ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြမှုကြောင့် ဆိုပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေနဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်ဖို့ လိုက်လံ ဖမ်းဆီးမှုကြောင့် ဆန္ဒပြ ကျောင်းသား တချို့ တိမ်းရှောင်နေကြပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၅ %ထိ ပါဝင်ခွင့်ပြုလိုက်တဲ့ ဥပဒေသစ်ကြောင့် ပြည်တွင်းလုပ်ငန်းအတော်များများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တွေ့လာရကြောင်း ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောပါတယ်။ မသိင်္ဂ ီထိုက် မေးမြန်းထားပါတယ်။
တရုတ်နိုင်ငံမှာ အဆိုးရွားဆုံး ဖြစ်တဲ့ Coronavirus ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး အတွက် ဘက်ပေါင်းစုံက ဆောင်ရွက်နေပေမယ့် လိုအပ်ချက်တွေ ရှိနေနိုင်တယ်ဆိုတာကို တရုတ်အနေနဲ့ အသိအမှတ်ပြုရမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ Coronavirus ကူးစက်မှုကြောင့် တနလာၤနေ့အထိ လူပေါင်း ၈၀ ကျော် သေဆုံးပြီး ကူးစက်ခံရသူကလည်း တရုတ် အပါအဝင် ကမ္ဘာတလွှားမှာ လူပေါင်း ၂၈၀၀ လောက် ရှိနေပါတယ်။
ယူကရိန်း ခရီးသည်တင် လေယာဉ်ကို အီရန် တော်လှန်ရေး ပြည်စောင့်တပ်က မှားယွင်း ပစ်ချခဲ့မိကြောင်း ဝန်ခံခဲ့ပြီးနောက် အီရန်နိုင်ငံတွင်းမှာ အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်နေပါတယ်။
ထေရဝါဒ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအနေနဲ့ ဘိက္ခူနီ ရဟန်းခံခွင့်၊ သာသနာတော်ဆိုင်ရာ စာမေးပွဲတချို့ ဖြေဆိုခွင့်မရှိပေမဲ့လည်း ရဟန်းသံဃာတော်တွေရဲ့ ကြီးကြပ်မှု အောက်မှာ သာသနာ့တာဝန် ပိုပြီး ထမ်းရွက်ခွင့်ရလာတယ်လို့ ဒေါက်တာ ဒေါ်ကေသရစာရီက မိန့်ပါတယ်။ မသိင်္ဂ ီထိုက် မေးမြန်း ဆွေးနွေးထားပါတယ်။
ပြည်ထောင်စုအစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား ခွဲမထွက်ရေးနဲ့ တပ်တွေ ပေါင်းစည်းရေးကိစ္စတွေ ညှိနိုင်းမရတာကြောင့် တနှစ်ကျော်ကြာ ရှေ့မဆက်နိုင်ဖြစ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အောင်မြင်လာရေးအတွက် အဓိကအချက်ကဟာ ယုံကြည်မှု တည်ဆောက်ရေးဖြစ်တယ်လို့ တိုင်းရင်းသားတွေဘက်က ပြောပါတယ်။
ကမ္ဘာတလွှား တင်းမာမှုတွေ တိုးလာနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တနလာၤနေ့မှာ ပြောကြားလိုက်ပြီး စစ်ရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကိုလည်း သတိပေးလိုက်ပါတယ်။
အမေရိက တဝန်းမှာတော့ ကလေးဘ၀ လက်ထပ်မှု ပြသနာ ဆက်ပြီး ရှိနေတာကြောင့် သိန်းနဲ့ချီတဲ့ အမျိုးသမီးငယ်တွေ အတွက် လက်ထပ် ထိမ်းမြားတဲ့ နေ့က ထိတ်လန့်ချောက်ချားဖွယ် နေ့ တခုလို ဖြစ်နေပါတယ်။
အမေရိကန်သမ္မတ Trump ကို တရားစွဲဆိုရေးစုံစမ်းမှုမှာ ဥရောပသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Gordon Sondland က အဓိက သက်သေတဦး ဖြစ်ပါတယ်။ သမ္မတ Trump ကျမ်းသစ္စာကျိန်ဆိုရေးကော်မတီကို ဒေါ်လာ ၁ သန်းလှူဒါန်းပြီးနောက် သံအမတ်ကြီးရာထူး ခန့်အပ်ခံခဲ့ရတာပါ။ Cindy Saine ပေးပို့တဲ့သတင်းကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
အမေရိကန် ဒီမိုကရက်တစ်ပါတီရဲ့ ၅ ကြိမ်မြောက် ပါတီတွင်း သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲကို ဂျော်ဂျီယာပြည်နယ် Atlanta မှာ ဒီကနေ့ ကျင်းပမှာဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်း ၁၀ ဦး ပါဝင်မယ့် ဒီစကားစစ်ထိုးပွဲအကြောင်း ဗွီအိုအေသတင်းထောက် Jim Malone ပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။
အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ရဲ့ ခေါင်းဆောင် Abu Bakr al-Baghdadi ကို ပစ်မှတ်ထားပြီး အပြင်းအထန် ချေမှုန်းတဲ့ အမေရိကန်စစ်တပ် အထူးတပ်ဖွဲ့တွေရဲ့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက စစ်ဆင်ရေး အောင်မြင်ကြောင်း အမေရိကန် သမ္မတ Donald Trump က ကြေညာလိုက်ပါတယ်။
အမေရိကန် နယူးယောက်မြို့ဟာ လူမျိုးပေါင်းစုံရှိရာ ဒေသတခုပါ။ ဒါကြောင့် တရားမဝင်နိုင်ငံခြားသား ဆိုပြီး မုန်းတီးမှုအခြေခံနဲ့ အသုံးပြုခေါ်ဝေါ်သူတွေကို ကြီးလေးတဲ့ ဒဏ်ငွေတပ်နိုင်တဲ့ ဥပဒေတရပ်ကို နယူးယောက် လူ့အခွင့်အရေးကော်မရှင်က ထောက်ခံထားပါတယ်။ Nina Vishneva ရဲ့ သတင်းကို မသိင်္ဂီထိုက် ကတင်ပြထားပါတယ်။
တနိုင်ငံလုံး လျှပ်စစ်မီးရရှိရေး ရည်မှန်း ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ ပြန်ပြည့်မြဲစွမ်းအင်က မဂ္ဂါဝပ် ၄ သောင်းကျော် အထိ ရရှိနိုင်ပြီး လိုအပ်ချက်ထက်တောင် ပိုလျှံနေတယ်လို့ စွမ်းအင်အရေး ဆောင်ရွက်နေသူတွေက ထောက်ပြပါတယ်။
ရန်ကုန်မြို့တွင်းနဲ့ ဒလကို ချိတ်ဆက်မယ့်တံတားကို ၂၀၂၂ ခုနှစ်မှာ အပြီးသတ်တည်ဆောက်ဖို့ ရှိနေချိန်မှာ ဒလဒေသခံတွေကြား ဖွံ့ဖြိုးရေးမျှော်လင့်ချက်တွေ ရှိနေပါတယ်။ စီးပွားရေးပိုကောင်းဖို့ မျှော်လင့်သူတွေရှိသလို အလုပ်အကိုင် ဆုံးရှုံးနိုင်သူတွေလည်း ရှိနေပါတယ်။ AFP သတင်းဆောင်းပါးကို မသိဂီ ၤထိုက် တင်ပြထားပါတယ်။
အမေရိကန်ရဲ့ နိုင်ငံခြားရေးရာမူဝါဒ ဆုံးဖြတ်ချက်တွေ၊ သမိုင်းဝင် စစ်ရေးမဟာမိတ်အဖွဲ့တချို့ကနေ နုတ်ထွက်ဖို့ ပြောဆိုချက်တွေကိုကြည့်ရင် အမေရိကန်ဟာ ကမ္ဘာ့ခေါင်းဆောင်မှု အခန်းကဏ္ဍကနေ ဖယ်ခွာလိုပုံရပေမဲ့၊ သုတေသနသစ်တခုတော့ ဒီသဘောနဲ့ လုံး၀ ကွဲလွဲနေတဲ့အကြောင်း Anna Rice ရဲ့ သတင်းကို မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။
လာမယ့်ဆယ်စုနှစ် အနည်းငယ်အတွင်း ရုရှားလူဦးရေ သိသိသာသာ ကျဆင်းသွားမယ်လို့ ခန့်မှန်းထားပြီး ဒီလိုကျဆင်းမှုက ရုရှားအစိုးရရဲ့ သြဇာ အာဏာကြီးထွားရေး ဆောင်ရွက်နိုင်စွမ်းအပေါ် အကြီးအကျယ် ရိုက်ခတ်စေနိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ Igor Tsikhanenka ရဲ့သတင်းလွှာကို မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
မြန်မာနိုင်ငံတဝန်း ရေကြီး မြေပြိုမှုကြောင့် သေဆုံးရသူ အနည်းဆုံး ၆၅ ယောက် ရှိနေပြီး လူပေါင်း ၁ သိန်းနီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်းထားရကြောင်း ကုလသမဂ္ဂက ပြောဆိုပါတယ်။ မြန်မာ အစိုးရရဲ့ တုံ့ပြန်ကိုင်တွယ်ရေး ဆောင်ရွက်ချက်တွေမှာ ကုလသမဂ္ဂဘက်ကလည်း ပါဝင် ပံ့ပိုးနေပြီးကူညီဖို့ အသင့်ရှိကြောင်းလည်း ပြောပါတယ်။
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာမှာ သောကြာနေ့က ရေကြီး မြေပြိုမှုကြောင့် အနည်းဆုံး ၄၂ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးသူတွေကို ဆက်လက် ရှာဖွေနေကြပါတယ်။ မိုးသည်းထန်တာကြောင့် တောင်ပြိုကျပြီး အိမ်တွေနဲ့ ဒေသခံတွေ အပေါ် ရွှံ့တွေဖုံးမိသွားတာ ဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံရေး အပေါ် အမေရိကန်ရဲ့ မဟာဗျူဟာနဲ့ ရှေ့ဆက် ဆောင်ရွက်သွားမယ့် အခြေအနေတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo နဲ့ ဗွီအိုအေ လက်တင် အမေရိက ဌာနက အကြီးတန်း သတင်းထောက် Gesell Tobias က ပါရာဂွေးနိုင်ငံ မြို့တော် Asuncion မှာ တွေ့ဆုံ မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်