားရေး အဝန်းအဝိုင်းက ပြောပါတယ်။
စစ်အာဏာသိမ်းပြီး ၆ ရက်မြောက်နေ့မှာ ဖမ်းဆီးခံခဲ့ရတဲ့ သြစတေးလျ နိုင်ငံသား စီးပွားရေး ပညာရှင် Sean Turnell ကို ဘယ်မှာ ထိန်းသိမ်းထားသလဲ မသိရတဲ့ အတွက် နီးစပ်ရာ ရဲစခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ လိုက်လံ စုံစမ်းနေရကြောင်း သူ့ရဲ့ ရှေ့နေက ဗွီအိုအေကို ပြောပါတယ်။
စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြမှုတွေ အတွင်း ဒီကနေ့ တနလာၤနေ့ ၂ လပိုင်း ၂၂ ရက်နေ့ ၂၀၂၁ ခုနှစ်မှာ ၂ ငါးလုံးအဖြစ် အလုံးအရင်းနဲ့ ဆန္ဒပြဖို့ စည်းရုံးလှုပ်ရှားနေကြတဲ့ တဖက်မှာ စစ်ဘက် ရဲဘက် ကားတွေ လှုပ်ရှားသွားလာမှုတွေလည်း တွေ့နေရပါတယ်။
စစ်အာဏာသိမ်း ဆန့်ကျင်မှုတွေမှာ လုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံး ဖြိုးခွင်းမှု ပိုတိုးလာသလို အဖမ်အဆီးနဲ့ ထိခိုက် သေဆုံးမှုလည်း တိုးလာပါတယ်။ (Unicode) စဈအာဏာသိမျး ဆန့ျကငြျမှုတှမှော လုံခွုံရေး တပျဖှဲ့တှကေ အငျအားသုံး ဖွိုးခှငျးမှု ပိုတိုးလာသလို အဖမျအဆီးနဲ့ ထိခိုကျ သဆေုံးမှုလညျး တိုးလာပါတယျ။
စစ်တပ်က ဖမ်းပြီး တရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုဟာ ၆ လ အတွင်းကနေ နှစ်နဲ့ချီ ကြာသွားနိုင်တယ်လို့ ရှေ့နေက ပြောပါတယ်။ (Unicode) စဈတပျက ဖမျးပွီး တရားစှဲဆိုခံထားရတဲ့ ဒေါျအောငျဆနျးစုကွညျရဲ့ အမှုဟာ ၆ လ အတှငျးကနေ နှဈနဲ့ခြီ ကွာသှားနိုငျတယျလို့ ရှေ့နကေ ပွောပါတယျ။
စစ်တပ်က ဖမ်းပြီး တရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုဟာ ၆ လ အတွင်းကနေ နှစ်နဲ့ချီ ကြာသွားနိုင်တယ်လို့ ရှေ့နေက ပြောပါတယ်။
မြန်မာ စစ်တပ် ဏာသိမ်းမှုကို နိုင်ငံတဝန်း ပုံစံမျိုးစုံနဲ့ ဆန့်ကျင် ဆန္ဒပြနေကြတာမှာ ဆန့်ကျင် တော်လှန်တဲ့ ဂီတ အနုပညာ အဖြစ် ပုံစံမျိုးစုံ ဆန္ဒပြနေကြသူတွေလည်း ရှိနေပါတယ်။ ဂီတအနုပညာနဲ့ ဆန္ဒပြသူတချို့အကြောင်း မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်